သင့်သူငယ်ချင်း မင်္ဂလာဆောင်ပဲဖြစ်ဖြစ်၊ ဘယ်သူ့မင်္ဂလာမဆောင်ပဲဖြစ်ဖြစ် ဘာလက်ဖွဲ့မှန်းမသိရင် ဒီပစ္စည်းတွေကို သတိရလိုက်ပါ။ဒီပစ္စည်းတွေမြင်တိုင်း ထူးထူးခြားခြား လက်ဖွဲ့တတ်တဲ့သင့်ကို သူတို့သတိရနေမှာဖြစ်ပါတယ်။ ကိုယ့်ကိုသတိရနေစေမယ့် ထူးခြားဆန်းပြားလက်ဖွဲ့တွေက ဘာဖြစ်မလဲ.. ကြည့်ရအောင် ..။
အပူချိန်မတူညီတဲ့ အိပ်ယာခင်း
လင်မယားတွေ ရန်ဖြစ်စရာမလိုတော့ဘူး။ တစ်ယောက်က နွေးတဲ့အခြမ်းမှာအိပ်ချင်တယ်။ တစ်ယောက်က အေးအေးလေးနဲ့အိပ်ချင်တယ်ဆိုရင် ဒီအိပ်ယာခင်းလေးက နှစ်ယောက်ကြားဆက်ဆံရေးကိုပိုမိုသင့်မြတ်စေမှာပါ။
Ying-yang ရေချိုးဇလုံ
အင်တာနက်မှာ တွေ့နေရတယ်..စုံတွဲတွေ အတူတူရေချိုးကြတဲ့ပုံလေးတွေ။ အားကျလို့ရှယ်နေသူတွေမှ တစ်ပုံကြီး။ ဒီရေချိုးဇလုံလေးထဲမှာ ချစ်တဲ့သူနဲ့ အတူတူရေချိုးရမယ်ဆိုရင်ရော ဘယ်လိုလဲ? ဒါမှမဟုတ် မင်္ဂလာ လက်ဖွဲ့အဖြစ်ပေးမယ်ဆိုရင်ရော? သင့်ကို ထိုလင်မယားတော့ကျေးဇူးတင်နေတော့မှာနော်။ အရမ်း ရိုလို့ကောင်းလို့။ xP
Rocking ထိုင်ခုံ
အနားယူမလား ၊ စာဖတ်မလား နှစ်ယောက်အတူတူ တစ်ခုံတည်းထိုင်လို့ရမယ့်ခုံဖြစ်ပါတယ်။
နှစ်ယောက်တစ်အိမ်သာ
Beauty and the Beast နှင်းဆီ
ပုံပြင်ဇာတ်လမ်းတွေ သဘောကျတဲ့ချစ်သူတွေအတွက် အိုင်ဒီယာကောင်းတဲ့ လက်ဖွဲ့လေးဖြစ်ပါတယ်။
၂ယောက်စာ အတွင်းခံ
ဘယ်လိုကြီးလဲ ? xD
၂ယောက်စာ အနွေးထည်
ပိုနွေးသွားပြီ :V
Kissenger
အနေဝေးနေတဲ့ ချစ်သူတွေအတွက် အသစ်ထုတ်လုပ်လိုက်တဲ့ Kissenger
နှစ်ယောက်ဆောင်း ထီး
ထီးသေးသေးလေး နှစ်ယောက်ဆောင်းပြီး မိုးစိုခံစရာမလိုတော့ဘူး။
နှစ်ယောက်အတူတူ အပြည့်အဝဆောင်းလို့ရတဲ့ ထီးရှိနေပြီ။
လက်အိတ်
ခုလို ဆောင်းရာသီမှာ ကွတ်တိပဲပေါ့။ ချစ်သူတွေ တစ်ယောက်လက်ကို
တစ်ယောက်နွေးနွေးထွေးထွေးလေး ကိုင်ပေးလို့ပြီ။