တောင်ကိုရီးယားမင်းသားချော Kim Woo Bin ဟာ ကင်ဆာရောဂါကိုခံစားနေရပြီးဆေးကုသမှု ကိုခံယူနေရတာ ပရိသတ်တွေအားလုံးသိပြီသားဖြစ်မှာပါ။မကြာသေးခင်ကလည်း Kim Woo Bin ရဲ့ သူငယ်ချင်းတစ်ယောက်က Kim Woo Binရဲ့ ကျန်းမာရေးအခြေအနေတိုးတက်လာကြောင်း ပရိသတ်တွေကိုအသိပေးခဲ့ပါတယ်။
အခုတစ်ခါမှာလည်း Kim Woo Binရဲ့ အရင်းနှီးဆုံးမိတ်ဆွေ သူငယ်ချင်းတစ်ယောက် လို့ပြောရမယ့် မင်းသား Shin Hyun Joon က Kim Woo Binရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးနောက်ဆုံးရသတင်းတစ်ခုကို ပရိသတ်တွေကိုပြောပြခဲ့ပါတယ်။
မင်းသား Shin Hyun Joon ဟာ Entertainment Weekly အစီအစဉ်က အမ်စီတစ်ယောက်ဖြစ်ပါတယ်။”သူက အမ်စီတစ်ယောက်ဖြစ်တဲ့အတွက် သူနဲ့ရင်းနှီးတဲ့ အနုပညာရှင်တွေရဲ့အကြောင်းကို ဘယ်လောက်ပဲရင်းနှီးရင်းနှီးမပြောဖို့ စည်းတစ်ခုချထားပါတယ်။ ဒါပေမဲ့ ဒီတစ်ခုတော့ပြောချင်ပါတယ်။Kim Woo Binဟာ ပြီးခဲ့တဲ့စနေနေ့က သူ့ဆီကိုမက်ဆေ့ခ်ျ တစ်စောင်ပို့ခဲ့ပါတယ်။အဲ့ဒီနေ့ကသူဟာ ဘုရားကျောင်းကိုသွားပြီး Kim Woo Binအတွက်အများကြီးဆုတောင်းပေးခဲ့ပါတယ်။အဲ့ဒီညမှာပဲသူ့ဆီကို စာရောက်လာခဲ့တာပါ။ အဲ့ဒါကတော့ “အစ်ကို ကျွန်တော့်ရဲ့ ကျန်းမာရေးအခြေအနေပိုကောင်းလာပြီ” လို့ပို့ခဲ့တာပဲဖြစ်ပါတယ်။မကြာခင်မှာသူလုံးဝနေပြန်ကောင်းလာဖို့မျှော်လင့်ပါတယ်”လို့ ဒီဇင်ဘာ ၂၂ရက်နေ့က Entertainment Weekly အစီအစဉ်ကနေ ပြောပြခဲ့ပါတယ်။
ပရိသတ်တွေကလည်းKim Woo Binအတွက် ဆုတောင်းစကားတွေ အများကြီးပို့သဆဲပဲ လို့သိရပါတယ်။ အခုလိုကျန်းမာရေးအခြေအနေတိုးတက်လာပြီဖြစ်တဲ့အတွက် မကြာခင်မှာအနုပညာအလုပ်တွေပြန်ပြီးလုပ်နိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။
Source:Koreaboo