စိတ်အပြောင်းလဲမြန်သူတွေက အချစ်ရေးမှာပိုလေးနက်ကြောင်းတွေ့ရ

စိတ်အပြောင်းလဲမြန်တယ်ဆိုတာ … တစ်နေရာကိုသွားဖို့လုပ်ပြီးမှ ချက်ချင်း ကောက်ကာငင်ကာမသွားတော့ဘူးလုပ်တာတို့၊ အကင်စားဖို့ သွားရင်းကနေ ဟော့ပေါ့ဆိုင်တွေ့လို့ ဝင်ကစ်လိုက်တာမျိုးတို့ကိုပြောတာပါ။ တစ်ခါတစ်လေ ဒီလိုဖြစ်ဖူးမှာပေါ့။ တစ်ချို့ကတော့ ဒီလိုစိတ်အပြောင်းလဲမြန်တာကို စနောက်ပြီး မျောက်စိတ်လို့ခေါ်ပါတယ်။ ဒါပေမယ့် မျောက်စိတ်လေးတွေကို စိတ်ပြောင်းမြန်လို့ မငြိုငြင်ပါနဲ့လေ။ ယေဘုယျအားဖြင့် သူတို့တွေကအချစ်ရေးမှာ ပိုလေးနက်တယ်တဲ့။

ချစ်တဲ့သူတွေ့ပြီဆိုရင်လည်း သူမှသူ ။ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆို ပိတောက် ၊ ပိတောက်ခြောက်သွားလည်း အမြတ်တနိုးသိမ်းထားမယ့်လူမျိုးတွေပေါ့။ သူတို့အတွက် အားနည်းချက်တစ်ခုက စိတ်အပြောင်းလဲမြန်တဲ့အကျင့်ကြောင့် အချစ်ရေးမှာ မကြာခဏစကားများရတတ်တယ်။ မျောက်စိတ်လေးတွေကို ချစ်မိတဲ့လူတိုင်းလည်း တော်တော်သည်းခံနိုင်မှဖြစ်မှာနော် ။ ဒါပေမယ့် တစ်ဖက်မှာလည်း အချစ်ရေးနဲ့ပတ်သတ်ပြီး လေးနက်တည်ကြည်တဲ့ သူ့ရဲ့အကျင့်လေးကြောင့် ချစ်သူက သံယောဇဉ်မပြတ်နိုင်ဖြစ်နေရပါတယ်။

စိတ်အပြောင်းလဲမြန်သလို အသည်းကလည်းနုကြသေးတယ်။ ဟိုသွားမယ် ပြောပြီး ၊ ဒီရောက်သွားတဲ့ သူ့ကို ချစ်သူက စိတ်မရှည်တော့ရင် မျက်နှာငယ်လေးတွေနဲ့ ။ ထစ်ခနဲရှိ မျက်ရည်ဝဲတဲတဲနဲ့ ၊ အော်မိတဲ့သူကို လူဆိုးဖြစ်အောင်လုပ်တတ်ကြတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေ၊ ကလေးလေးတွေဆို အရမ်းချစ်တတ်ပါတယ်။ နောက်ပြီး ဟာသဥာဏ်ရှိတာကြောင့် ဒီမျောက်စိတ်လေးတွေလာပြီဆို ပွဲစည်ပြီသာမှတ် ။ ပါးစပ်ကိုပိတ်ရမှာမဟုတ်ဘူး။ အချစ်ရေးနဲ့ပတ်သတ်ရင် ခံစားချက်တွေကို သိပ်ပြီးအပြင်မထုတ်တာကြပေမယ့် သူတို့ရဲ့အပြုအမူတွေနဲ့တင် အရည်ပျော်သွားနိုင်တယ်။ ပါးစပ်က ချစ်တယ်လို့ တဖွဖွပြောမနေဘူး။ ဂရုစိုက်တတ်တယ် ၊ ချစ်သူနဲ့ ပတ်သတ်တဲ့အသေးစိတ်တွေကအစ မှတ်မိနေတာမျိုး။ ချစ်သူက ကိုယ့်အပေါ်မဟုတ်တာ လုပ်နေရင်တောင် ဝုန်းဒိုင်းပြဿနာရှာမယ့်လူမျိုးတွေမဟုတ်ဘူး။ အေးဆေးစကားပြော ဆွေးနွေးတယ်။ နောက်ဆုံး တစ်ချက်ကတော့ သူ့အပေါ်သံယောဇဉ်မရှိတော့တဲ့ လူတစ်ယောက်ကို ဆွဲမထားတတ်ပါဘူး။ ”အစွမ်းကုန် ချစ်ပေးခဲ့တာပဲ… သူမှမမြင်နိုင်ခဲ့တာ ” လို့သာ ခံယူပြီး တစ်ယောက်တည်း လွမ်းဆွေးဖြေသိမ့်နေမယ့်လူမျိုးတွေပါ။ 🙁

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.