လက်သည်းခွံအရောင်တွေကပြောပြနေတဲ့ သင့်ကျန်းမားရေးအခြေအနေ

လက်သည်းခွံအရောင်တွေကနေတစ်ဆင့် ကျန်းမာရေးအခြေအနေကို ခန့်မှန်းလို့ရတယ်ဆိုတာ သင်သိပြီးပြီလား ? ခန္ဓာကိုယ်အတွင်းပိုင်း ရောဂါပြဿနာတွေရှိနေပြီဆို အပြင်ပိုင်းကနေ တစ်စုံတစ်ရာ လက္ခဏာပြတာမျိုးတွေရှိပါတယ်။ သတိမထားမိလို့ပါ။ ခုတော့ လက်သည်းနဲ့ပတ်သတ်တာလေး
ကို ပြောပြပေးသွားပါမယ်။ လက်သည်းအရောင်တွေကနေ ကျန်းမာရေး အခြေအနေသိရအောင် ဗဟုသုတအနေနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အဖြူရောင်


လက်သည်းတွေဟာ ပုံမှန်အားဖြင့် အရမ်းအဖြူရောင်ဘက်မသန်းပါဘူး။ ဒါပေမယ့် သင့်လက်သည်းခွံဟာ အဖြူရောင်ပြောင်းနေပြီဆို ဂရုစိုက်ဖို့လိုပြီနော်။ လက်သည်းခွံအဖြူရောင်ပြောင်းခြင်းဟာ အသည်းနဲ့ဆက်စပ်နေနိုင်ပါတယ်။ အခြား အရေးပေါ်ရောဂါအခြေအနေတွေဖြစ်တဲ့
အသဲရောင်ရောဂါ ၊ အသားဝါရောဂါ (သို့) အသည်းနဲ့ဆိုင်တဲ့ အခြားပြဿနာတွေနဲ့ ဆက်နွယ်နိုင်ပါတယ်။

အပြာရောင်


လက်သည်းခွံအပြာရောင်ပြောင်းနေတယ်ဆိုရင် ခန္ဓာကိုယ် အောက်စီဂျင်အပြည့်အဝမရလို့ သတိပေးနေတာပါ။ emphysema ဆိုတဲ့ အဆုတ်မှာအရည်အိတ်ဖြစ်နေတယ်ဆို စိုးရိမ်စရာအခြေအနေပါ။ အဆုတ်က ကောင်းကောင်းအလုပ်မလုပ်နိုင်တာ (သို့) နှလုံးမှာ ပြဿနာရှိနေတာမျိုး
ပါ။ လက်သည်းရောင်အပြာသို့ပြောင်းခြင်းက နေထိုင်မှုပုံစံနဲ့လည်း သက်ဆိုင်နေတတ်ပါတယ်။

အဝါရောင်


အဝါရောင် လက်သည်းခွံကတော့ လူဖြစ်များပါတယ်။ များသောအားဖြင့် မှိုရောဂါကူးစက်မှုနဲ့ တစ်ချို့ပိုးတွေကြောင့် ဖြစ်လေ့ဖြစ်ထရှိပြီး တစ်ခါတစ်လေ လက်သည်းပါးတာတို့၊ ကျိုးတာတို့ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ်ဘူးဆိုရင် စိုးရိမ်ရတဲ့ရောဂါများဖြစ်တဲ့ သွေးကျိတ်၊ အဆုတ်
ရောဂါ နဲ့ အနီပိမ့်များထတဲ့ အရေပြားရောဂါတစ်မျိုးကြောင့်ဖြစ်နိုင်ပါတယ်။

လှိုင်းဂယက်ပုံစံ လက်သည်း


ကျန်းမာတဲ့လက်သည်းခွံဆိုတာ ပုံမှန်ဆို ပုံမှာပြထားတဲ့အတိုင်းဖြစ်မနေပဲ ချောမွေ့နေပါတယ်။ လက်သည်းမှာ လှိုင်းဂယက်ပုံစံဖြစ်နေတယ်ဆိုရင်တော့ အဆစ်ရောင်နာရောဂါလို့ ခန့်မှန်းလို့ရပါတယ်။ အရောင်ကတော့မပြောင်းဘူး ဒါပေမယ့် အနက်ရောင်၊ အနီ (သို့) အညိုတွေ ပြောင်းပြီဆိုရင် ဆရာဝန်မှာသွားစစ်ဆေးကြည့်ပါတော့။

အနက်ရောင်လိုင်းများ


လက်သည်းခွံမှာ အနက်ရောင်လိုင်းပေါ်လာပြီဆို လုံးဝပေါ့လို့မဖြစ်ဘူးနော်။ ဆရာဝန်ဆီ အမြန်ဆုံးပြေးပါတော့။ ဒါဟာ စိုးရိမ်ရတဲ့ကျန်းမာရေးအခြေအနေကို ညွန်ပြနေတာပါ။ ကုလို့မရနိုင်တဲ့ အရေပြား အဖုကျိတ်ရောဂါတစ်မျိုး Melanoma ဟာ အသက်အန္တရာယ်များတဲ့ အရေပြားကင်ဆာတစ်ခုဖြစ်ပါတယ်။

လက်သည်းကျိုးပဲ့ရင်


အကြောင်းအမျိုးမျိုးကြောင့် လက်သည်းကျိုးနိုင်ပေမယ့် ခန္ဓာကိုယ်ကြီးထွားမှုနှုန်းကို နှေးစေတဲ့ သွေးကျိတ်တွေကြောင့်ဆိုရင်လည်း လက်သည်းတွေကျိုးပဲ့နိုင်ပါတယ်။ ထိမိ ခိုက်မိလို့ကျိုးပဲ့နေတာ ကိစ္စမရှိပေမယ့် အလကားနေရင်း ကျိုးပဲ့နေတယ်ဆိုရင်တော့ သတိထားပါ။။ အဝါရောင် ပြောင်းခဲ့ရင်
မပေါ့ပါနဲ့။ ဆရာဝန်ဆီမှာ သွားစစ်ဆေးကြည့်ပါ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.