လေ့လာချက်များအရ ဥာဏ်ကောင်းသူတွေဟာ သူငယ်ချင်းအနည်းငယ်သာထားရှိ…

ရုပ်ရှင်တွေထဲမှာကြည့်လိုက်ရင် ဥာဏ်ကောင်းတဲ့သူတွေမှာသူငယ်ချင်းအနည်းငယ်သာရှိတာကို သတိထားမိပါသလား?မကြာသေးခင်ကလေ့လာချက်တစ်ခုအရ ဥာဏ်ကောင်းတဲ့သူတွေဟာ သူတို့မှာရှိတဲ့သူငယ်ချင်းအရေအတွက်တွေကိုလျှော့ချလေ့ရှိတယ်လို့တွေ့ရပါတယ်။

သူငယ်ချင်းအပေါင်းအသင်းများများရှိတာကပိုပြီးပျော်စရာမကောင်းဘူးလားလို့တွေးချင်တွေးနိုင်ပါတယ်။ဒါပေမဲ့သူငယ်ချင်းအပေါင်းအသင်းများပြီး ကိုယ့်အပေါ်တကယ့်စိတ်ရင်းမှန်နဲ့ ခင်မင်တဲ့သူမရှိဘူးဆိုရင် အပေါင်းအသင်းများတာကအလကားပါပဲ။

ပျော်ရွှင်မှုနဲ့ပတ်သက်ပြီးကျွမ်းကျင်လေ့လာသူတစ်ယောက်ရဲ့ အဆိုအရ ဥာဏ်ကောင်းတဲ့ သူတွေဟာ သူငယ်ချင်းအများကြီးရှိရင်တောင်လျှော့ချပြီး ရင်းနှီးခင်မင်တဲ့သူငယ်ချင်း အနည်းငယ်သာထားလေ့ရှိပါတယ်။ပြီးတော့ အနည်းအကျဉ်းရှိတဲ့သူငယ်ချင်းတွေနဲ့ပဲ ခင်မင်မှုကိုရေရှည်ခိုင်မြဲအောင် လုပ်လေ့ရှိတယ်လို့သိရပါတယ်။

သူငယ်ချင်းတွေအများကြီးရှိနေပေမဲ့ ကိုယ်နဲ့စိတ်တူကိုယ်တူသူငယ်ချင်းက အများကြီးမရှိနိုင်ပါဘူး။ အဲ့ဒါကြောင့် ဥာဏ်ကောင်းတဲ့သူတွေဟာ အပေါ်ယံခင်မင်သူတွေကိုလျှော့ချပြီး ကိုယ်နဲ့စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့သာ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းလေ့ရှိကြပါတယ်။

သူငယ်ချင်းတွေအများကြီးရှိမှပျော်ရွှင်ရမှာမဟုတ်ပါဘူး။သူငယ်ချင်းတွေအများကြီးရှိနေရင် သူတို့အတွက်အချိန်ပေးရတာက အချိန်ဖြုန်းတာနဲ့တူလာပြီး ပျော်ရွှင်မှုကိုမခံစားရပဲ ကြာရင်စိတ်ကျဉ်းကျပ်မှုကိုခံစားလာရပါလိမ့်မယ်။သူငယ်ချင်းတွေအများကြီးကိုအချိန်ပေးမယ့်အစား အဲ့ဒီအချိန်တွေမှာ တိုးတက်ရာတိုးတက်ကြောင်းကိုရှာဖွေလေ့လာနေတတ်ပါတယ်။

အဲ့ဒါကြောင့် သူငယ်ချင်းအပေါင်းအသင်းမရှိပဲတစ်ယောက်တည်းဖြစ်နေတဲ့သူတွေကိုတွေ့ရင် သူတို့ အထီးကျန်နေတယ်လို့မထင်ပါနဲ့။သူတို့က တစ်ယောက်တည်းနေရတဲ့အရသာကို သိပြီး အပေါင်းအသင်းများတဲ့သူတွေထက် ပိုပြီးပျော်ရွှင်ကြတဲ့လူတွေဖြစ်နိုင်ပါတယ်။ပြီးတော့သူ တို့ကဥာဏ်ကောင်းတဲ့သူတွေလည်းဖြစ်နိုင်ပါတယ်။

Source:Rachfeed

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.