အိပ်ရာထဲလှဲရင်း စာရိုက်၊ စကားပြောရတာကို စွဲလမ်းနေခြင်းက တစ်ချိန်မဟုတ် တစ်ချိန်ထိခိုက်လာနိုင်

တိုးတက်လာတဲ့ နည်းပညာအရ လူတွေက အသစ်အဆန်းတွေမြင်ရင် သိပ်စိတ်ဝင်စားလာကြတယ်။ ပျော်ရွှင်မှုပေးစေတဲ့အရာမျိုးဆို စိတ်ကစွဲသွားပြီး မကစားရမနေနိုင်၊ မသုံးရမနေနိုင်တွေဖြစ်လာတော့တယ်။ ညဘက်အိပ်ရာဝင်တာနဲ့ တန်းမအိပ်ပဲ ဖုန်းသုံးနေတာတို့၊ အိပ်ရာထဲ
လှဲရင်း ဖုန်းနဲ့စာရိုက်စကားပြောခြင်းက သင့်ကိုတစ်ချိန်ချိန်မှာ ဒုက္ခရောက်အောင် အစပျိုးနေတဲ့ အန္တရာယ်တွေဖြစ်ပါတယ်။

မနက်အိပ်ရာထတာနဲ့ ညက ကိုယ်ဘာစာတွေပို့ထားလဲဆိုတာ ပြန်မစဉ်းစားရတာမျိုးဖြစ်ဖူးလား? ထူးဆန်းမနေပါနဲ့ ။ ပုံမှန်အခြေအနေတစ်ခုမဟုတ်ပါဘူး။ စမတ်ဖုန်းတွေပေါ်လာတာ တစ်ခုကောင်းပေမယ့် တစ်ဖက်မှာလည်း ဆိုးကျိုးတွေရှိနေပြန်ပါတယ်။ အိပ်ရာထဲ စာရိုက်စကား
ပြောခြင်း၊ လမ်းလျှောက်ရင်း စာရိုက်နေခြင်းတို့ဟာ အန္တရာယ်များတယ်ဆိုတာ စာဖတ်သူတို့လည်းသိပြီးလောက်မှာပါ။ လမ်းကူးနေရင်း ဖုန်းမပြောရဘူးတို့ ၊ နားကြပ်တပ်ပြီး လမ်းမလျှောက်နဲ့ဆိုတာတွေဟာ တကယ်ကြုံခဲ့ဖူးတဲ့လူတွေရှိလို့ တားဆီးသတိပေးနေကြတာဖြစ်ပါတယ်။

ဒီကနေ့ခေတ် မျိုးဆက်သစ်တွေအတွက်တော့ စမတ်ဖုန်းဟာ စွဲလမ်းစရာအရာတစ်ခုဖြစ်လာခဲ့တယ်။ တစ်နေ့မှ တစ်ခါ ဒီဖုန်းမျက်နှာပြင်ကို မကြည့်ရရရင်မနေနိုင်ပါဘူး။ အိပ်နေရင်းဖုန်းသုံးခြင်းက မသိစိတ် ကစဥ့်ကလျားဖြစ်ခြင်း ၊ နှစ်ခြိုက်စွာ အိပ်မပျော်နိုင်ခြင်းနဲ့ မျက်လုံးအမြင်ဝေဝါးခြင်းတွေ
ပါဖြစ်ပေါ်လာနိုင်ပါတယ်။

သူငါ့ကို စာပို့ထားတယ်… ငါပြန်လိုက်ဦးမယ်။ သူငါ့ကို ကွန့်မန်ပေးထားတယ်.. ငါပြန်ရဦးမယ်… သူဘာပုံတွေတင်ထားမလဲ မသိဘူး.. ငါဝင်ကြည့်လိုက်ဦးမယ်…။ ဒီလိုအတွေးပေါင်းများစွာက ကိုယ့်ကိုယ်ကိုယ် ဖိအားပေးခြင်းတစ်မျိုးပါပဲလား ! အိပ်တဲ့အချိန်မှာ ပြည့်ပြည့်ဝဝအိပ်ပါ။ ဦးနှောက်ကို
အနားပေးပါ။ အာရုံက တစ်ခုတည်းပဲအလုပ်လုပ်နိုင်မယ်။ အာရုံတွေအရမ်းများရင် သင်စိတ်ဖိစီးလာပါလိမ့်မယ်။ မသုံးနဲ့ မပြောလိုပါဘူး။ သုံးပါ…။ ”တန်ရင် ဆေး၊ လွန်ရင် ဘေး ” ဆိုတဲ့ စကားအတိုင်း အလွန်အကျွံအသုံးပြုမယ်ဆိုရင်တော့ ကိုယ်ပဲထိခိုက်ရပါလိမ့်မယ်။

736 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.