Gong Yoo အကြောင်းတစေ့တစောင်း

Goblin Series နဲ့ မာန်ဟုန်ပြင်းတဲ့အောင်မြင်ကျော်ကြားမှုကိုအနားသတ်ထားတဲ့ ဦးဦးမှင်စာခေါ် Gong Yoo ရဲ့သောင်းပြောင်းထွေလာရောက်တတ်ရာရာတွေကို CNN Talk Asia
မှာ ပြောပြဖြစ်ခဲ့ပါတယ်တဲ့။ CNN သတင်းဌာနက Gong Yoo ကို “South Korea’s most popular leading man” လို့ဖော်ပြခဲ့ပါတယ်။

ဦးဦးမှင်စာဆိုလိုက်တာနဲ့ ကလေးသေးသေးလေးကအစ မေမေဖေဖေတွေအထိ အားပေးချစ်ခင်ခြင်းခံရတဲ့ Gong Yoo ရဲ့စိတ်ထားဟာ ပကတိရှင်းသန့်လှတယ်လို့ဆိုရမှာပါ။ သူဟာ သူချစ်တဲ့ကြောင်လေးတွေ၊သူ့မိသားစုနဲ့ သူ့အလုပ်တွေကိုပဲ အပြည့်အဝအာရုံစိုက်သူတစ်ဦးပါ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သရုပ်ဆောင်အလုပ်က အနားယူဖြစ်ခဲ့ရင် စာအုပ်တွေအများကြီးဖတ်ပြီး ကော်ဖီလေးတစ်ခွက်နဲ့အေးအေးဆေးဆေးနေချင်ပါသတဲ့။ သူက အသက်သုံးဆယ့်ငါးမတိုင်ခင် ကိုယ်ပိုင်မိသားစုဘဝလေးပိုင်ဆိုင်ချင်တယ်လို့ Interview တစ်ခုမှာဖြေဖူးပေမယ့် ခုတော့ အသက်လေးဆယ်မတိုင်ခင်လို့ပြောင်းပြောရတော့မှာပေါ့လို့ အရယ်တစ်ဝက်နဲ့ဆိုပါတယ်။

 

အသက်နဲ့မလိုက်အောင် နုနယ်ချောမောပြီး သရုပ်ဆောင်ရာမှာ ပါရမီပါလှတဲ့ Gong Yoo ဟာ မရေမတွက်နိုင်အောင် များပြားတဲ့ဆုတွေကို ပိုင်ဆိုင်ထားသလို Goblin Series နဲ့လည်း အကောင်းဆုံးသရုပ်ဆောင်ဆုကို 53rd Baeksang Arts Awards မှာ ဆွတ်ခူးရရှိခဲ့ပါသေးတယ်။

” ကျွန်တော့်မှာ စိုးရိမ်မှုတွေအများကြီးရှိခဲ့ပါတယ်။ ဒီ Series ကို တကမ္ဘာလုံးက ကြိုက်နှုစ်သက်ကြ လိမ့်မယ်လို့ ကျွန်တော်တကယ်ကို မမျှော်လင့်ထားခဲ့ပါဘူး” လို့ သူက ရိုးသားစွာဖွင့်ဟရှာသလို

“ကျွန်တော်က တီထွင်ဖန်တီးရတာကို ကြိုက်တယ်။ အသစ်အဆန်းတွေကို ရင်ခုန်ပါတယ်။ဒါကြောင့် ကျွန်တော့ရဲ့ အနုပညာတွေဟာ ကျွန်တော်အသက်သုံးဆယ်မပြည့်ခင်ကနဲ့ အသက်သုံးဆယ်ပြည့်ပြီးချိန်နဲ့ မတူတော့ပဲ တစ်မျိုးတစ်ဖုံ ကွဲပြားခြားနားလာတာပါ။ အသက်သုံးဆယ်ဟာ ကျွန်တော့် ဘဝ၊ကျွန်တော့် အနုပညာလက်ရာတွေကို အလည်တည့်တည့်က တိတိရိရိ ပိုင်းခြားထားသလိုပါပဲ။ ” လို့ လက်ရှိမှာ အသက် 37 နှစ်ပြည့်ပြီးပြီိဖြစ်တဲ့ ဦးဦးမှင်စာက ဆိုပါတယ်။

လူမှုကွန်ယက်တွေကို မသုံးရခြင်းအကြောင်းကိုတော့

” Twitter တွေ Instagram တွေ ကျွန်တော် တစ်ခုမှမသုံးပါဘူး။ အဲ့ဒါတွေသုံးတာထက် ဒီလို Interview တွေကနေပဲ ပရိသတ်နဲ့ဆက်သွယ်ချင်ပါတယ်။ရိုးရိုးရှင်းရှင်းပေါ့ဗျာ။ နောက်ပြီး
ကျွန်တော်က ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဘဝကို ရုံသွင်းသလို သူများတွေကိုချမပြချင်ပါဘူး။ ကျွန်တော့် အနုပညာတွေပဲ ကြည့်ရှု့အားပေးရင်ကျေနပ်ပါပြီ။ ” လို့ ဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်။

 

သူ့ရဲ့သရုပ်ဆောင်ပညာ လျို့ဝှက်ချက်ကို စပ်စုတဲ့အခါမှာတော့

” ကျွန်တော်က သရုပ်ဆောင်နေချိန်မှာ ဇာတ်ကောင်ရဲ့ဘဝကိုပဲ တွေးပြီး ခံစားတယ်။ ကျွန်တော့်အပြင်ဘဝက အကြောင်းအရာတွေ ပြဿနာတွေ အကုန်လုံးမေ့ထားလိုက်ပါတယ်။အဲ့ဒါက ကျွန်တော့်ကိုဆက်သွားနေစေတဲ့ တွန်းအားပါပဲ “လို့ဖြေကြားခဲ့ပါတယ်။

 

 

282 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.