ပိုက်ဆံချမ်းသာတဲ့လူတွေ ပိုပြီးအထီးကျန်နေရတဲ့အကြောင်းအရင်း

တစ်ချိန်တုန်းက မြို့တစ်မြို့မှာအရမ်းချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်ရှိတယ်။ သူနဲ့ပတ်သတ်ပြီး မြင်တွေ့သမျှက အထင်ကြီးအားကျစရာတွေချည်းပဲ။ အိမ်၊ ကား နဲ့ အဝတ်စားတွေကလည်း အကောင်းစားနဲ့ ဈေးအကြီးဆုံးတွေ။ နောက်ထပ်အားကျစရာကောင်းတာက အလှူတန်းလုပ်ငန်းတိုင်းမှာ သူပါဝင်နေတာပဲ။

Related image

အလှူတန်းတွေလုပ်နေပေမယ့်လည်း သူ့အကြောင်း အကောင်းပြောတဲ့လူရယ်ကိုမရှိဘူး။ သူ့ဆီမှာအလုပ်လုပ်ရင် ပင်ပန်းတယ်။ပိုက်ဆံကိုလည်း ကပ်သပ်ပြီးသိပ်ပေးတာ၊ အရမ်းကပ်စေးနဲတဲ့လူဆိုပြီး လူတွေကပြောကြတယ်။ ဒါပေမယ့် ဒီလူတွေအမှန်ပြောနေကြလားဆိုတော့လည်း မဟုတ်ဘူးတဲ့။ သူ့အောင်မြင်မှုကို မနာလိုလို့ အပုပ်ချကြတာတွေ။ ကိုယ်တိုင်တော့
မကြိုးစားပဲ သူများအောင်မြင်မှုကို အကုသိုလ်များနေတဲ့လူတွေဟာ စိတ်ကူးယဉ်သမားသက်သက်ပဲ! ငါသာ သူ့လိုချမ်းသာရင် ဘယ်လိုသုံးလိုက်မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ပဲအချိန်ကုန်နေကြတာများတယ်။

ဒီလူတွေက နောက်ကွယ်အတင်းသာချတာ။ အဲ့သူဌေးကြီး သူတို့ရှေ့ရောက်လာရင် ပြာနေတာပဲ။
သူ့အလုပ်တွေက မြို့ကလူတွေအတွက်အရေးကြီးတော့သူ့မျက်နှာရိပ်ကိုပဲ တစ်ချိန်လုံးကြည့်နေရတာ၊ ပြီးရင် ချီးမွမ်းစကားတွေပြော။ မြှောက်ပင့် ဖားယားတဲ့စကားတွေပေါ့။
ဟိုသူဌေးကြီးကလည်း ဒီလိုစကားလုံးတွေကြားမှာ သာယာမနေဘူး။ ချီးမွမ်းတာကို ယဉ်ယဉ်ကျေးကျေးပဲ လက်ခံတယ်။ ကျေးဇူးတင်စကားဆိုတယ်.. သူတို့ဘယ်လိုလူတွေမှန်းသိလျက်နဲ့တောင်
ဒေါသနဲ့ မတုံ့ပြန်ခဲ့ဘူး။ သူ့ကိုနောက်ကွယ်ကပြောနေတာတွေ သူသိတာပေါ့။ အရမ်းပိုက်ဆံရှိနေလို့ လူတွေဒီလိုပြောတာ မဆန်းပါဘူးဆိုပြီး စိတ်ထဲဘာမှမခံစားဘူး။

မနက်အိပ်ရာထတာနဲ့ သူဘယ်လိုပိုက်ဆံထပ်ရှာရမလဲသာစဉ်းစားတယ်။ဆိုလိုတာက ပိုက်ဆံချမ်းသာတိုင်း စိတ်ချမ်းသာရမယ်တော့မထင်ပါနဲ့။ အန္တရာယ်ရှိတယ်။ ကိုယ့်အနားမှာ ဘယ်အချိန် အခွင့်ရေးရမလဲ.. ချောင်းမြောင်းနေတဲ့သူတွေအများကြီး။ ပေါ့ပျက်၊ အနှစ်သာရမရှိတဲ့ အပေါ်ယံစကားတွေသာ ပြောနေမယ့် မိတ်ဆွေအတုယောင်တွေ အနားမှာ ဝိုင်းနေလိမ့်မယ်။

ဒါပေမယ့် ရိုးသားမှန်ကန်တဲ့လူတွေလည်းရှိပါတယ်။ ပိုက်ဆံကြောင့် ချည်းကပ်လာတယ်ထင်မှာစိုးလို့ ကိုယ်နဲ့မနီးမဝေးမှာရှိနေတာ မြင်အောင်ကြည့်နိုင်ဖို့လိုတယ်။ ဒီလူတွေက ငွေထက်
သိပ်တန်ဖိုးရှိပါတယ်။ ပိုက်ဆံထက် လူတစ်ယောက်မှာအရေးကြီးတာက စာရိတ္တနဲ့ အရည်ချင်းပါပဲ။ ငွေကြောင့် တန်ဖိုးရှိတဲ့လူတွေ မဆုံးရှုံးပါစေနဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.