ထူးထွေဆန်းပြား ယဇ်ပူဇော်ခြင်းများ

ကမ္ဘာကြီးဟာ အင်မတန်ထူးဆန်းတဲ့နေရာကြီးပါ။ ကိုယ်တွေနေထိုင်တဲ့ မြို့ပြတွေသာမက လူသူအရောက်အပေါက်နည်းလှတဲ့ တောနက်နက်ကြီးတွေထဲမှာနေတဲ့လူမျိုးစုတွေလည်းရှိနေပါသေးတယ်။ဒီလိုလူမျိုးစုတွေဟာ ဘာသာရေးအသိအမြင်အားနည်းကြပေမယ့် သူတို့ဟာနဲ့သူတို့ ကိုးကွယ်မှုတွေလည်းရှိကြပါတယ်။ အဲဒီကိုးကွယ်ရာတွေအတွက် သူတို့စိတ်ကျေနပ်စေဖို့ ယဇ်ပူဇော်တယ်ဆိုတာတွေလည်း ဖြစ်လာရပါတယ်။ ထူးဆန်းတဲ့ ယဇ်ပူဇော်ခြင်းအနည်းငယ်ကို ကောက်နှုတ်ဖော်ပြပေးသွားပါမယ်။

 

မာဆိုင်းလူမျိုးတွေရဲ့ နတ်ပူဇော်ခြင်း

မာဆိုင်းလူမျိုးစုဟာ ရာစုနှစ်နဲ့ချီတည်ရှိခဲ့တာဖြစ်ပြီး။ သူတို့နေထိုင်တဲ့ဒေသကတော့ အာဖရိကတောနက်အရှေ့ပိုင်းမှာပါ။ သူတို့ရဲ့တည်နေရာက တန်ဇားနီးယား Tanzania နိုင်ငံထဲမှာအကျုံးဝင်ပါတယ်။ သူတို့ရဲ့ကိုးကွယ်ရာက နတ်ဒေဝတာတွေပါ။ နတ်တွေကို ပူဇော်တဲ့အခါမှာသူတို့ဟာ နွားမဒမ်းရဲ့လည်ချောင်းသွေးကိုအရှင်ဖောက်ပြီး ပူဇော်လေ့ရှိကြပါတယ်။ နွားကိုမသေစေပဲ လည်ချောင်းသွေးပဲယူကြတာပါ။ လည်ချောင်းသွေးနဲ့ နွားနို့နဲ့ကိုရောပြီးစားသုံးတာတွေလည်းလုပ်ကြပါတယ်တဲ့။ ရိုးရာလက်ထပ်ပွဲတွေမှာဆိုရင် နွားကိုအရှင်လတ်လတ်လည်ချောင်းသွေးဖောက်ပြီး ဖောက်ထားတဲ့ဒဏ်ရာနေရာကပဲ တစ်ယောက်တစ်လှည့်စုပ်သောက်ကြတာတွေလုပ်ကြပါတယ်။ Free flow beer လိုမျိုး သူတို့ကတော့ free flow blood ပေါ့လေ။ ဖြစ်ချင်တာဖြစ် သူတို့မျိုးနွယ်စုရဲ့နွားတော့ သံသရာတစ်လျှောက်လုံးမဖြစ်ရပါစေနဲ့အရှင်ဘုရား။

 

စပိန်က ဝိုင်ပူဇော်ပွဲ

စပိန်နိုင်ငံရဲ့အတွင်းကျကျနေရာမှာတည်ရှိတဲ့ ဟာရိုးပြည်နယ်ရဲ့ ဝိုင်ပူဇော်ပွဲပါ။ ဟာရိုးပြည်နယ်ဟာ ဝိုင်ထုတ်လုပ်ရေးလုပ်ငန်းမှာ အရေးပါအရာရောက်တဲ့ပြည်နယ်ဖြစ်တာမို့ ဝိုင်အကောင်းစားတွေများများဖောက်လို့ရအောင် ဝိုင်ပူဇော်ပွဲလုပ်ကြပါတယ်တဲ့။ ဒီပွဲဟာ 13ရာစုကတည်းကတည်ရှိခဲ့တာဖြစ်ပြီး အချိန်ကာလရွေ့လျောလာတာနဲ့အမျှ ပူဇော်ပွဲအဖြစ်ကနေ ပျော်ပွဲရွှင်ပွဲအဖြစ်ကိုရောက်ရှိလို့လာပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ်ဆက်တော့ လုပ်နေကြသေးတာပါပဲ။ 17ရာစုကစပြီး ဝိုင်ပူဇော်ပွဲဟာ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန် ဝိုင်တွေနဲ့လှမ်းပက်တဲ့ ပျော်ပွဲရွှင်ပွဲကြီးအဖြစ်ရုပ်လုံးပေါ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံက သင်္ကြန်လိုသူတို့ကတော့ ဝိုင်သင်္ကြန်ပေါ့လေ။ဒီတစ်ခုကတော့ ပျော်စရာကြီိးနော်။

 

လူသေနှင့် ညစာစားခြင်း

စကားအလှဆင်ထားတဲ့ခေါင်းစဉ်မဟုတ်ပါဘူး။ တကယ်ကြီးကိုလူသေနဲ့ညစာစားကြတာပါ။ အင်ဒိုနီးရှားနိုင်ငံ စူလဝါစီပြည်နယ်က တိုရာဂျာ ( Toraja ) လူမျိုးစုဟာလည်း ရှေးကျတဲ့မျိုးနွယ်တွေဖြစ်ပြီး ဝိညာဉ်တွေကိုပူဇော်တတ်ကြပါတယ်။ သူတို့ရဲ့ ရိုးရာအရ မိသားစုထဲက တစ်ယောက်ယောက်သေဆုံးသွားတဲ့အခါ အလောင်းမြေမကျမခြင်း အဲဒီအလောင်းကို သူတို့ရဲ့တစ်နေ့တာနိစ္စဓူဝကိစ္စတွေမှာ ပါဝင်စေကြပါတယ်တဲ့။ ဘယ်လိုပါဝင်စေသလဲဆိုတော့ မိသားစုစကားဝိုင်းဖွဲ့ခြင်းကအစ မနက်စာ ညစာတွေစားတာအဆုံး အဲဒီအလောင်းနဲ့အတူတူစားခြင်းနဲ့ သေသူရဲ့ဝိညာဉ်ကိုနှစ်သိမ့်ပေးကြပါတယ်။ ကြက်သီးထစရာကြီးတွေ။

126 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.