ကိုယ့်ကောင်မလေးကြွေအောင်လက်ဆောင်ပေးနည်း

Relationship တစ်ခုမှာ အပြန်အလှန် အမှတ်တရ လက်ဆောင် ပေးခြင်းဟာ ချစ်စရာကောင်းတဲ့အလေ့အထ တစ်ခုပါ။ တန်ဖိုး မကြီးမားရင်တောင် တစ်ယောက်ဆီ ကတစ်ယာက်
အမှတ်တရ လက်ဆောင်မျိုးလို ချင်တက်ကြပါတယ်။ ကိုယ့်ကောင်မလေးကို ကိုယ်က လက်ဆောင်ခနခနပေးလည်း သူ့ ဆီကအရမ်းပျော်ရွှင်သွားတဲ့ အရိပ်အယောင် မပြဘူး ဆိုရင်
ပေးပုံပေးနည်း နည်းလမ်းလေး ပြောင်းလဲဖို့  လိုအပ်နေပါပြီ …
(၁) တကယ့်နေ့ တွေကို မမေ့ပါနဲ့ 
ချစ်သူများနေ့ ၊ မွေးနေ့ ၊ နစ်ပတ်လည်နေ့ တွေမှာ ကိုယ့်ဆီက အမှတ်တရလက်ဆောင်တွေမျှော်လင့်တက်ကြပါတယ်။ အဲ့ဒီလိုနေ့ မျိုးတွေမှာ ပေးဖို့ မမေ့ပါနဲ့ ။ တန်ဖိုး
ကြီးကြီး မကြီးကြီး စိတ်ရင်းနဲ့ သတိတရပေးပေးပါ။
(၂) ကိုယ့်အတွေးကိုပြောပြပါ
ကိုယ်ပေးတဲ့လက်ဆောင်ဟာ ဘယ်လိုတွေးပြီး ၀ယ်လာတာ ဆိုတာကိုမြင်သာအောင်ပြောပြပါ။ ဥပမာ-အပြာရောင်ကိုသဘောကျတက်တဲ့ကောင်မလေးမို့ အပြာရောင်
လေးဝယ်လာပေးတာပါဆိုတာမျိုး အာ့လို မျိုးကိုယ့်ခံစားချက်ကိုထုတ်ပြပါ။
(၃) ဘာဝယ်ပေးရမလဲ မမေးပါနဲ့ 
ကိုယ့်ချစ်သူမိန်းကလေး ဘာလိုအပ်လဲ၊ ဘယ်အရာကသူ့ အတွက်အသုံးဝင်နိုင်မလဲဆိုတာစဉ်းစားပါ ။ သူနဲ့ သင့်တော်လိုက်ဖက်မဲ့အရာကို ကိုယ့်ဘာသာရှာဖွေပါ။
(၄) သူ့ တန်ဖိုးနဲ့ သူရှိပါစေ
တန်ဖိုးကြီးလက်ဆောင်ပေးရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ပေးတဲ့လက်ဆောင်တိုင်းဟာ သူ့ အဓိပ္ပါယ်နဲ့ သူတန်ဖိုးရှိနေပါစေ။
(၅) သီးသန့် လေးဖြစ်နေပါစေ
ကိုယ်ပေးတဲ့လက်ဆောင်ဟာ အခုလက်ရှိမှာလူကြိုက်များ လို့ တိုးဝယ်နေကြတဲ့အရာမျိုးတွေထဲကမဟုတ်ပဲ သူ့ အတွက်ထူးထူးဆန်းဆန်းလေးနဲ့ စိတ်လှုပ်ရှားစရာကောင်းပါစေ။ ဥပမာ-ခရီးတူတူထွက်ဖို့ လက်မှတ်လေးဝယ်ထားတာမျိုးပေါ့။
အပေါ်ကနည်းလမ်းလေးတွေကြည့်ပြီးကိုယ့်ကောင်မလေး ကို လက်ဆောင်ကောင်းကောင်းလေးပေးရင်း အချစ်တွေတိုးကြပါစေ။

207 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.