Lip balm ကို နှုတ်ခမ်းအပြင် ဘယ်နေရာတွေမှာ သုံးလို့ရသေးလဲ?

Lip balm က မိန်းကလေးတိုင်းအတွက်မရှိမဖြစ်ပစ္စည်းတစ်ခုပေါ့။ အထူးသဖြင့်ဆောင်းတွင်းမှာ ဆိုရင် Lip balm က ပိုပြီးလိုအပ်ပါတယ်။ Lip balm က နှုတ်ခမ်းအတွက်ပဲ အသုံးဝင်တာလို့ ထင်ရင်သင်မှားသွားပါလိမ့်မယ်။ Lip balm ကို ဘယ်နေရာတွေမှာသုံးနိုင်လဲဆိုတော့…

၁။Highlighter သုံးချင်တဲ့အခါ…

သင့်ရဲ့မျက်နှာမှာ ပြောင်ပြောင်တောက်တောက်လေးဖြစ်နေစေဖို့ Lip balm ရှိနေဖို့ပဲလိုပါတယ်။အချိန်အကြာကြီးမခံပေမဲ့ အရေးတကြီးလိုအပ်တဲ့အခါသုံးပေးနိုင်ပါတယ်။

၂။မျက်ခုံးမွှေးဆွဲတဲ့အခါ…

မျက်ခုံးမွှေးက ဆွဲရတာအဆင်မပြေဘူး။ရေရှည်လည်းမခံဘူးလို့ထင်နေရင် Lip balm လေးနည်းနည်း ယူပြီးမျက်ခုံးမှာပွတ်ပါ။ပြီးမှမျက်ခုံးမွှေးဆွဲပါ။ သဘာဝကျကျနဲ့လှပတဲ့မျက်ခုံးလေးဖြစ်သွားပါလိမ့်မယ်။

၃။နှုတ်ခမ်းနီအရောင်စုံဆိုးချင်တဲ့အခါ…

နှုတ်ခမ်းကို အရောင်စုံဆိုးချင်တယ်ဆိုရင် Lip balm ကို အိုင်းရှဲဒိုးနဲ့ရောစပ်ပြီး သုံးလို့ရတယ်နော်။အရောင်စုံပြီးဆန်းဆန်းပြားပြားလေးဖြစ်တာပေါ့။

၎။အိုင်းရှဲဒိုးခြယ်တဲ့အခါ…

အိုင်းရှဲဒိုးကို ဂျယ်လ်လိုမျိုးဆိုးချင်တယ်ဆိုရင်၊အကြာကြီးခံချင်တယ်ဆိုရင် အိုင်းရှဲဒိုးမခြယ်ခင်မှာ Lip balm ကိုခံလိမ်းပါ။ပြီးမှခြယ်ပါ။ဒီနည်းလမ်းကအိုင်းရှဲဒိုးကိုအကြာကြီးခံစေပါတယ်။

၅။ဖိနပ်အသစ်စီးတဲ့အခါ…

ရှုးဖိနပ်အသစ်စီးတဲ့အခါ ခြေဖနောင့်မှာနာကျင်တာတွေဖြစ်တတ်ပါတယ်။အဲ့လိုမဖြစ်အောင် Lip balm ကိုခြေဖနောင့်မှာအနည်းငယ်လိမ်းပြီးမှစီးပေးပါ။

၆။နှာချေတဲ့အခါ…

ထူးထူးခြားခြားပါပဲ။နှာချေတဲ့အခါ Lip Balm ကိုသုံးလို့ရပါတယ်တဲ့။ အအေးမိလို့ ခဏခဏနှာချေတဲ့အခါ နှာခေါင်းအရေပြားကိုနာကျင်စေပါတယ်။ ခဏခဏနှာချေနေရင် Lip balmအနည်းငယ်ကိုယူပြီး နှာခေါင်းအတွင်းအနည်းငယ်ကို သုတ်လိမ်းပေးထားပါ။

၇။ဆံပင်တွေဖောင်းပွရှုပ်ထွေးနေတဲ့အခါ…

ဆံပင်တွေပွယောင်းယောင်းဖြစ်ပြီးရှုပ်ပွနေတဲ့အခါ Lip balmကိုယူပြီး လက်မှာအနှံ့ပွတ်လိုက်ပါ။ပြီးရင် ဆံပင်တွေကိုသပ်ချပါ။ဆံပင်တွေမပွတော့ပဲ သပ်သပ်ရပ်ရပ်ဖြစ်နေပါလိမ့်မယ်။

382 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.