ရေကို အလုပ်လုပ်ရင်းဘာလို့ပိုသောက်သင့်တာလဲ

ရေဟာ အန္တရာယ် ကင်းင်္ပြီးကျန်းမာရေး အလွန်ကောင်းစေတဲ့ဆေးတစ်ခွက်ပါ။ ရေကို တစ်နေ့ တစ်လီတာဘူး ၇ဘူးလောက်ကုန်အောင်သောက်သင့်တယ်လို့ကျန်းမာရေး ဌာနတွေကလည်းပြောကြားကြပါတယ်။အထူးသဖြင့် အလုပ် လုပ်နေစဉ်မှာရေကို ပိုပြီး များများသောက်ဖို့လိုအပ်ပါတယ်။
ဘာကြောင့်အလုပ်လုပ်နေတဲ့ချိန်မှာပိုသောက်သင့်လဲ?
(၁) ဦးနှောက်ရဲ့ ၇၀ %လောက်ကရေဓာတ်နဲ့ ဖွဲ့ စည်းထားပြီး ရေဓာတ် အလုံအလောက်မရရှိတဲ့အခါမှာ ဦးနှောက်ကသိပ် မလုပ်မလုပ်နိုင်ပဲ နှေးကွေးလာနိုက်ပါတယ်။

(၂) လူတော်တော်များများဟာ အလုပ်လုပ်တဲ့အခါအထိုင်များကြပါတယ်၊ အဲ့လို အထိုင်များချိန်မှာ အလုပ်လုပ်ရင်းရေများများသောက်ခြင်းဟာ ဆီးဝမ်းသွေလေ လည်ပတ်စေပြီး အညောင်းမိလို့ဝမ်းချုပ်တာမျိုး မဖြစ်စေပါဘူး။

(၃) ခန္ဓာကိုယ်ရဲ့ ၆၀ %လောက်ကရေဓာတ်နဲ့ဖွဲ့ စည်းထားတာကြောင့်ရေဓာတ် ခမ်းခြောက်တဲ့အခါ နှခမ်းကွဲတာ အာခြောက်တာမျိုး ဖြစ်လာစေပြီး အလုပ်လုပ်ရာမှာ အနှောက်အယှက်ဖြစ်စေပါတယ်။

(၄) ရေထဲမှာပါဝင်တဲ့ ဓာတ်တွေကြောင့် အလုပ်မှာအလုပ်လုပ်ရင်းအိပ်ချင်ရင်ဖြစ်ဖြစ် ၊ ပျင်းရင်ဖြစ်ဖြစ် ရေသောက်လိုက်ရင် နဂိုကထက်တော့လန်းဆန်းလာမှာအမှန်ပါ။

(၅) အလုပ်ခွင်မှာ stress ပိနေလို့ပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်နဲ့ အပြိုင် အဆိုင် အလုပ်လို့ရလို့ပဲဖြစ်ဖြစ် လုပ်ငန်းခွင်ဆိုတာစိတ်မောစရာတွေ အပြည့်ပါ။ ဒီလို စိတ်မောစရာများတဲ့ အလုပ်ခွင်မှာရေသောက်ခြင်းဟာ စိတ်ပူပန်မှုကိုလျော့ကျစေပြီး အမောပြေစေပါတယ်။

ဒါကြောင့်လုပ်ငန်းခွင်မှာ ရေကို မျာများ သောက်ရင်းကျန်းမာပျော်ရွှင်စွာ လုပ်ကိုင်နိုင်ကြပါစေ…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.