လူတစ်ယောက်ဟာ တစ်နေ့ကို မနက်၊ နေ့လည်၊ ည ဆိုပြီး အနည်းဆုံးအစာသုံးနပ်စားလေ့ရှိကြပါတယ်။ သို့သော်လည်းယနေ့ခေတ်အခါမှာ အစားစားခြင်းကို အချိန်ချိန်မှန်မှန် စားလေ့မရှိကြတော့ပါဘူး။ လူတစ်ယောက်ဟာအစာစားတဲ့အခါ နပ်မှန်အောင်စားဖို့ ရယ် အချိန်မှန်စားဖို့ရယ် အရမ်းလိုအပ်ပါတယ်။ အထူးသဖြင့် မနက်စာကိုမစားမိရင်ဘာတွေဖြစ်တက်လဲ မနက်စာက ဘာကောင်းကျိုးရလဲဆိုတာကို အောက်မှာအနီးစပ်ဆုံး အနည်းငယ်ဖော်ပြလိုက်ပါတယ်…
ဘယ်လိုလူမျိုးတွေက မနက်စာမစားတက်ကြလဲ?
(၁) အချိန်မပေးနိုင်တဲ့သူ
တစ်ချို့က မနက်ပိုင်း အလုပ်တာဝန်တွေများတာကြောင့် အလုပ်အချိန်မီ ကျောင်းအချိန်မီ ဖို့ရန် မနက်စာကို စားဖို့အချိန်မပေးနိုင်ပဲ စားဖို့မေ့လျော့နေတက်ကြပါတယ် ။ ဆိုတော့ကား ဘယ်လိုမှ အချိန်မရှိရင်တောင်စားစရာ တစ်ခုခုကို ပါးစပ်ထဲထည့်သွားပါ။အစာလုံးဝစားမသွားတာထက်စာရင် နေသာပါတယ်။ ဒါပေမဲ့ သင့်တော်တဲ့ မနက်စားစားနည်းနေတာ့မဟုတ်ပါဘူး။ အမြန်စားသွားရတဲ့အတွက် အစာမကြေတာမျိုးဖြစ်တက်ပါတယ်။
(၂) ၀ိတ်လျော့တဲ့သူ
အထူးသဖြင့်မိန်းကလေးတွေပါ။ ၀ိတ်လျော့မယ် အစားတစ်နပ်လျော့စားမယ်ရည်ရွယ်ပြီး မနက်စာမစားပဲနေတက်ကြပါတယ် ၊ ဒါဟာ အကြီးအကျယ်မှားယွင်းမှုပါ တစ်နပ်လျော့စားချင်ရင် ညစာလျော့ပါ မနက်စာ ကိုတော့လုံးဝလက်လွှတ်မခံပါနဲ့။
(၃) အရေးကြီးခွင်ကျယ်လုပ်တယ်ထင်သူ
တစ်ချို့လူတွေက မနက်စာများ ဘာအရေးပါလို့လဲဆိုတာမျိုး အတွေးနဲ့ နေ့လည်ကျမှပေါင်းစားလိုက်လည်းရတာပဲ ဆိုပြီး လုပ်တက်ကြပါတယ်။ တစ်ရက်နှစ်ရက်လောက်နဲ့ကမသိသာပေမဲ့ကြာလာတဲ့အခါ ခန္ဓာကိုယ်အတွက်မကောင်းတာသတိရပါ။
မနက်စာမစားလို့မဖြစ်ဘူးမဖြစ်ဘူးလို့ပြောနေတာ ဘာကြောင့်လဲ? ဘာတွေအကျိုးပြုနိုင်လို့လဲ?
(၁) ဦးနှောက်ကို နိုးဆွပေးခြင်း
မနက်စာစားချင်ဟာ ဂလူးကို့စ်(glucose) ကိုပြန်လည်ဖြည့်တင်းပေးပြီး ဦးနှောက်အတွက်လိုအပ်တဲ့ ကာဗွန်ဟိုက်ဒရိုက် ကိုရရှိစေသောကြောင့်ဖြစ်ပါတယ်။ ကျန်းမာရေးသုတေသနတွေရဲ့ အဆိုအရ မနက်စာစားပြီးကျောင်းလာတဲ့ကလေးနဲ့မနက်စာ မစားပဲကျောင်းလာနေကြကလေးနှစ်ယောက်ရဲ့ ရလဒ် အမှတ်တွေဟာ ကွာခြားနေတက်ပြီး တစ်ခါတရံအမှတ်ရလဒ်တူတယ်ဆိုရင်တောင် တွေးခေါ်ကြံဆနိုင်ခြင်းဟာ ကွဲပြားခြားနားပါတယ် တဲ့။
(၂) ခန္ဓာကိုယ်ကြီးအတွက် အင်အားဖြစ်ခြင်း
တစ်ညလုံးအိပ်ထားတဲ့အချိန်မှာ ခန္ဓာကိုယ်ကြီးအတွက်အစာဟာရလိုအပ်နေပါပြီ။ဒါကြောင့်မနက်စာစားပြီးတစ်နေ့တာလုပ်ငန်းစဉ်များကိုလုပ်ကိုင်တက်ခြင်းဟာ အလုပ်ခွင်တစ်လျှာက်ဖြစ်ပျက်သမျှအခက်ခဲကိုကောင်းမွန်စွာဖြေရှင်းနိုင်မဲ့အပြင် စဉ်းစားတွေးခေါ်တဲ့နေရာမှာလည်း အကောင်းမွန်ဆုံးတွေးခေါ်နိုင်ပါတယ်။
(၃) အသက်ရှည်ရှည်နေထိုင်နိုင်ခြင်း
“ရှေးထုံးကိုလည်းမပယ်နဲ့ ” အတိုင်းရှေးလူကြီးတွေဟာ မနက်စာမှန်မှန်စားရင် အသက်ရှည်ဆေး မလိုဘူးလို့ပြောခဲ့ကြတာဟာ ဆေးသိပ္ပံနည်းအရကြည့်လည်း မမှားပါဘူး။
ဘယ်လိုမနက်စာမျိုးစားသင့်သလဲ
(၁) အစာကြေလွယ်ပြီး ပလိုတင်းဓာတ်များမျာပါတဲ့အစာမျိုးကိုစားပါ ၊ ကြက်ဥ ၊ နွားနို့ ၊ ပေါင်မုန့် လိုဟာမျိုးကိုစားပါ။
(၂) အလောတကြီး မစားပါနဲ့ ၊ မနက်စာအတွက်အချိန်ယူပြီး ကြေညက်အောင်စားပါ။
(၃) သေချာကြော်လှော်ထားတာကိုသာစားပါ ။ မနုးမနပ်အသားတွေငါးတွေစားတာမျိုး ရှောင်ကြဉ်ပါ။
ဒါကြောင့်ကောင်းမွန်တဲ့ မနက်စာကို နေ့စဉ်စားပြီး အောင်မြင်တဲ့ဘ၀တွေကို လျှောက်လှမ်းနိုင်ကြပါစေ…