၅၆ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကို ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ ၂၆ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ Eminemနဲ့အတူ ၅၆ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကြီးအတွက် အဆင်သင့်ဖြစ်နေလိုက်ပါ။ ဂီတလောကရဲ့ အကြီးကျယ်အခန်းနားဆုံးညမှာ Eminemဟာ သူ့ရဲ့သီချင်း Berzerk ကို ရသပုံစံသစ်တစ်မျိုးနဲ့ ဖျော်ဖြေဖို့ ပျော်ပျော်ကြီး အသင့်ဖြစ်နေပါပြီ။ “The Marshall Mathers LP 2” ရဲ့ ဦးဆုံး single သီချင်းနဲ့ Eminem ကဖျော်ဖြေမှာ ဖြစ်ပြီး တခြားနာမည်ကြီး အဆိုတော် Justin Timberlake, CeeLo နဲ့ Macklemoreတို့ကလည်း တင်ဆက်မှုအမျိုးမျိုးနဲ့ အားပါးတရဖျော်ဖြေမယ်လို့ သိရပါတယ်။
Eminem ရဲ့ “The Marshall Mathers LP 2”ဟာ ဒီနှစ် နိုဝင်ဘာ ၅ရက်နေ့မှာ ဖြန့်ချိခဲ့တာ ဖြစ်ပေမဲ့ ကံမကောင်းစွာဘဲ ဂရမ်မီ ရွှေတံဆိပ်ဆု ရဖို့ သိပ်အရည်အချင်းမပြည့်မီဘူးလို့ သိရပါတယ်။ လျာထားခံရသူများ စာရင်းကို ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့ကနေစပြီး ၂၀၁၃ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်နေ့အတွင်း သတ်မှတ်ထုတ်ပြန်တာဖြစ်ပြီး၊ အဲ့ဒီ့အချိန်နောက်ပိုင်းမှ Eminem ရဲ့ LP2 အယ်လ်ဘမ် ထွက်ရှိလာတာဖြစ်တာကြောင့် ဂရမ်မီ ဆုပေးပွဲ စည်းမျဉ်းတွေနဲ့ မကိုက်ညီတာဖြစ်သွားပါတယ်။
Ref:theboombox