သြစတြေးလျလေဆိပ်၊ ဘရစ်ဘိန်းမှာ ဂျက်စတင် ဘီဘာနဲ့ ခြွေရံသင်းပင်းတွေကို ဆေးခြောက် လက်ဝယ်တွေ့ရှိမှုနဲ့ လေဆိပ်လုံခြုံရေးတွေက ဖမ်းဆီးလိုက်တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ လုံခြုံရေးစစ်ဆေးမှုလုပ်ရာ ဂျက်စတင်ဘီဘာရဲ့ နောက်လိုက်တစ်ယောက် (၂၃နှစ်အရွယ်ရှိ) ဆီမှာ ဆေးခြောက် (ပမာဏမသိရ) တွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီ့ သံသယရှိခံရသူကို ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်လိုက်ပါတယ်။
စိတ်ဝင်စားစရာကောင်းတာ တစ်ခုက ဂျက်စတင် ဘီဘာကို ဆဲရေးတိုင်းထွာမှုနဲ့ ဖမ်းခဲ့ပြီး ပြင်းပြင်းထန်ထန် သတိပေး ပြန်လွှတ်လိုက်တယ်လို့ သြစတြေးလျ ဗဟိုအစိုးရ ရဲတွေက ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ရဲအရာရှိတွေကို ဂျက်စတင် ဘီဘာက ဆဲဆို ခဲ့သေးတယ်လို့လည်း သိရပါတယ်။ ဘရာဇီး အပြာသရုပ်ဆောင် ရဲ့ချစ်သူ တဖြစ်လဲ ဆီလီနာ ဂိုးမက်ဇ်ရဲ့ ရည်စားဟောင်းဟာ တကယ့်ကို ပြဿနာရှာတဲ့ ပေါ့ပ် စူပါစတားလို့ ယင်းအဖြစ်အပျက်နဲ့ နီးစပ်သူတွေက အတည်ပြုပြောကြားခဲ့ပါတယ်။ ဂျက်စတင်ဘီဘာမှာ မာရီဝါးနားသောက်တဲ့ လျှပ်စစ်ဆေးတံတောင် ရှိသေးတယ်လို့ ဂျက်စတင်နဲ့ နီးစပ်သူတွေက ပြောပါသေးတယ်။
Ref:thehollywoodgossip