၂၀၁၈ကို စိတ်သစ်လူသစ်နဲ့ပျော်ရွှင်စွာဖြတ်သန်းချင်တယ်ဆိုရင်…ဒါလေးတွေသိထားဖို့လို

လာမယ့် ၂၀၁၈ခုနှစ်မှာ စိတ်သစ်လူသစ်နဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့အရေးကြီးပါတယ်။ အရေးမပါတာတွေကိုဒီနှစ်မှာအပြီးထားခဲ့ပြီး လာမယ့်နှစ်သစ်တွေမှာ ဘ၀ကို အကျိုးရှိရှိနဲ့ဖြတ်သန်းနိုင်ဖို့လိုအပ်ပါတယ်။လူရောစိတ်ပါပျော်ရွှင်ကျန်းမာမှ လူ့ဘ၀ကြီးမှာ နေရကျိုးနပ်မှာမဟုတ်လား။ဒါဆိုရင် ၂၀၁၈မှာ စမတ်ကျကျနဲ့ ဘ၀ကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မယ့်နည်းလမ်းလေးတွေ၊အကြံကောင်းလေးတွေပေးချင်ပါတယ်။

၁။ကျန်းမာရေးကိုဂရုစိုက်ပါ

အရေးကြီးဆုံးကကျန်းမာရေးပါ။ကျန်းမာရေးမကောင်းရင် စိတ်သွားတိုင်းကိုယ်ပါမှာမဟုတ်ပါဘူး။ ကျန်းမာရေးကောင်းဖို့နဲ့အသားအရည်ကြည်လင်လှပဖို့ အသီးအရွက်တွေများများစားပါ။ အဆီအဆိမ့်တွေကို ဒီနှစ်ကထက်ပိုလျှော့ပါ။လေ့ကျင့်ခန်း၊အားကစားမှန်မှန်လုပ်ဖို့ကြိုးစားပါ။အဲ့ဒါမှ အဆီလည်းကျ ကျန်းမာရေးအတွက်လည်းကောင်းမွန်စေမှာပါ။

၂။ပညာရေး

ပညာရေးက ဘယ်လောက်ပဲလေ့လာလေ့လာ မကုန်မခမ်းနိုင်ပါဘူး။ ဒီနှစ်မှာမသင်ခဲ့ရတဲ့စာတွေ ၊မလေ့လာခဲ့ရတဲ့စာတွေကိုလေ့လာပါ။သင်ယူပါ။ပညာအရည်အချင်းပြည့်ဝနေတဲ့လူတစ်ယောက်ဟာ အမြဲတမ်းအထင်ကြီးလေးစားခံရမှာပါ။

၃။အလှအပ

လူ့အရေပြားတစ်ထောက်စာထက် အတွင်းစိတ်လှပဖို့ကပိုပြီးအရေးကြီးပါတယ်။ အတွင်းစိတ်မလှရင် အပြင်ရုပ်ကိုဘယ်လောက်ပဲပြင်ပြင် မျက်နှာမှာလာပေါ်နေတတ်ပါတယ်။ ဒီနှစ်ထဲမှာ သူများအပေါ်မကောင်းမြင်စိတ်တွေရှိခဲ့ရင် နောက်နှ်စ်ထိပါမလာအောင်လုပ်ပါ။ သူများတွေကိုလည်းအကောင်းမြင်အားပေးရင်း ကိုယ့်ပျော်ရွှင်မှုအစစ်အမှန်ကိုရှာပါ။

၎။ဝတ်စားဆင်ယင်မှု

အရင်က ဟော့ဟော့ရမ်းရမ်းတွေဝတ်စားခဲ့ဖူးရင် နောက်နှစ်မှာ ရိုးရိုးယဉ် ယဉ်လေးတွေပြောင်းလဲ ၀တ်ဆင်ပါ။ဖက်ရှင်အသစ်အဆန်းလည်းဖြစ်သလို အသက်လည်းတစ်နှစ်ထက်ကြီးလာပြီဖြစ်လို့ ရင့်ကျက်ရမယ့်အရွယ်ရောက်နေပါပြီ။အမြဲတမ်းရိုးရိုးယဉ်ယဉ်အ၀တ်အစားလေးတွေဝတ်နေကျသူတွေကလည်း နောက်နှစ်မှာစမတ်ကျကျနဲ့ ဒီထက်ပိုလှပြီးကျက်သရေရှိအောင်နေပါ။ အတိုအပြတ်တွေဝတ်တာထက် စမတ်ကျကျနဲ့လုံလုံခြုံခြုံဝတ်ဆင်တာက တခြားသူတွေရဲ့ အထင် အမြင်လွဲတာ၊ အထင်အမြင်သေးတာတွေမဖြစ်စေပါဘူး။သူ့အရပ်နဲ့သူ့ဇာတ်ဆိုပေမဲ့ ၀တ်စားဆင်ယင်မှုက မပြင်ဆင်တတ်ရင် လူအများအမြင်မှာ အထင်သေးစရာဖြစ်ခံရတတ်ပါတယ်။ လူဆိုတာကိုယ့်တန်ဖိုးကိုယ်မြှင့်ပြီးနေရပါမယ်။

၅။ကိုယ်ပိုင်ပျော်ရွှင်မှုရှာပါ

ကိုယ်လုပ်ချင်တာကိုလုပ်နေရရင် ပျော်နေတာပဲဆိုတာထက် ကိုယ်ကဘယ်နေရာမှာ ပိုပြီးပျော်ရွှင်မှုရှိတာလဲရှာဖွေပါ။ခရီးသွားရတာလား၊စာဖတ်တာလား၊အားကစားလုပ်ရတာလား၊သီချင်းဆိုရတာလားစသဖြင့်ကိုယ့်ရဲ့ပျော်ရွှင်မှုက ၀ါသနာပေါ်အခြေခံပြီးလာတတ်ပါတယ်။ ကိုယ်ဝါသနာပါတဲ့အလုပ်၊ကိုယ့်ပျော်ရွှင်မှုရှိတယ်လို့ခံစားရတဲ့နေရာကိုရှာဖွေပါ။ခရီးသွားရတာပျော်ရင် ခရီးများများသွားနိုင်အောင်ရည်ရွယ်ပြီးအလုပ်ကြိုးစားပါ။စာဖတ်ရတာပျော်ရွှင်ရင် စာအုပ်ဖိုးတွေစုပါ။စာအုပ်စာပေလူ့မိတ်ဆွေဆိုသလို စာအုပ်ကောင်းတွေဝယ် ယူနိုင်ဖို့ကြိုးစားပါ။ အချိန်လည်းအလဟသာမဖြစ်သလို ကိုယ့်ရဲ့အနာဂတ်အတွက်လည်းကြိုးစားမှုပိုရှိစေပါတယ်။

၆။မိသားစုကိုတန်ဖိုးထားပါ

မိသားစုဆိုတာ ကိုယ်အဆင်မပြေတဲ့အချိန်၊ကိုယ်အားငယ်နေတဲ့အချိန်မှာ အားပေးနှစ်သိမ့်ပေးမယ့် အရင်းနှီးဆုံးလူတွေပါ။ဒီနှစ်ထဲမှာမိသားစုနဲ့အဆင်မပြေဘူးလား။အဆင်မပြေတာတွေမေ့ထားလိုက်ပါ။ဘ၀ဆိုတာ တိုတိုလေးရယ်။အဲ့ဒါကြောင့် မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ကြိုးစားပါ။ အတူတူရှိနေတဲ့အချိန်မှာ မိဘ၊မောင်နှမတွေအတွက် အကောင်းဆုံးဖြည့်ဆည်းပေးပါ။ မိသားစုကိုအချိန်ပေးပါ။မြတ်နိုးတန်ဖိုးထားရတဲ့လူတွေမရှိဘူးဆိုရင် ဘ၀ကြီးက ဒီအတိုင်းဖြတ်သန်းရမှာ ပျင်းစရာကောင်းတယ်မဟုတ်လား။ကိုယ့်ကိုယ်ကိုလည်းတန်ဖိုးထားပြီး အများအတွက် အကျိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်လုပ်ပါ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.