အသစ်တည်ဆောက်ထားတဲ့Relationship တစ်ခုမှာမလုပ်သင့်တဲ့အရာများ

အရင်ရည်းစားနဲ့ပြတ်သွားပြီး RS အသစ်တည်ဆောက်တဲ့အခါ လက်ရှိတည်ဆောက်ထားတဲ့ ချစ်သူဘ၀တည်တံ့စေဖို့ မလုပ်သင့်တဲ့အရာတွေရှိပါတယ်။ ဘယ်လို အရာမျိုးတွေ ကို RS အသစ်မှာ ရှောင်ရှားသင့်သလဲဆိုတော့…
(၁) မနှိုင်းယှဉ်ပါနဲ့
ပိုကောင်းမယ်လို့ယုံကြည်ထားလို့ အသစ်တည်ဆောက်ထားတဲ့ချစ်သူ အသစ်လေးရှေ့ မှာ အရင်ချစ်သူရဲ့ အာသာချက်တွေကို သူနဲ့ယှဉ် မပြောမိပါစေနဲ့။ ဥပမာ-အရင်ချစ်သူရဲ့ ဆံပင်က အရှည်ကြီး မင်းလည်းသူ့လိုမျိုးထားပါလားတို့၊
အရင်ကောင်လေး ဆို ဘယ်လိုဝတ်တက်စားတက်တယ် တို့ အစရှိသဖြင့်ခိုင်းနှိုင်းမပြောဆိုပါနဲ့။ ဖြစ်နိုင်ရင် အရင်ရည်းစားနဲ့ပတ်သတ်တဲ့ ဘာဆို ဘာမှကိုမပြောပါနဲ့။
(၂) ကိုယ့်ကိုယ်ကိုတင်းကြပ်ချူပ်တည်းပြီးမနေပါနဲ့ 
ကိုယ့်ချစ်သူအသစ်နဲ့တွေ့တဲ့အခါ စိတ်ကို ချုပ်တည်းထားပြီး မပွင့်မလင်းလုပ်တာမျိုးရှောင်ပါ။ လွတ်လွတ်လပ်လပ်နဲ့ပြောသင့်တဲ့စကားမျိုးပြောပြီး သူငယ်ချင်းတစ်ယောက်လို ရင်းနှီးစွာနေထိုင်ဆက်ဆံပါ။
(၃) အရင်ချစ်သူနဲ့ကိစ္စပြတ်ပါစေ
လူချင်း မပတ်သတ်တော့ပင်မဲ့ အရင်exနဲ့ပြောခဲ့တဲ့ စကားတွေ၊ ပို့ခဲ့တဲ့စာတွေ ၊ အချင်းချင်းပေးခဲ့တဲ့လက်ဆောင်ပစ္စည်းတွေကအစ ဖျောက်ဖျက်ဖြစ်ဖို့မမ့ပါနဲ့။ မတော်တဆဆိုရင်တော့ကိုယ့်ချစ်သူအသစ်လေးတွေ့သွားရင် ၀မ်းနည်းစေနိုင်ပါတယ်။
(၄) ပြတ်ခဲ့တဲ့အကြောင်းရင်းကိုသေချာရှင်းပြပါ
ကိုယ်အရင်ရည်းစားနဲ့ဘာအကြောင်းကြောင့်ဘယ်လို ပုံစံမျိုးလမ်းခွဲခဲ့တယ်ဆို တာသူနားလည်အောင်ပြောပြထားပါ။ ဒီလိုမှမဟုတ်ရင် အချိန်တန်အရင်တစ်ယောက်လိုပဲကိုယ့်ကို ထားခဲ့လိမ့်မယ်လို့ထင်နေပါမယ်။
(၅) အနောက်မခံရပါစေနဲ့
ကိုယ့်ချစ်သူအသစ်လေးကို လူကြားထဲချပြတဲ့အခါ ကိုယ့်သူငယ်ချင်းသော်လည်းကောင်းစနောက်လိုစိတ်နဲ့အရင်ရည်းစားကြောင်းပြောပြီင်္း နောက်တာမျိုးမဖြစ်အောင် ကိုယ့်ဘက် ကကြိုအသိပေးသင့်တဲ့သူကိုအသိပေးထားပါ။
ကိုယ့်ကြောင့်ကိုယ့်ချစ်သူအသစ်လေး မနာကျင်ပါစေနဲ့။ကိုယ်အသစ်တည်ဆောက်ထားတဲ့အချစ်ရေးလေး ဖြောင့်ဖြူးဖို့ အပေါ်ကအချက်တွေကိုသတိရပါ…

324 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.