သေဆုံးသွားသူတွေရဲ့ဝိညာဉ်တွေ သင့်အနားမှာရှိနေတယ်ဆိုတာဒီအချက်တွေကနေသိနိုင်

ချစ်ရတဲ့မိသားစု၊ဆွေမျိုး၊သူငယ်ချင်းတစ်ယောက်ယောက်ဆုံးပါးသွားတဲ့အခါမှာ ၀မ်းနည်းကြေကွဲမှု ကို ခံစားနေရတဲ့အပြင် သင့်အနားမှာသူတို့ရှိနေသလို ခံစားနေရပါသလား? တစ်ခါတစ်လေ သူတို့ကသင့်အနားမှာရှိနေပေမဲ့ မြင်နိုင်မှာမဟုတ်ပါဘူး။သေဆုံးသွားတဲ့ ၀ိညာဉ်တွေကို သင်မမြင်နိုင်ပေမဲ့ ဒီအချက်လေးတွေကိုသတိထားမိတယ်ဆိုရင် သူတို့ဟာသင့်အနားမှာရှိနေတယ် ဆိုတာသိနိုင်ပါလိမ့်မယ်။

၁။မီးလုံးကမှိတ်တုတ်မှိတ်တုတ်ဖြစ်နေမယ်

လျှပ်စစ်မီးပြဿနာတစ်ခုခုမရှိပဲသင့်အိမ်က မီးလုံး၊မီးသီးတွေမှိတ်တုတ်မှိတ်တုတ်ဖြစ်နေမယ်ဆိုရင် သူတို့သင့်အနားမှာရှိနေတယ်လို့ယူဆနိုင်ပါတယ်။တစ်ခါတုန်းက အမျိုးသမီးတစ်ယောက်ရဲ့ ခင်ပွန်းဟာ သေဆုံးသွားခဲ့ပေမဲ့ သူ့ဇနီးအနားမှာတစ်ချိန်လုံးရှိနေတယ်ဆိုတဲ့အကြောင်းကို မီးလုံးမှိတ်တုတ်မှိတ်တုတ်လုပ်ပြပြီးသက်သေပြခဲ့တယ်လို့သိရပါတယ်။

၂။သီချင်းသံကြားမယ်

တစ်ခါတစ်လေသင်တို့နားထဲမှာသီချင်းသံတစ်စွန်းတစ်စကြားမိတာကိုသတိထားမိပါသလား? သူတို့သေဆုံးသွားတဲ့အချိန်မှာအဲ့ဒီသီချင်းကိုကြားမိတာကြောင့် သူတို့သင့်အနား ကိုရောက်လာတဲ့အခါ အဲ့ဒီသီချင်းဆိုသံတစ်စွန်းတစ်စကိုကြားရတာပဲဖြစ်ပါတယ်။

၃။အခန်းအပူချိန်ပြောင်းလဲမယ်

ဒီအချက်က သေဆုံးပြီးသားဝိညာဉ်တွေရှိမရှိဆိုတာ အများဆုံးသိနိုင်တဲ့အချက်ပဲလို့ ပြောလေ့ ရှိကြပါတယ်။ပြတင်းပေါက်တွေ၊အခန်းတံခါးတွေမဖွင့်ထားပဲ သင့်ရဲ့အခန်းက ရုတ်တရက်အေး လာမယ်ဆိုရင် သူတို့သင့်အနားမှာရှိနေတာသေချာပါတယ်။ လူ့ခန္ဓာကိုယ်အပူချိန်ကမြင့်ပြီး ၀ိညာဉ်တွေကတော့ အပူချိန်နည်းပါတယ်။အဲ့ဒါကြောင့်သူတို့က လူတွေအနားကပ်ချင်တဲ့အခါ အပူချိန်မြင့်နေရင်ကပ်လို့မရပါဘူး။သူတို့ရှိနေတယ်ဆိုတာသင့်ကိုအချက်ပြတဲ့အနေနဲ့အပူချိန်က ပြောင်းလဲဖြစ်ပေါ်သွားတာပါ။သင်က သေဆုံးသွားတဲ့သူတစ်ယောက်အကြောင်းကို စဉ်းစားမိနေတယ်၊အဲ့ဒီသူအကြောင်းကိုပြောမိနေတယ်ဆိုရင် အဲ့ဒီအချိန်မှာ သူတို့က သူတို့ရှိနေတဲ့အကြောင်းကိုပြောပြချင်တာပဲဖြစ်ပါတယ်။

၎။လိပ်ပြာ

လိပ်ပြာတစ်ကောင် သင့်အနားမှာတ၀ဲလည်လည်လုပ်နေတယ်ဆိုရင် အဲ့ဒီလိပ်ပြာဟာ သင်နဲ့ရင်းနှီးခဲ့ဖူးတဲ့ တစ်စုံတစ်ယောက်ဖြစ်နိုင်ပါတယ်။တရုတ်လူမျိုးတွေရဲ့ဒဏ္ဏာရီအရ လိပ်ပြာတစ်ကောင်ဟာ သေဆုံးသွားတဲ့ဝိညာဉ်တစ်ခုဖြစ်ပါတယ်။ သူတို့ကသင့်အနား မှာရှိနေချင်တာဖြစ်ဖြစ်၊သတိပေးချင်တာဖြစ်ဖြစ်လုပ်ချင်တဲ့အတွက် လိပ်ပြာတစ်ကောင် အဖြစ်ပြောင်းလဲသွားတာပဲဖြစ်ပါတယ်။

၅။ငှက်မွှေး

တစ်ခါတစ်လေမထင်မှတ်ပဲ ငှက်မွှေးလေးကောက်ရမိကြပါသလား?တစ်ခါတုန်းက ခင်ပွန်းသည် သေဆုံးသွားလို့ ၀မ်းနည်းနေတဲ့အမျိုးသမီးလေးတစ်ယောက်ကို သူ့ရဲ့ခင်ပွန်းသည်က သူအနားမှာရှိနေကြောင်းပြသတဲ့အနေနဲ့ မျက်နှာကြက်ကနေ ငှက်မွှေးလေးပြုတ်ကျစေခဲ့တယ် လို့သိရပါတယ်။

၆။မျက်လုံးထောင့်ကနေ အရိပ်တစ်ခုခုမြင်လိုက်တာ

ဝိညာဉ်တွေက အနီးအနားမှာရှိနေတယ်ဆိုရင် မျက်လုံးထောင့်ကနေရိပ်ခနဲ ရိပ်ခနဲမြင်လိုက် ရတာမျိုးဖြစ်တတ်ပါတယ်။ခွေးလေးတွေ၊ကြောင်လေးတွေသေဆုံးသွားပြီးသူတို့ရဲ့ဝိညာဉ်ကိုတောင်တစ်ခါတစ်လေ ဖျတ်ခနဲမြင်တွေ့ရသလိုမျိုးပေါ့။ဝိညာဉ်တွေကိုလည်း ဖျတ်ခနဲမြင်လိုက်နိုင်ပါတယ်။

၇။ဖုန်းမြည်သံကြားရတယ်

ဒီအချက်ကတော့ထူးထူးခြားခြားပါပဲ။သိပ်ပြီးဖြစ်လေ့ဖြစ်ထမရှိပါဘူး။လူအနည်းစုရဲ့ ပြောစကားအရ “သူတို့ဟာသေဆုံးသွားတဲ့သူတွေရဲ့ဖုန်းနံပါတ်ကိုမဖျက်မိခဲ့ပါဘူး။အဲ့ဒီအချိန်မှာသူတို့ရဲ့ဖုန်းဆီကို အဲ့ဒီနံပါတ်နဲ့ဖုန်းခေါ်မှုတစ်ကြိမ်ရှိခဲ့ပါတယ်။ဒါပေမဲ့ကိုင်လိုက်တဲ့အချိန်မှာဘာသံမှမကြားရပါဘူးတဲ့”။ဝိညာဉ်တွေကသူတို့ရဲ့ ဖုန်းတွေဟာ အသက်ရှင်နေတဲ့လူတွေနဲ့စကားပြောဆိုဖို့ ဆက်သွယ်ပေးနိုင်လိမ့်မယ်လို့စဉ်းစားမိတတ်ကြပါတယ်။ဒါပေမဲ့ ဖုန်းကိုင်လိုက်တဲ့အခါမှာ ဘာသံမှကြားရမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုရင် ကမ္ဘာမြေပေါ်ကအသံနဲ့ ကွာခြားသွားပြီဖြစ်တဲ့တစ်ဖက်ကမ္ဘာရဲ့အသံနှုန်းဟာ အများကြီးခြားနားပါတယ်။

၈။ဓာတ်ပုံရိုက်တဲ့အခါပေါ်တတ်တယ်

ဒါကတော့အများဆုံးဖြစ်လေ့ဖြစ်ထရှိတတ်တဲ့အရာတစ်ခုပါ။ဓာတ်ပုံရိုက်လိုက်တဲ့အခါ ကိုယ့်အပြင်တစ်ခြားပုံရိပ်တစ်ခုခုဝိုးတိုးဝါးတားမြင်ရပြီးတစ်ခါတစ်လေ အလင်းရောင်လို အစက်အပြောက်လေးလိုဖြစ်နေတာကြိုမင်တွေ့ရတတ်ပါတယ်။ဝိညာဉ်တွေကသူတို့သင့်အနားမှာရှိနေတယ်ဆိုတာကိုပြောပြချင်တဲ့အတွက် အခုလိုမျိုးဓာတ်ပုံရိုက်တဲ့အခါ ပေါ်လာတတ်တာပဲဖြစ်ပါတယ်။

ဝိညာဉ်တွေကသူတို့သင့်အနားမှာရှိနေတယ်ဆိုတာကိုပြောပြဖို့အတွက်အများကြီးကြိုးစား ရပါတယ်။သူတို့မှာပြင်းထန်တဲ့စိတ်ဆန္ဒတစ်ခုခုရှိလို့သာအခုလိုအချက်ပြတာတွေလုပ်ခဲ့တာပါ။ ၀ိညာဉ်တွေသင့်အနားမှာရှိနေတယ်ဆိုတာကိုဒီအချက်တွေနဲ့သိနိုင်ပေမဲ့သူတို့နဲ့ဆက်သွယ် စကားပြောချင်တယ်ဆိုရင်တော့ အများကြီးလေ့ကျင့်ဖို့လိုအပ်ပါတယ်။

Soure:Suenicholson

 

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.