စာအုပ်အများကြီးဖတ်လေ့မရှိရင်နေပစေ စာဖတ်တက်ဖို့တော့လိုတယ်

လူတိုင်းဟာ စာဖတ်ဝါသနာမပါတက်ကြပါဘူး၊ စာဖတ်ဝါသနာပါပစေအုံးတော့ ကြိုက်တဲ့စာအုပ်အမျိုးအစား အကြောင်းအရာခြင်းလည်း မတူနိုင်ပါဘူး။ ဒါမှမဟုတ် စာအုပ်တစ်ခါတလေမှဖတ်တက်တဲ့ စာအုပ်သိပ်မကြိုက်တဲ့လူမျိုးလည်းရှိကောင်းရှိနိုင်မှာပါ။ စာဖတ်တယ်ဆိုတာ စာအုပ်မှမဟုတ်ပါဘူး။Internetပေါ်က ဆောင်းပါးတွေ ၊ ဂျာနယ်တွေ ၊ မဂ္ဂဇင်းတွေ ဖတ်တာလည်း စာဖတ်တာပါပဲ။ တစ်ခုပါပဲ ဘယ်စာကိုဖတ်ဖတ် ရည်ရွယ်ချက်ရှိရှိ ဖတ်တက်ဖို့လိုအပ်ပါတယ်။
ဘယ်လိုနည်းနဲ့အကျိုးရှိအောင်ဖတ်ကြမလဲ?
_ ဘာစာပဲဖတ်ဖတ် ဘယ်လို ရသမျိုးပဲ ဖတ်ဖတ် အဆုံးအစ အလယ်နားလည်းရှင်းလင်းသွားအောင်ဖတ်ပါ။
_ စဖတ်ကတည်း က ကိုယ်ဖတ်တဲ့စာအပေါ် စိတ်ဝင်စားမှုရှိပါစေ။
_ အလယ်လောက်ရောက်ပြီးမှ ပျင်းလို့ မကြိုက်လို့ ရပ်ပစ်တာမျိုါ် မလုပ်ပါနဲ့။
_ စာထဲကအကြောင်းအရာ အားလုံးထဲမှာကိုယ်မသိသေးတဲ့ဗဟုသုတတွေရှိရင် မှတ်တက်တဲ့အကျင့်ကိုမွေးမြူပါ။
_ စာထဲက အကြောင်းအရာနဲ့ အပြင်ကဖြစ်ပျက်တွေကို နှိုင်းယှဉ် တွေးတောကြည့်ပါ။
_ စိတ်ကူးရင်ဆန်တဲ့ အတွေးမျိုး မဟုတ်ပဲတကယ် အပြင်မှာလုပ်ဖို့သင့်တော်တဲ့အရာတွေတွေ့တဲ့  အခါ အပြင်လောကမှာပြန်လည် အသုံးချပါ။
စာဖတ်ခြင်းဟာ အသက်ငယ်မရွေး လူမျိုးမရွေး ဦးနှောက်နဲ့ အာရုံ ဖွံ့ ဖြိုးမှု အမြန်ဆုံး နည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် စာများများဖတ်ဖို့ဝါသနာ မပါရင်တောင် ဖတ်တဲ့စာတိုင်းကို အကျိုးရှိအောင်ဖတ်တက်ဖို့လိုအပ်ပါတယ်။ကောင်းမွန်တဲ့စာ တွေများများနဲ့မှန်မှန်ကန်ကန်ဖတ်ပြီး ကောင်းမွန်တဲ့ဘ၀တွေပိုင်ဆိုင်နိုင်ကြပါစေ။

 

248 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.