ဟိုတစ်ပတ်ကကောင်မလေးကို လက်ဆောင်ပေးနည်းလေးတင်ပေးခဲ့တယ်ဟုတ်… OK ဒီတစ်မှာတော့ကိုယ့်ကောင်လေးကို ဘယ်လိုလက်ဆောင်လေးတွေပေးသင့်လဲဆိုတဲ့နည်းလမ်းလေးတွေကို အနီးစပ်ဆုံးသိသလောက်ဝေမျှပေးလိုက်ပါတယ်။
ယောင်္ကျားလေးတွေဟာ မိန်းကလေးတွေနဲ့များသောအားဖြင့်အယူအဆကွဲပြားပါတယ်။ သူတို့ရဲ့ လက်ဆောင်ပစ္စည်းရရှိမှုပေါ် ခံစားရတဲ့အယူမဆဟာကိုယ်တွေမိန်းကလေးတွေနဲ့ မတူနိုင်တာကြောင့် လက်ဆောင်ရွေးဝယ်ရတော့မယ်ဆိုရင် ပျိုမေတို့ စဉ်းစားရခက်နေပါလိမ့်မယ်။ ကိုယ်ချစ်သူကပေးတာပဲကြိုက်ကြိုက်မကြိုက်ကြိုက်ယူ ရမယ်ဆိုပေမဲ့လည်း ကိုယ်ချစ်တဲ့ကောင်လေးစိတ်ကိုဖမ်းစားချင်တဲ့လက်ဆောင်မျိုးတော့ပေးချင်ကြမှာပေါ့…
ယောင်္ကျားလေးတွေ သဘောကျတက်တဲ့လက်ဆောင်မျိုးကို ဖန်တီးပေးမယ်ဆိုရင်…
(၁) သိပ်ခမ်းနားစရာမလိုပါဘူး
ယောင်္ကျားလေးတွေရဲ့ ပင်ကိုယ်ဗီဇ ဟာများသောအားဖြင့် မိန်းကလေးတွေလောက် ခမ်းနားကြီးကျယ်ဝံ့ကြွားမှာကို မမက်မောကြပါဘူး။ အခန်းတစ်ခန်းမှာ ဖယောင်းတိုင်းတွေဘောလုံးတွေနဲ့ လုပ်ပေးတဲ့supriseကိုမိန်းကလေးတွေသာ ရင်ခုန်ကြတာပါ။
(၂) ဘာကြိုက်တက်လဲ အရင်ကြည့်ပါ
ပြောချင်တာက သူ့ ကိုဘာဝယ်ပေးရင်ကောင်းမလဲဆိုတာမျိုးထက် သူဘာကို ၀ါသနာပါလဲ၊ သူ့ အကြိုက်တွေကဘာလဲ ဆိုတာသိပါစေ။ ဥပမာ-ကိုယ့်ကောင်လေးက ဘောလုံးဝါသနာရှင်ဆိုရင် သူ့ အတွက်ခြေအိတ်တစ်စုံ ၊ ဘောလုံးအင်္ကျီတစ်ထည်က supriseတွေထက် အများကြီးသူ့ စိတ်ကို ဖမ်းစားစေပါတယ်။ သူ့ စိတ်ထဲမှာ ကိုယ်ဟာသူ့ ဝါသနာသူ့ အကြိုက်ကိုသိနေပါလားဆိုပြီးပျော်နေတက်ပါတယ်။
(၃) သူတို့ အတွက်သူတို့ ဘာဝယ်တက်လဲ လေ့လာပါ
ကိုယ့်ကောင်လေးနဲ့shopping ထွက်တဲ့အခါ သူ့အတွက်သူဘာအသုံးဆောင်တွေဝယ်လဲဆိုတာကြည့်ပါ။ သူပုံမှန်ဝယ်နေကျ သူ့ အတွက်လိုအပ်တဲ့ပစ္စည်းလေးကိုသူ့ ကိုပေးလိုက်မယ်ဆိုရင် မထင်မှတ်ပဲ အရမ်းကြည်နူးသွားပါလိမ့်မယ်။သူ့ အသုံးအေဆောင် အသေးမွှားလေးတွေကို မှတ်ထားပေးလို့ ကိုယ့်ကိုသူ ပိုချစ်နေမှာပါ။
(၄) ပုံစံကို သိပါစေ
ကိုယ့်ကောင်လေးရဲ့ Typeကိုသိပါစေ။ ဥပမာ-တစ်ချို့ ကောင်လေးတွေကလူအေး ၊ အာ့လိုလူအေးတွေကို အကွက်တွေအပြောက်ကြီးတွေနဲ့ အင်္ကျီဝယ်ပေးတာမျိုး ၊ ခပ်ဟော့ဟော့ နေတက်တဲ့ကောင်လေးကေို ကျမ်းစာအုပ်တွေသမိုင်းကြောင်းတွေ ဖတ်ဖို့ ဝယ်ပေးတာမျိုး မလုပ်ပါနဲ့ ။ သူနေတဲ့Lifestyle နဲ့ ကိုက်ညီတဲ့ လက်ဆောင်မျိုးရွေးဝယ်ပေးပါ။ ၀ယ်ပေးဖြစ်တဲ့လက်ဆောင်တိုင်းဟာ တန်ဖိုးနည်းရင် နည်းပါစေ အဓိပ္ပါယ်ရှိဖို့တော့မမ့ပါနဲ့။
ကိုယ့်ကောင်လေးရဲ့ စိတ်ကိုဖမ်းစားနိုင်တဲ့လက်ဆောင်မျိုးလေးတွေကို ရွေးချယ်နိုင်ကြပါစေ လို့ စေတနာဖြင့်...