ချစ်သူတွေဖြစ်နေကြတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ပြန်ဖြေရှင်းခဲ့တဲ့ Kim Jong Kook နဲ့ Song Ji Hyo

Running Man အဖွဲ့ဝင်နှစ်ယောက်ဖြစ်ကြတဲ့ Kim Jong Kook နဲ့ Song Ji Hyoတို့ဟာ တွဲနေကြတာတစ်နှစ်ကျော်ကြပြီလို့ မကြာသေးခင်က ကိုရီးယားနိုင်ငံဆောင်းပါးတွေက ဖော်ပြခဲ့ကြပါတယ်။ကောလဟာလဆိုတာ ကောက်ရိုးမီးလိုပဲ မြန်မြန်ပျံ့နှံ့လွယ်တဲ့အတွက် သူတို့နှစ်ယောက်ရဲ့သတင်းဟာ ပရိသတ်တွေကြားမှာတရှိန်ထိုးပျံ့နှံ့သွားခဲ့ပါတယ်။

Running Man ရှိုးရိုက်ကူးနေတဲ့အချိန်ကာလတစ်လျှောက်လုံးမှာသူတို့နှစ်ယောက်ရဲ့ ရင်းနှီးချစ်ခင်မှုတွေကြောင့် ပရိသတ်တွေကလည်း သူတို့ကိုတကယ့် စုံတွဲဖြစ်စေချင်ခဲ့တယ် လို့သိရပါတယ်။အခုလို တွဲနေကြတယ်ဆိုတဲ့သတင်းထွက်လာတဲ့အခါမှာတော့ ပိုပြီးတော့တောင်ယုံကြည်ခဲ့ကြပါတယ်။ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ Kim Jong Kook နဲ့ Song Ji Hyo တို့က ကောလဟာလကိုပြန်ပြီးဖြေရှင်းခဲ့ပါတယ်။

“တစ်ချို့ဆောင်းပါးတွေဆိုရင် သူမနဲ့ Kim Jong Kookတို့ဟာ လက်ထပ်ထားကြတယ် လို့တောင်ရေးသားထားကြပါတယ်။အဲ့ဒီသတင်းဟာ သူတို့ကိုတောင်အံ့သြတကြီးဖြစ်စေခဲ့တယ်” လို့ Song Ji Hyo ကပြောပြခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာအရမ်းရင်းနှီးကြတဲ့သူငယ်ချင်းဆက်ဆံရေးမျိုးသာဖြစ်တဲ့အကြောင်း အဖွဲ့ဝင်တွေကလည်းသိကြတဲ့အတွက် အခုလိုမျိုးပရိသတ်တွေကသူတို့နှစ်ယောက်ကို ဘာလို့စုံတွဲလို့ထင်ကြတဲ့အကြောင်းကိုစဉ်းစားလို့မရဘူးလို့ကျန်တဲ့အဖွဲ့ဝင်တွေ ကပြောခဲ့ကြပါတယ်။

အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Ji Suk Jin ကတောင် “သူတို့နှစ်ယောက်ဟာ တွဲနေကြတာမဟုတ်ပါဘူး။အဲ့ဒါကို သူ့ရဲ့ အနာဂတ်ကံကြမ္မာတစ်ခုလုံးနဲ့လောင်းရဲတယ်”လို့ ဟာသအနေနဲ့ပြောထားပါသေးတယ်။အဲ့ဒါကိုHa Ha က “Kim Jong Kook နဲ့ Song Ji Hyoကို မင်းတို့နှစ်ယောက်အရင်တွဲပြီး Ji Suk Jin ရဲ့ ကံကြမ္မာကိုဖျက်ဆီး၊ပြီးမှ ပြန်ပြီးလမ်းခွဲကြ”လို့ ပြန်ပြီးနောက်ပြောင်ကျီစယ်ထားပါတယ်။

Kim Jong Kook နဲ့ Song Ji Hyo တို့ကို ပရိသတ်တွေက ဘယ်လောက်တောင် စုံတွဲတွေဖြစ်စေချင်လဲဆိုရင်သူတို့နှစ်ယောက်ကို Ace Couple နဲ့ Nevis Swing Couple ဆိုပြီးတော့တောင် နာမည်ပေးထားကြတယ်လို့သိရပါတယ်။

Source:Koreaboo/Soompi

 

 

3K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.