အောင်မြင်မှုများစွာနဲ့ EXO

935733_459035880855595_144385747_n.jpg

EXO Band ဟာ တောင်ကိုရီးယား-တရုတ် အမျိုးသား အဆိုရှင်အဖွဲ့ဖြစ်ပါတယ်။ S.M Entertainment မှ တင်ဆက်တာဖြစ်ပြီး တောင်ကိုရီးယား ၊ ဆိုးလ်မြို့မှာ ၂၀၁၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အဖွဲ့ဝင် (၁၂)ယောက်ပါဝင်တဲ့ ဒီအဖွဲ့ဟာ Exo-K နဲ့ Exo-M ဆိုပြီး နှစ်ပိုင်းခွဲထားပြီးတော့ Korean နဲ့ Mandarin ဘာသာစကားနှစ်မျိုးနဲ့ တင်ဆက်ပါတယ်။ EXO ဆိုတဲ့ သူတို့ရဲ့အမည်ဟာ exoplanet ဆိုတဲ့စကားလုံးကို ကိုယ်စားပြုတာဖြစ်ပြီး “နေအဖွဲ့အစည်း အပြင်ဘက်က ဂြိုလ်တစ်လုံး”လို့ အဓိပ္ပါယ်ရပါတယ်။

          ၂၀၁၂ခုနှစ်၊ ဧပြီလ (၈)ရက်နေ့မှာ ပွဲဦးထွက် အယ်လ်ဘမ် Mama ကိုထွက်ရှိခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ Exo-M version ဟာလည်း တရုတ်ပြည်ရဲ့ တေးဂီတစာရင်းမှာ ထိပ်ဆုံးကိုရောက်ရှိခဲ့ပြီး ဗီဒီယိုကတော့ YouTube ရဲ့ နံပါတ်(၇)နေရာကို ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ XOXO အယ်လ်ဘမ်ထွက်ရှိခဲ့ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ အချပ်ရေ ၁.၅သန်းလောက် ရောင်းချခဲ့ရပါတယ်။ Billboard ရဲ့ K-Pop Hot 100 မှာလည်း နံပါတ်(၃)နေရာကို ရရှိခဲ့ပါတယ်။

သူတို့ရဲ့ ဂီတအမျိုးအစားကတော့ Pop , R&B , dance , electronic ဟန်ပန်မျိုး ဖြစ်ပါတယ်။ တောင်ကိုရီးယားနဲ့ တရုတ်ပြည်မကြီး နှစ်ခုပေါင်းမှ ဆုပေါင်း (၁၃)ဆုပိုင်ဆိုင်ထားပြီးပါပြီ။ Exo-K အနေနဲ့ ငါးဆု ၊ Exo-M အနေနဲ့ လေးဆု ရရှိထားပါတယ်။ ၂၀၁၃ ခုနှစ် ဇွန်လ (၁၄)ရက်နေ့မှာတော့ သူတို့ရဲ့ single သီချင်း “wolf” ဟာ တောင်ကိုရီးယား တေးဂီတအစီအစဉ်တစ်ခုဖြစ်တဲ့ Music Bank မှာ နံပါတ်တစ်နေရာကို ရရှိခဲ့ပါတယ်။ အဲဒီအပါတ်မှာပဲ Show! Music Core နဲ့ The Music Trend တို့မှာပါ နံပါတ်(၁)ဆု အသီးသီးရရှိခဲ့တဲ့အတွက် ဒီသီချင်းဟာ သုံးထပ်ကွမ်းအောင်မြင်ခဲ့ရပါတယ်။

ဒီအောင်မြင်မှုများရဲ့ နောက်ဆက်တွဲအနေနဲ့ “တောင်ကိုရီးယား လူငယ်ကြက်ခြေနီ အသင်း”ရဲ့ သံတမန်အဖြစ် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

Ref:wikipedia

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.