တစ်ချို့ RS တွေဟာ ထင်ထားသလို ရေရှည်တည်တံ့တဲ့ ပတ်သတ်မှုမျိုး မဖြစ်လာခဲ့ကြပဲ တစ်လလောက်နဲ့ပြတ်တာမျိုး ၊ တစ်နှစ်လောက်တွဲ ပြီး မှပြတ်သွားတာမျိုး ၊ တစ်ချို့ ဆို လက်ထပ်ယူခံနီးမှပြတ်သွားမျိုး စတဲ့အချိန်အခါမရွေး ပြတ်သွားတက်ကြပါတယ်။ သဘောထားချင်း မတိုက်ဆိုင်တာလား ၊ ရှေ့ ဆက်လို့မဖြစ်တော့တာလား အာ့လို အကြောင်းအမျိုမျိုးနဲ့ ပတ်သတ်မှုကိုရပ်တန့်လိုက်တာမျိုး ရှိပါလိမ့်မယ်။ ဒီလိုပျက်စီးသွားပေမဲ့လည်း ကိုယ်ကိုယ်တိုင် စိတ်ထဲမှာကိုယ့်ချစ်သူဆီပြန်သွားချင်တဲ့စိတ်မျိုး တစ်ချို့အတွဲတွေမှာရှိနေတက်ကြပါတယ်။ ကိုယ့်ချစ်သူဆီပြန်သွားချင်နေလား ဆိုတာဘယ်လို အကြောင်းအရာတွေကပြောပြနေလဲ…
(၁) ပြတ်ဆဲရတဲ့အကြောင်းအရင်း
ပြတ်ဆဲရတဲ့အကြောင်းအရင်းခံဟာ တစ်ဦးနဲ့တစ်ဦး ဒေါသကြောင့်ပြောမိဆိုမိလို့ မတော်တဆဖြစ်တဲ့ပြတ်ဆဲမှုမျိုးလား တစ်ယောက်ရဲ့ ပြင်ဆင်လို့မရနိုင်တဲ့အမှားမျိုးလား စသဖြင့်ဘယ်လို အမှားမျိုးလည်းသေချာသုံးသပ်ပါ။အာ့လိုသုံးသပ်ရင်းနဲ့မှကိုယ့်စိတ်က ဒီအရာတွေကို အပြစ်လို့မခံစားရဘူး သူနဲ့ကိုယ်ကြားမှာ အရေးမပါလှဘူးလို့ ထင်နေပြီဆိုရင် ဒါဟာ ပြန်ပေါင်းချင်တဲ့ အရိတ်အမြွတ်တစ်ခုပါပဲ။ နှစ်ဦးနှစ်ဖက်စလုံးထိုနည်းအတူတွေးဖို့လိုပါတယ်။
(၂) ပြတ်ပြီးတဲ့နောက်ကပိုင်း အခြေအနေ
လက်တွဲရင် အဆင်မပြေပါဘူးဆိုပြီး ဖြတ်လိုက်ပင်မဲ့ လက်တွဲဖြုတ်ပြီးမှပို အဆင်မပြေတာမျိုး အချင်းချင်းပိုလိုအပ်နေတာမျိုး စိတ်မပျော်ရွှင်ရတာမျိုး ဖြစ်ခဲ့ရင် ပြန်ဆက်သွယ်လိုက်ပါ။
(၃) နက်ရှိုင်းတဲ့အရာတွေမှာ အတူရှိနေခဲ့တာ
ဥပမာ တစ်ယောက်ဘ၀ရဲ့ တစ်ယောက် အခက်ခဲဆုံး အချိန်မှာ လက်တွဲ မဖြုတ်ပဲရင်ဆိုင်ခဲ့ကြတဲ့အတွဲဟာ ပြတ်ဆဲသွားခဲ့ရင်တောင် ရင်တောင် ရင်ထဲမှာကျန်ရစ်နေခဲ့တာမို့ပြန်ပြီးဆက်သွယ်သင့်ပါတယ်။
(၄) သတိရနေတက်တယ်
လက်ခွဲမယ်လို့တစ်ယောက်နဲ့တစ်ယာက်ဒေါသတကြီးပြောခဲပေမဲ့ ဒီအချိန်ဆိုသူဘာလုပ်နေမလဲ ၊ နေကောင်းရဲ့လား ၊ အလုပ်မှာ အဆူခံနေရလား၊ သူများတွေနဲ့ရောနေတက်ရဲ့ လားစသဖြင့် စိတ်ပူပန်မှုတွေ နေ့စဉ်ရှိနေမယ်ဆိုရင် အချင်းချင်းပြန်ဆက်သွယ်ဖို့လိုနေပါပြီ။
အပေါ်ကပြောခဲ့တဲ့ယေဘုယျ ခံစားချက်တွေကို ခံစားနေမိပြီဆိုရင်တစ်ဦးအပေါ် တစ်ဦးနားလည်ခွင့်လွှတ်ရင်း အသစ်ကတစ်ဖန်ပျော်စရာကောင်းတဲ့RS တစ်ခုကိုပြန်လည်ဖန်တီးယူပါ နိုင်ကြပါစေ…