ချစ်သူရည်စားတွေရှိလာကြပြီ ဆိုရင် တော်တော်များများဟာ စကြိုက်ခဲ့တဲ့နေ့လေး၊စပြီးရည်စား၊ ချစ်သူဖြစ်ခဲ့တဲ့နေ့လေးကို အမှတ်တရနေနဲ့တစ်သတ်လုံး စွဲမြဲအောင်ရင်ထဲသိမ်းဆည်းထားတက်ကြပါတယ်။လူတော်တော်များများဟာ သူတို့ရဲ့ ချစ်သူနဲ့နှစ်ပတ်လည်နေ့တိုင်းကို ပျော်ရွှင်ကြည်နုးစရာကောင်းတဲ့အစီစဉ်လေးတွေ နဲ့ဖြတ်သန်းချင်တက်ကြပါတယ်။ ဒီလိုAnni တစ်ခါရောက်တိုင်း ဒီတစ်ခါ Anniကို ဘယ်လိုဖြတ်သန်းရင်ကောင်းမလဲ ကိုယ့်ချစ်သူလေးနဲ့ပိုပြီးနီးစပ်အောင် ဘယ်လိုနေရမလဲ ဆိုတာမျိုးတွေးရခက်နေတဲ့လူတွေအတွက် အောက်မှာပြောပြမဲ့အကြောင်းအရာလေးတွေကနည်းနည်းပဲဖြစ်ဖြစ် အသုံးဝင်မှာပါ…
(၁) အိမ်ရဲ့ နွေးထွေးမှူအရသာ
ဒါဟာလက်ထက်ပြီးသား သူတွေအဖို့ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုပါ။ အိမ်ထောင်တစ်ခုကိုတည်ဆောက်ပြီးတဲ့အချိန်မှာ တော်တော်များများဟာစားဝတ်နေရေးရုန်းကန်နေရတာ တွေကြောင့်
အိမ်မှာထမင်းလက်ဆုံစားဖို့တောင်ခက်ခဲတက်ကြပါတယ်။ ဒါကြောင့် နှစ်ပတ်လည်နေ့မျိုးမှာ နှစ်ယောက်ရဲ့ အချိန်တွေကို နေထိုင်တဲ့အိမ်လေးမှာကုန်ဆုံးပြီး ဟင်းအတူတူချက်စားကြတာမျိုး၊ တစ်နေ့လုံးရီစရာတွေထိုင်ပြောတာမျိုး၊
အိမ်နားပတ်ဝန်းကျင်ကဈေးကို တူတူသွားပြီးလိုအပ်တာတွေဝယ်တာမျိုး လေးတွေလုပ်ရင်း တစ်ယောက်ယောက်နဲ့တစ်ယောက်ပိုရင်းနှီးကာ အဓိပ္ပါယ်ရှိတဲ့နှစ်ပတ်လည်နေ့ဖြစ်လာပါလိမ့်မယ်။
(၂) ခရီးတူတူထွက်ပါ
လက်ထက်ပြီးသားဟုတ်ဟုတ် မဟုတ်ဟုတ် သုံးလို့ရတဲ့နည်းလမ်းလေးပါ။ ခရီးရှည်ကြီးမဟုတ်ပဲ စိတ်ဝင်စားဖို့ကောင်းတဲ့ခရီးတိုလေးကို anni ရက်မှာသွားကြည့်ပါ။တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုပိုလာစေပြီးအမှတ်တရဖြစ်စေမှာပါ။
(၃) အသစ်လေးတွေလုပ်ပါ
နှစ်ယောက်သားအမြဲတူတူလုပ်နေတဲ့ အရာမျိုး မဟုတ်ပဲ ထူးခြားတဲ့အတွေးသစ်လေးတစ်ခုတစ်ကို တူတူလုပ်ကြည့်ပါ။ဥပမာ-ရေတူတူမကူးဘူလို့ပထမဦးဆုံးကူးကြည့်တာမျိုး ပေါ့။
(၄) နက်ရှိုင်းတဲ့အမှတ်တရတစ်ခုဖန်တီးပါ
ကိုယ်တွေနှစ်ယောက်လုံးရဲ့ စိတ်ထဲမှာစွဲကျန်နေမဲ့ ဥပမာ-အလှူလုပ်တာမျိုး ၊ မရှိဆင်းရဲသားတွေကိုပေးကမ်းတာမျိုး လေးတွေကို ကိုယ့်ဘက်ကတက်နိုင်သလောက်လုပ်ပါ။ ပမာဏနည်းသည်များသည်ထက် တစ်ယောက်ရဲ့ ကုသိုလ်စိတ်ကို
တစ်ယောက်ခံစားနားလည်နိုင်ပြီး အေးမြတဲ့နှစ်ပတ်လည်နေ့အရသာကိုခံစားမိမှာပါ။
(၅) အမြင်နဲ့တင်ပျော်ပါစေ
ဒီလို အရေးကြီးတဲ့နေ့မျိုးမှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ လန်းဆန်းသပ်ရပ်နေပါစေ။ အ၀တ်စားအကောင်းစားမဟုတ်ရင်တောင် နုံခြာတဲ့ အပြင်အဆင်မျိုးနဲ့ မဖြတ်သန်းပါနဲ့စိတ်ရောလူရောလန်းဆန်းနေမှသာကိုယ့်ကြင်ဖက်လည်းစိတ်ချမ်းသာနိုင်ပြီးပျော်ရွှင်စွာ
ဖြတ်သန်းနိုင်မှာပါ။
ကိုယ်ချစ်ရသူနဲ့ Anni နေ့တိုင်းကို အဆုံးအစမရှိပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ…
Anniversary နေ့တွေကိုဘယ်လိုကုန်ဆုံးရင်ကောင်းမလဲ?

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။