ဗီတာမင်ဓာတ်ပါဝင်တဲ့အစားစာတွေအကြောင်း သိကောင်းစရာ

ဗီတာမင်ကို အချိုးစားကျကျသုံးစွဲမယ်ဆိုရင် ကျန်းမာရေးပိုမိုကောင်းမွန်စေပြီး လူ့သက်တမ်းက နှစ်အနည်းငယ်ထိတိုးသွားနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းသာ ဗီတာမင်ကို ဘယ်လိုအခြေအနေနဲ့ ဘယ်လိုအချိန်မျိုးမှာ သုံးစွဲရမလဲသိရင် ကျန်းမာရေးအတွက်အန္တရာယ်ဖြစ်နိုင်မယ့်အရာတွေကို ကြိုတင် ကာကွယ်လို့ရပြီမလား ? ကာကွယ်ထားနိုင်ဖို့အတွက် ဗီတာမင်သုံးစွဲခြင်းနဲ့ပတ်သတ်ပြီး သိကောင်းစရာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

ဘယ်လိုအခြေအနေတွေမှာ ဗီတာမင်လိုအပ်လဲ ?
၁) အသားရေ
– ခြောက်သွေ့ခြင်း၊ အရေပြားအဖတ်လန်ခြင်း
– သေးငယ်တဲ့ဒဏ်ရာလေးတောင် တော်တော်နဲ့မပျောက်
– မထင်မှတ်ထားတဲ့ အတွင်းကြေဒဏ်ရာများ

၂) လက်သည်း ၊ ခြေသည်း
– ဝါနေခြင်း
– လက်သည်းကျိုးခြင်း
– ဆေးပစ္စည်တွေနဲ့ မသက်သာ
– အစင်းတွေဖြစ်ခြင်း

၎) ဦးနှောက်အာရုံကြောစနစ်
– အိပ်မပျော်
– အကြောင်းရင်းမရှိပဲ စိတ်ဓာတ်ကျ
– အာရုံစူးစိုက်နိုင်စွမ်းမရှိခြင်း
– အင်အားကုန်စွမ်းခြင်း ၊ စိတ်မပါသလိုခံစားနေရခြင်း

ဗီတာမင်ဓာတ်ပါဝင်နှုန်းများတဲ့ အစားစာများ

ဗီတာမင် A – ငါးကြီးဆီ၊ အသည်း၊ ထောပတ်၊ ချိစ် ၊ ကြက်ဥ ။

ဗီတာမင် B6 – ကြက်ဥ ၊ အာလူး ၊ ပဲမျိုးနွယ်အသီးရွက်၊ ဂျူံပြောင်း၊
ဖွဲနု၊ စပျစ်သီးခြောက် ။

ဗီတာမင် C – ဆီးဖြူသီး၊ ရက်စ်ဘယ်ရီ၊ လီမွန် ၊ စတော်ဘယ်ရီ၊ ဂေါ်ဖီ၊
ဟင်းနုနွယ်

ဗီတာမင် D – ငါးသေတ္တာ၊ ဆာလမွန်၊ မက်ကရယ်ငါး နဲ့ အသည်း ။

ဗီတာမင် B12 – ငါးအသည်း ၊ ပင်လယ်စာ ၊ ကြက်ဥ၊ ချိစ် ၊ အသား ။

ဗီတာမင် E – အရွက်ဆီ၊ ဂျုံ၊ အခွံမာသီး ၊ ပြောင်းဖူး၊ ကြက်ဥ။

နီကိုတင်း – အက်ဆစ် – ဆီးသီးခြောက်၊ တရုတ်ဆီးသီး၊ သဖန်းသီး၊
စွံပလွံသီး ။

ဗီတာမင်လိုအပ်နေတဲ့ လက္ခဏာတွေပြပြီဆိုတာနဲ့ ဗီတာမင်ဓာတ်အပြည့်ပါတဲ့ အစားစာတွေ ဖြည့်ပေးလိုက်တာနဲ့ရပါပြီ။ ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ !

41 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.