အင်္ဂလိပ်စာနားထောင်စွမ်းရည် တိုးတက်လာစေဖို့…

အင်္ဂလိပ်ဘာသာစကားက အမိဘာသာစကားမဟုတ်တဲ့အတွက် သင်ယူရတာအခက်အခဲရှိသလို စကားပြောဆိုရာမှာလည်းအခက်အခဲအနည်းနဲ့အများရှိနိုင်ပါတယ်။အထူးသဖြင့်နားထောင်စွမ်းရည်မကောင်းတဲ့အခါမှာ တစ်ဖက်လူပြောတာကိုနားမလည်တဲ့အတွက် ပြန်ဖြေရမယ့်အခါမှာ အခက်အခဲပိုရှိနိုင်ပါတယ်။အဲ့ဒါကြောင့်အင်္ဂလိပ်စာနားထောင်စွမ်းရည်တိုးတက်လာစေဖို့ အထောက်အကူပေးနိုင်မယ့်နည်းလမ်းလေးတွေပြောပြပေးချင်ပါတယ်။

၁) ရုပ်ရှင်များများကြည့်ပါ

အဓိကအင်္ဂလိပ်စာတိုးတက်ချင်တယ်ဆိုရင် တရုတ်ကား၊ကုလားကားတွေထက် စိတ်ဝင်စားစရာကောင်းတဲ့အင်္ဂလိပ်ကားများများကြည့်ပါ။ပထမတစ်ကြိမ် မြန်မာ စာတန်းထိုးနဲ့ကြည့်ပါ။မြန်မာစာတန်းထိုးတာကိုလိုက်ပြီးကြည့်ရင်းနားထောင်ပါ။ နည်းနည်းတော့မှတ်မိသွားပါလိမ့်မယ်။နောက်တစ်ကြိမ်မှာတော့ အင်္ဂလိပ်စာတန်းထိုး နဲ့ကြည့်ပါ။မြန်မာလိုမှတ်မိနေတဲ့အတွက် ဘယ်စကားလုံးကဘာကိုပြောတာလဲ ဆိုတာသိပါလိမ့်မယ်။အင်္ဂလိပ်စာတန်းထိုးကြည့်နေရင်းနဲ့ သူတို့ရဲ့လေယူလေသိမ်းကို လိုက်ပြီးနားထောင်ပါ။တစ်ပတ်ကို တစ်ကားပုံမှန်ကြည့်ပြီး နားထောင်စွမ်းရည်ကိုလေ့ကျင့်ပါ။

၂။အွန်လိုင်းကနေ အင်္ဂလိပ်စကားပြောဗီဒီယိုအတိုလေးတွေဒေါင်းပါ

ရုပ်ရှင်မကြည့်နိုင်ဘူးဆိုရင် အွန်လိုင်းကနေ အင်္ဂလိပ်စကားပြောဗီဒီယိုတွေ၊ဟာသ ဗီဒီယိုလေးတွေရှိပါတယ်။ အဲ့ဒါတွေကိုဒေါင်းပါ။ပြီးရင် Mp3 ပြောင်းပြီး playlists ထဲထည့်ပါ။တစ်ပတ်ကိုတစ်ပုဒ်စီနားထောင်ပါ။နေ့တိုင်းအဲ့ဒီတစ်ပုဒ်ကိုပဲ တစ်ပတ်လုံးလုံးနားထောင်ပေးတာက အလေ့အကျင့်လုပ်ပေးသလိုပါပဲ။ကြားပါများတဲ့အခါ မှတ်မိလွယ်သွားပါလိမ့်မယ်။

၃။အုပ်စုဖွဲ့လေ့ကျင့်ပါ

အင်္ဂလိပ်စာနားထောင်စွမ်းရည်လေ့ကျင့်ချင်တဲ့သူတွေချည်းပဲ အုပ်စုဖွဲ့ထားပါ။ သင်တန်းမှာဖြစ်စေ၊ အွန်လိုင်းမှာဖြစ်စေ အဖွဲ့ဖွဲ့ထားပြီး အင်္ဂလိပ်လိုပြောပါ။အွန်လိုင်းမှာဆို အသံဖိုင်ပို့ပြီးပြောကျင့်ပါ။ တခြားတစ်ယောက်ဆီက အကြံဥာဏ်ရနိုင်သလို အသံထွက်မှန်မမှန် ဆိုတာလည်းဆွေးနွေး လို့ရပါတယ်။နေ့တိုင်းပုံမှန်ဝင်ပြော၊နားထောင်ရင်းနဲ့လေ့ကျင့်ပါ။အဓိကက ပြောစ မရှိလို့ပါ။ ပြောစရှိသွားတဲ့အခါ ကိုယ့်ရဲ့လေယူလေသိမ်းကိုလည်းသိပြီးပြင်စရာရှိတာပြင်လို့ရပါတယ်။

၎။အင်္ဂလိပ်သီချင်းနားထောင်ပါ

မြန်မာသီချင်းတွေလည်းနားထောင်ပါများရင်အလွတ်ရသွားသလို အင်္ဂလိပ်သီချင်းတွေကို လည်းသေချာနားထောင်ပြီးလိုက်မှတ်ပါ။သီချင်းထဲကနေ သူတို့ရဲ့ စကားပြောပုံဆိုပုံကိုလေ့လာပါ။ စပြီးနားထောင်မယ်ဆိုရင်သီချင်းအေးအေးလေးနဲ့နားလည်လွယ်မယ့်သီချင်းမျိုးကိုနားထောင်ပါ။ သီချင်းတွေနားထောင်ရင်းနဲ့ သူတို့ရဲ့အသံကိုမှတ်မိသွားပါလိမ့်မယ်။

၅။စကားလုံးတွေနဲ့အသံထွက်ကိုလေ့လာပါ

နောက်ဆုံးတစ်ချက်ကတော့ အင်္ဂလိပ်စကားလုံးတွေလေ့လာဖို့ပါ။ ကိုယ်ကြည့်တဲ့ရုပ်ရှင်၊ သီချင်း၊စာအုပ်တွေထဲမှာကိုယ်မသိတဲ့အင်္ဂလိပ်စာလုံးတစ်လုံးပါလာရင်မှတ်ထားပါ။ပြီးရင် Dictionary ထဲမှာပြန်ရှာပါ။စကားလုံးတွေနဲ့အသံထွက်အမှန်ကိုမသိဘူးဆိုရင် နားထောင်တဲ့အခါ  ဘာကိုပြောလို့ပြောနေမှန်းသိမှာမဟုတ်ပါဘူး။ကိုယ်ကစကားလုံးတွေများများသိလေ နားထောင်ရတာပိုလွယ်လေပါပဲ။အသံထွက်ကိုလည်းသေချာလေ့လာဖို့မမေ့ပါနဲ့။

Reference:Fluent U

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.