သင်ဟာ အခုမှလုပ်ငန်းခွင်ထဲစဝင်မယ့်လူလား ?

” အလုပ် ” ဆိုတဲ့အသံကြားတာနဲ့ လူအများစုက မျက်လုံးပြူးသွားကြတယ်။ မနက်အစောကြီးထပြီး ကားတိုးစီး၊ မနက်စာလွတ်၊ ခေါင်းခဲ၊ ညောင်းညာ၊ ပျော်ပါးရမယ့်အချိန်တွေမရှိတော့ဘူးလို့ တွေးပြီး စိတ်ညစ်နေပြီလား? စိတ်မညစ်ပါနဲ့ … ကိုယ်ဝါဿနာပါရာနဲ့ ကိုယ်လုပ်နေတဲ့ အလုပ်ထပ်တူကျဖို့ပဲလိုတာပါ။အခုမှ လုပ်ငန်းခွင်ထဲဝင်မယ့် ပေါက်စနလေးတွေအတွက် အလုပ်နဲ့ပတ်သတ်ပြီး သိထားသင့်တဲ့အချက်လေးတွေပြောပြပေးသွားပါမယ်။

အလုပ်စဝင်ပြီဆိုတာနဲ့ ရုံးကသတ်မှတ်ထားတဲ့အချိန် ကွက်တိသွားတာမျိုးမလုပ်ပဲ..စောသွားပါ။ ၁၅မိနစ်လောက်စောရောက်နေလို့ဘာမှမဖြစ်ဘူး။ ၁၅မိနစ်လောက်နောက်ကျပြီးသွားရင်တော့ ပထမဆုံးရက်မှာတင် အစမကောင်းဘဲနေမယ်။ အလုပ်ကိုအချိန်မှီသွားဖို့လောက်တောင် မကျေပွန်တဲ့လူတစ်ယောက်ကို တာဝန်တွေဘယ်လိုပေးမလဲ?

အလုပ်ကိုလာတဲ့အသစ်ဆို အားလုံးကအကဲခတ်နေကြမှာ။ ကျောင်းတက်တုန်းကလို ကျောင်းသားသစ်ရောက်လာရင် ဝိုင်းပြီး အကဲခတ်ကြသလိုပေါ့။ကိုယ့်ဘာသာနေနေတာတောင် အလိုလိုကြည့်မရတဲ့မျက်လုံးတွေရှိနေလိမ့်မယ်။ အတတ်နိုင်ဆုံးပြုံးပြုံးရွှင်ရွှင်နေပါ။ ခေါ်စရာရှိ ခေါ် ၊ပြောစရာ
ရှိပြော။ ” ဆိတ်ဆိတ်နေခြင်းသည် ရွှေသမျှတန်ဖိုးရှိတယ် ” ဆိုတဲ့စကားလိုပဲ သူများက ၁ဝခွန်းလောက်ပြောရင် ကိုယ်က ၃ခွန်းလောက်ပဲပြောပါ။ စကားသိပ်နည်းရင် လူတွေက လူရိုးလူအလို့ ထင်တတ်ကြတယ်။ အမှန်က စကားတွေအများကြီးပြောမှ ကိုယ်ညံ့တာအကုန်ပေါ်ကုန်တာပါ။

စကားတွေအများကြီး လျှောက်ပြောမနေဘူး..ဒါပေမယ့်သိချင်တာရှိလို့ မေးလိုက်ရင် အကုန်သိနေတဲ့လူမျိုးကျတော့ သဘောမကျတဲ့လူမရှိဘူး။နောက်အရေးကြီးတာက ကိုယ်လုပ်ရမယ့်အလုပ်နဲ့ ၊ ကိုယ်နဲ့တွဲဖက်လုပ်ရမယ့်လူတွေအကြောင်းကို သိနေဖို့ပါ။ အလုပ်ထဲကလူတွေနဲ့အဆင်မပြေမှာစိုးလို့ ကြိုပြီး တွေးကြောက်တာမျိုးတော့မဖြစ်စေချင်။ အလုပ်ထဲမှာပျော်ပျော်ရွှင်ရွှင်နဲ့လုပ်ချင်တယ်ဆို လိုက်နာသင့်တဲ့ အဆင့်လေးတွေရှိတယ်။
– အလုပ်နဲ့ကိုယ် အံ့ဝင်ခွင်ကျဖြစ်နေရမယ်
– အလုပ်ကို အရမ်းမလုပ်ရဘူး
– ဒီအလုပ်မှာ ငါအောင်မြင်နေတယ်လို့ ခံယူထားရမယ်.. တဲ့။

အလုပ်နဲ့ အံ့ဝင်ခွင်ကျဖြစ်ဖို့ဆိုတာ ကိုယ်ကျွမ်းကျင်နေတဲ့အလုပ်ကိုလုပ်နေဖို့ပြောတာပါ။အလုပ်ချည်းပဲ အရမ်းမလုပ်ပါနဲ့။ အလ္လာပ သလ္လာပပြောဖို့အချိန်လေးတော့ ထားပါ။ မဟုတ်ရင် ကိုယ်နဲ့
အလုပ်ကလူတွေနဲ့ သီးသန့်ကြီးလိုဖြစ်နေလိမ့်မယ်။ အလုပ်မှာပျော်ရွှင်မှု ရှိ၊ မရှိဆိုတာ ငါဒီအလုပ်မှာ အောင်မြင်မှုရှိတယ်လို့ခံယူထားတဲ့ ကိုယ့်ရဲ့စိတ်နဲ့ပဲသက်ဆိုင်ပါတယ်။ ရည်မှန်းချက်၊ ဦးဆောင်တတ်မှုနဲ့ တာဝန်ယူစိတ်သာအပြည့်အဝရှိရင် အိုကေပြီ ! ပြောပြသွားတဲ့ အချက်လေးတွေတိုင်း လိုက်လုပ်ကြည့်ပါ။ မခက်ခဲပါဘူး။ လုပ်ငန်းခွင်ထဲ ခုမှစဝင်မယ့် ပေါက်စနလေးတွေအားလုံးအဆင်ပြေပါစေ! 😉

118 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.