ဘာလို့ပျော်ရွှင်စရာမကောင်းတဲ့Relationship တစ်ခုမှာကြိုးစားပြီး နေထိုင်နေကြတာလဲ?

လူတိုင်းဟာ ပျော်ရွှင်စရာကောင်းပြီး ပြီးပြည့်စုံတဲ့ RS တစ်ခုကိုပိုင်ဆိုင်ချင်ကြပါတယ်။ ယနေ့ခေတ် social media တွေ ထွန်းကားလာတဲ့အချိန်မှာလည်း ကိုယ့်ချစ်သူနဲ့ဘယ်လို ပျော်နေကြောင်း ၊ ဘယ်လောက်သာယာကြောင်းပြချင်တာလည်း လူ့သဘာဝပဲလေ။ ဒါပေမဲ့ လူ့အကြိုက်နတ်မလိုက်နိုင်ဆိုသလိုပဲ အမြဲပျော်ရွှင်စရာကောင်းတဲ့ဘ၀ဆိုတာတော့မရှိပါဘူး။တစ်ယောက် အနာတစ်ယောက်ဖာရင်းထေးရင်းနားလည်မှူတွေကိုယ်စီနဲ့ ရှေ့ဆက်နိုင်မှကောင်းမွန်တဲ့ချစ်သူဘ၀လည်း ရောက်ရှိလာနိုင်မှာပါ။ အာ့လို ရုန်းကန်းကြိုးစားနေရတဲ့အချိန်မှာ ပင်ပန်းပင်မဲ့ကိုယ့်ချစ်သူနဲ့ဆိုရင်ဆိုတဲ့အတွေးမျိုးနဲ့ပျော်ပျော်ရွှင်ရွှင်ကြိုးစားအားထုတ်နိုင်မှသာစစ်မှန်တဲ့ချစ်ခြင်းမေတ္တာနဲ့ပျော်စရာကောင်းတဲ့RSဖြစ်မှာပါ။ ကိုယ့်ဘက်က အာ့လို မစွမ်းဆောင်ချင်ဘုး တစ်နည်း အားဖြင့်သူ ဘယ်လောက်ကောင်းကောင်း ကိုယ်ကနားမလည်ဘူး၊ ကိုယ်ဘက်ကကောင်းနေရင်လည်းသူကနားလည်မှုမရှိဘူး အဲ့လိုမျိုးသဘောထားတွေရှိလာပြီဆိုရင် အချစ်ပါတဲ့RSမျိုး ဟုတ်သေးရဲ့လား တွေးပြီး ရုန်းထွက်သင့်ရင်ရုန်းထွက်ပါ။

ဘယ်လို လူမျိုးတွေ က ဘယ်လိုအကြောင်းကြောင်း ရုန်းမထွက်နိုင်ကြတာလဲ?
(၁) အရှက်ကွဲမှာကြောက်တဲ့သူ
အထူးသဖြင့်မိန်းကလေးတော်များများ ဟာ ကိုယ်ရွေးချယ်ထားတဲ့လူတစ်ယောက်နဲ့ပဲတစ်ဘ၀လုံး လက်တွဲသွားချင်ကြပါတယ်။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွေသိထားပြီးသား ဖြစ်တဲ့ RS တစ်ခုကို လွယ်လွယ်
မဖြတ်တောက်နိုင်ကြပါဘူး။ဒါကြောင့် အသက်မပါတဲ့အချစ်တွေနဲ့တစ်ယောက်နဲ့တစ်ယောက် လူအများ ရှေ့ မှာကြိုးစားပြီး ဟန်ဆောင်ပျော်ပြတက်ကြပါတယ်။
(၂) အချိန်ကိုစောင့်သူ
စစချစ်ခါစကြိုက်ခါစမှာတော့တစ်ယောက်နဲ့တစ်ယောက် မေတ္တာပိုခဲ့ကြပေမဲ့ အချစ်စစ်မမှန်တဲ့အတွက် ကြာလာရင် စိတ်ရင်းပေါ်ပြီး ရင့်သီးလာကြပါတယ်။ အာ့လို အချိန်မှာသူများပြောင်းလဲလာမလားဆိုတဲ့စိတ်နဲ့ စောင့်ဆိုင်းနေတက်ကြပါတယ်။ဒ
တစ်ခုသိထားဖို့ကလူတစ်ဦးရဲ့ မျိုးရိုး အကျင့်က လွယ်လွယ်ပြင်လို့မရနိုင်ပါဘူး အထူးသဖြင့်ကိုယ့်အပေါ်စိတ်မရှိတဲ့လူတစ်ယောက်ဟာ လုံးဝမပြောင်းလဲနိုင်ပါဘူး။
(၃) အချစ်ကြီးသူ
RS တစ်ခုမှာ ကိုယ့်ဘက်ကပဲသေလောက်အောင်ချစ်နေလဲ သူ့ဘက်ကအချစ်စစ် မမှန်ရင် မမြဲပါဘူး။ဒါကြောင့်အရိုးကြေကြေအရည်ခမ်းခမ်း ဆိုတဲ့မိုက်ရူးရဲဆန်တဲ့စိတ်မျိုးနဲ့ မပျော်ရတဲ့RSဘသမှာကြိုးစားမနေပဲရုန်းထွက်နိုင်အောင်ကြိုးစားပါ။
လူတိုင်းဟာ သူ့ကံအကြောင်းတရားသူ ရှိလာပြီးသားမလို့ မပျော်ရွှင်ရပဲ စိတ်မချမ်းသာရတဲ့FAKE RS ဘ၀မှာအချိန်ကုန်ခံပြီး ကြိုစားမနေထိုင်ကြပါနဲ့။

629 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.