ပျော်ရွှင်စရာပဟေဠိ အဖြေညှိကြမယ်…

သင့်ကိုယ်သင်ဥာဏ်ကောင်းသူတစ်ယောက်လို့ထင်ပါသလား?ဒါဆိုရင် ဒီမေးခွန်းတွေ ကိုဖြေကြည့်လိုက်ပါ။ သင့်ရဲ့ဦးနှောက်ကိုလည်းအလုပ်ပေးရာရောက်တာပေါ့။ လွယ်လွယ်လေးတွေပါပဲ။သေချာစဉ်းစားပြီးဖြေကြည့်ပါဦး။

၁)A ဟာ Bရဲ့ အဖေဖြစ်တယ်။ဒါပေမဲ့ B ဟာ A ရဲ့သားမဟုတ်ဘူး။အဲ့ဒါဆို အဖြေကဘာဖြစ်မလဲ?

၂)ထရပ်ကားသမားဟာ တစ်ဖက်သွားကားလမ်းမပေါ်ကို မှားယွင်းစွာနဲ့ လမ်းပြောင်းပြန် လာခဲ့မိတယ်။ပြီးတော့ ရဲသား ၁၀ယောက်ရှိနေတာကိုလည်းဖြတ်နိုင်ခဲ့တယ်။ဒါပေမဲ့ သူက အဖမ်းမခံရဘူး။ဘာလို့လဲ?

၃)သင် လက်တစ်ဖက်တည်းနဲ့ဆင်ကို မနိုင်လား?

၎)မစ္စတာစမစ်ရဲ့ဥဒေါင်းငှက်ဟာ မစ္စတာဂျုန်းရဲ့လယ်ထဲမှာ ဥဥခဲ့ပါတယ်။အဲ့ဒီဥတွေကို ဘယ်သူပိုင်သလဲ?

၅)တစ်ချို့လတွေမှာ ၃၁ရက်ရှိတယ်။တစ်ချို့လတွေမှာတော့ ရက်၃၀ပဲရှိတယ်။အဲ့ဒါဆို ၂၈ရက်ရှိတာဟာ ဘယ်လတွေဖြစ်မလဲ?

၆) သင်က အနီရောင်ကျောက်တုံးကို အပြာရောင်ပင်လယ်ထဲပစ်ချလိုက်ရင် ဘာတွေဖြစ်လာမလဲ?

၇)ကျောက်တုံးပေါင် ၁၀၀ နဲ့ငှက်မွှေးပေါင် ၁၀၀ ဘယ်ဟာကပိုလေးမယ်ထင်လဲ?

၈)ငါးမန်းတွေအများကြီးရှိနေတဲ့အချိန်မှာသင်ကလှေပေါ်ကပြုတ်ကျတယ်လို့စိတ်ကူးယဉ် စဉ်းစားနေတယ်ဆိုပါစို့။ဘယ်လိုအသက်ရှင်အောင်လုပ်မလဲ?

၉)လျှပ်စစ်မီးရထားဟာ မြောက်ဘက်ကို မိုင် ၁၀၀အရှိန်နဲ့သွားနေတယ်။လေက အနောက်ဘက်ကို ၁၀မိုင်နှုန်းနဲ့တိုက်နေတယ်။အဲ့ဒါဆိုဆေးလိပ်ငွေ့တွေက ဘယ်ဘက်ကိုရောက်နိုင်မလဲ?

၁၀)Larry ရဲ့အဖေမှာ သားငါးယောက်ရှိပါတယ်။နာမည်တွေက Ten ၊Twenty ၊Thirty ၊Forty …တဲ့။ငါးယောက်မြောက်သားနာမည်က ဘာဖြစ်မယ်လို့သင်ထင်လဲ?

အဖြေစဉ်းစားမိတဲ့သူတွေကလည်းမှန်မမှန်တိုက်ကြည့်ပြီးအဖြေလုံးဝမစဉ်းစားတတ်တဲ့သူတွေက တော့ အဖြေတွေကဘာတွေဖြစ်မလဲ ကြည့်ကြည့်ပါဦး။

၁) Bဟာ A ရဲ့သမီးဖြစ်ပါတယ်။

၂)ထရပ်ကားသမားဟာအဖမ်းမခံရပါဘူး။လမ်းပြောင်းပြန်လာတယ်ဆိုပေမဲ့ သူက လူသွားလမ်းပေါ်မှာလမ်းလျှောက်နေတာပါ။

၃)ဒါက ပြဿနာမဟုတ်ပါဘူး။သင်က လက်တစ်ဖက်တည်းရှိတဲ့ဆင်ကို ရှာတွေ့မှာမဟုတ်ပါဘူး။

၎)ဥဒေါင်းတွေက ဥမဥနိုင်ပါဘူး။ဒေါင်းမကသာ ဥဥတာပါ။

၅)လတိုင်းမှာ ၂၈ရက်ရှိပါတယ်။

၆)ကျောက်တုံးအနီရောင်ကို အပြာရောင်ပင်လယ်ထဲပစ်ချလိုက်မယ်ဆိုရင် ရေစိုသွားပါလိမ့်မယ်။

၇)ကျောက်တုံးကလည်းပေါင်၁၀၀၊ငှက်မွှေးကလည်းပေါင်၁၀၀မို့လို့ အလေးချိန်ကတူတူပါပဲ။

၈)ငါးမန်းတွေအများကြီးရှိနေတဲ့အချိန်လှေပေါ်ကပြုတ်ကျသွားတယ်လို့စိတ်ကူးယဉ်စဉ်းစားနေ တယ်ဆိုပါစို့။ဘယ်လိုအသက်ရှင်အောင်လုပ်မလဲဆိုရင်…စိတ်ကူးယဉ်နေတာကိုရပ်လိုက်ပါ။

၉)လျှပ်စစ်မီးရထားပေါ်မှာဆေးလိပ်ငွေ့မရှိနိုင်ပါဘူး။

၁၀)ငါးယောက်မြောက်သားနာမည်က Larry ပါ။

ကဲ ဥာဏ်စမ်းလေးတွေကိုသူငယ်ချင်း၊မိသားစုတွေကိုမေးမြန်းပြီး ပျော်ရွှင်စရာတွေဖန်တီးလိုက်ပါ။

Source:Obvious Fun

81 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.