အလှအပရေးရာ တိုတိုထွာထွာ

မသိသူကျော်သွား သိသူဖော်စား အလှအပနည်းလမ်းများ

ဒီ Article လေးမှာတော့ လူအများစုမသိရှိကြသေးပေမယ့် အမှန်တကယ်အသုံးဝင်လှတဲ့ အလှအပရေးရာအတိုအထွာလေးတွေကို ဖော်ပြပေးသွားမှာပါ။

 

ဦးရေပြားအဆီထွက်သူများအတွက်

ခေါင်းလျှော်ထားတာ နှစ်ရက်လားရှိသေးတယ်၊ ဆံပင်တွေစီးကပ်လာပြန်လို့စိတ်ညစ်နေရလား။ ဆံပင်အဆီထွက်တာတွေ ဦးရေပြားအဆီအလွန်အကျွံထွက်ခြင်းကို ရှောင်ရှားဖို့ အိမ်သုံးဆား ဒါမှမဟုတ် ပင်လယ်ဆား နှစ်ဇွန်းသုံးဇွန်းလောက်ကို သင်သုံးမယ့် ခေါင်းလျှော်ရည်ထဲကို ထည့်ပြီး လျှော်ပေးပါ။ တစ်ပတ်ခန့််ကြာတဲ့ အထိ သင့်ဆံနွယ်တွေက စီးကပ်မှုမရှိပဲ သန့်ရှင်းလှပနေမှာပါ။

 

မျက်လုံးအားကောင်းစေဖို့

မျက်လုံးနဲ့အာရုံစိုက်ပြီး အလုပ်လုပ်ရတဲ့သူတွေအတွက် မျက်လုံးအားကောင်းစေဖို့နဲ့ မျက်ကွင်းညိုတာတွေသက်သာစေဖို့ နည်းလမ်းလေးပါ။
သင်ကကော်ဖီကြိုက်သူတစ်ယောက်ဆိုရင် ကော်ဖီအနှစ်တွေကို လွှင့်မပစ်ပါနဲ့။ ကော်ဖီအနှစ်တွေထဲကို အုန်းဆီအနည်းငယ်လောက်ရောပြီး မျက်လုံးအောက်မှာ ၁၅မိနစ်မှ နာရီဝက်ခန့်ထားပေးပါ။ နေ့စဉ်ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် မျက်လုံးအားကောင်းစေတဲ့အပြင် Dark circles တွေကိုပါ တာ့တာပြလို့ရပါပြီ။

 

အကြောပြတ်တာတွေပျောက်ဖို့

ကီးငယ်မဟူ မိန်းကလေးအများစုကြီးကို ဒုက္ခပေးနေတာကတော့ အကြောပြတ်ရာတွေပါ။ အတိုဝတ်ချင်လည်းမဝတ်ရနဲ့ အတော်လေးစိတ်ဒုက္ခရောက်ရပါတယ်။ ဒါကို ဖြေရှင်းနိုင်မယ့်နည်းလမ်းကတော့ ဂျင်းပြားလေးတွေရယ် mask လုပ်ရာမှာ သုံးတဲ့ ရွံ့အနည်းငယ်ရယ် ( cosmetic clay လို့မေးပြီး supermarket မှာ ဝယ်လို့ရပါတယ်) ကို ရေကြက်သီးနွေးလေးနဲ့ ရောပြီး အကြောပြတ်တဲ့ နေရာလေးတွေကို လိမ်းပေးပါ။

 

ခြေတွေလက်တွေချောမွေ့စေရေး

သကြားအဖြူကို သံပုရာရည်ရယ် ရေအနည်းငယ်ရယ်နဲ့ ရောပြီးအပူပေးပါ။ ရွှေရောင်ပြောင်းသွားတဲ့အထိ အပူပေးပြီးမှ အအေးခံပြီးလိမ်းပေးပါ။ နာရီဝက်ခန့်ထားပြီး ရေစင်စင်ဆေးချပေးပါ။

 

မျက်နှာလေးတစ်နေကုန်အေးပြီးလှပနေဖို့

မိတ်ကပ်တွေ မလိမ်းခင် လျှားစောင်းလက်ပတ်အနှစ်ကို ရေအေးလေးနဲ့ရောပြီး မျက်နှာကို ဖျန်းပေးပါ။ မျက်နှာအသားအရေကအကုန်အစင်စုပ်ယူပြီး သွေ့ခြောက်သွားတဲ့အထိစောင့်ပြီးမှ ကျန်တာတွေဆက်လူးပါ။

 

ဆံနွယ်တွေတစ်နေကုန် မွှေးပျံ့နေစေဖို့

ကိုယ်ခေါင်းဖြီးမယ့် ဘီးထဲကို ရေမွှေးအနည်းငယ်ဆွတ်ဖျန်းပြီးမှ ခေါင်းဖြီးပေးပါ။

 

ရင်သားတွေ တင်းရင်းပုံကျအောင်

ညအိပ်ရာမဝင်ခင် Vaseline အဆီလေးလူးပြီး နှိပ်နယ်ပေးပါ။ ကလေးနို့တိုက်နေရသေးတဲ့ မိခင်တွေလုပ်ဖို့မသင့်ပါ။

652 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.