မိန်းကလေးတိုင်း ဖုန်းထဲမှာရှိသင့်တဲ့ Application

ဘာလေးလဲမှန်းလို့ရတယ်ဟုတ်။ ဟုတ်ပါတယ်။ Period Guessing Application ပါ။ နာမည်လေးကတော့ Clue ပါတဲ့။

ဒီ app လေးက သင့်ဘေးမှာ ဒေါက်တာတစ်ယောက်ကအနီးကပ်ဂရုစိုက်ပေးနေသလို သင့်ရဲ့တစ်လတာအချိန်တွေကို အဆင်ပြေစွာဖြတ်ကျော်သွားနိုင်စေမှာပါ။ သူ့ကို သင့်ဖုန်းထဲမှာ ထည့်ပြီးပြီးချင်း account ဝင်ခိုင်းပြီး မေးခွန်းတစ်ချို့မေးပါလိမ့်မယ်။ သူ့မေးခွန်းတွေကို သင်က တတ်နိုင်သမျှ တိကျရိုးသားစွာဖြေလေလေ သင့်ရဲ့ကျန်းမာရေးအခြေအနေနဲ့ နောက်လတွေမှာ စတင်မယ့်ရက်တွေကို သူကပိုပြီးတိကျသေချာစွာတွက်ချက်ပေးနိုင်လေလေပါပဲ။

သူ့ရဲ့ user interface ကလည်း ရိုးရှင်းတာမို့ အသုံးပြုရလွယ်ကူမှာပါ။ သူက သင်အခုရောက်ရှိနေတဲ့ ရက်နဲ့ စတင်မယ့်ရက်တွေအကွာအဝေးကို အတိအကျတွက်ပေးပါတယ်။ ဒီလိုသိထားတော့ အရေးကြီးတဲ့နေ့ရက်တွေသတ်မှတ်ရာမှာ ရှောင်ပြီးရွေးချယ်လို့ရတာမို့ သတို့သမီးလောင်းတွေအတွက်လည်းအတော်လေးအဆင်ပြေမှာဖြစ်သလို မိန်းကလေးတိုင်း ကိုယ့်ကျန်းမာရေးအခြေအနေကို ကိုယ်အချိန်ကုန် ငွေကုန်သက်သာစွာနဲ့ နေ့စဉ်မပျက် သတိပြုကြည့်ရှုနေလို့ ရတာပေါ့။

 

 

ဒါ့အပြင် app က သင့်ရဲ့ period ပမာဏ အနည်းအများကိုပါ အတိအကျ မေးခွန်းထုတ်ပြီး သင့်ခန္ဓာကိုယ်တင်မက စိတ်ရဲ့ဖြစ်တန်စွမ်းတွေကိုပါတွက်ချက်ပေးတာပါ။

 

ဒီလမှာ သင့်ရဲ့ အသားအရေအနေအထားဘယ်လိုဖြစ်မလဲ။ ဝက်ခြံအထွက်များမှာလား၊ ဒါမှမဟုတ် အဆီဂလင်းတွေပိုအလုပ်လုပ်နေသလား၊ သင့်ရဲ့စိတ်အခြေအနေကရော ဒေါသထွက်နေမလား၊စိတ်ာတ်ကျနေမလား၊ဆတ်ဆတ်ထိမခံဖြစ်နေမလား၊သံသယတွေပွားနေမလားဆိုတာတွေပါ ခန့်မှန်းပေးတာမို့ ကိုယ့်ရဲ့လူမှုဆက်ဆံရေးတွေပါ မထိခိုက်အောင် သတိလေးနဲ့ထိန်းပေးလို့ရမှာဖြစ်သလို သင့်ချစ်သူကိုလည်း App duplicate ပြီး သူ့ဖုန်းထဲထည့်ထားပေးမယ်ဆိုရင် သူလည်း သင့်လိုအပ်ချက်တွေကိုကြိုသိထားပြီး သင်နဲ့အဆင်ပြေအောင်နေလို့ရမှာမို့ Period ကြောင့်လမ်းခွဲရတဲ့အဖြစ်မျိုးတွေရှိမှာမဟုတ်ပါဘူး။

ဒါကြောင့် ဒီ app လေးကတော့ သင့်ဖုန်းထဲမှာ မဖြစ်မနေထည့်ထားသင့်တဲ့ Must have app လေးလို့ အကြံပြုပါရစေ။

177 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.