ရာသီဥတုအပြောင်းလဲတိုင်း ကျန်းမာရေးကို လူတိုင်းဂရုစိုက်သင့်ပါတယ်။ ဒီလိုအပြောင်းလဲမှာ ဖျားနာတာတွေဖြစ်တတ်တယ်လေ။ မဖျားရင်တောင်လူက လေးလံနေသလိုခံစားရတယ်။ ဒါဟာတကယ်တော့ ဖိစီးမှုတွေအရမ်းများနေလို့ပါ။ ဖိစီးမှုများလာရင် ခန္ဓာကိုယ်က လက္ခဏာတွေတစ်ခုမဟုတ် တစ်ခုပြောင်းလဲလာနိုင်တယ်လို့ ဆရာဝန်တွေကပြောထားပါတယ်။ ကိုယ့်မှာ ဖိစီးမှုတွေရှိ ၊ မရှိဆိုတာကို အောက်ကအချက်လေးတွေနဲ့တိုက်ကြည့်ရအောင်!
အရေပြား ယားယံခြင်း
ယားဖုတွေ၊ ဝက်ခြံတွေနဲ့ အခြားအရေပြားမှာဖြစ်တတ်တဲ့ ရောဂါတွေဖြစ်လာပြီဆို သင့်ဖိစီးမှုများနေပါပြီ။ စိတ်ပိုင်းဆိုင်ရာဖိစီးမှုနဲ့ အရေပြားပြဿနာတွေဟာ တိုက်ရိုက်သက်ရောက်မှုရှိတယ်လို့ သိပ္ပံပညာရှင်တွေကကျောင်းသားတွေကြား သုတေသနပြုလုပ်ခဲ့ပါတယ်။
ဝိတ်တက်လာမယ်
ကိုယ့်ရဲ့အနေထိုင်အပြုအမူတွေကြောင့်လားဆိုတာကိုတော့ သေချာဆန်းစစ်ဖို့လိုပါတယ်။ အမြဲတမ်း အိပ်လိုက်၊ စားလိုက်လုပ်နေမယ်ဆိုရင်တော့ ဝိတ်ကတက်မှာပါပဲ။ အဲ့လိုမဟုတ်ဘူး…ပုံမှန်လည်း လေ့ကျင့်ခန်းလုပ်တယ်၊ အစားလည်း အရမ်းမစားပဲနဲ့ ဝိတ်တက်လာတယ်ဆိုရင်တော့
စိတ်ဖိစီးမှုများနေလို့ပါ။ ဖိစီးနေရင် အစားစားချင်စိတ်တွေပိုဖြစ်စေတာကြောင့် ဝိတ်တက်ရခြင်းဖြစ်ပါတယ်။
အာရုံမစိုက်နိုင်တော့ခြင်း
စိတ်ဖိစီးမှုဒဏ်ကို အကြာကြီးခံနေရတဲ့လူဆိုရင် အလုပ်တွေအပေါ်အာရုံစူးစိုက်နိုင်မှု လျော့နည်းလာတတ်ပါတယ်။ ပုံမှန်ထက်ပိုပြီး သင်အာရုံစိုင်နိုင်စွမ်းမရှိတာကို သတိထားမိပြီဆိုရင် ခဏလေးနားလိုက်တာပိုကောင်းမယ်ထင်ပါတယ်။ အာရုံကြောတွေ အရမ်းတင်းနေလို့ အာရုံမစိုက်နိုင်တော့တာပါ။
ဆံပင်တွေကျွတ်လာမယ်
စိတ်ဖိစီးမှုအရမ်းများလာရင် ခေါင်းကဆံပင်တွေအကုန်ပြောင်သွားနိုင်ပါတယ်။ အရင်ကထက် ဆံပင်တွေပိုနည်းလာတယ်လို့ ခံစားရလား ? ဗီတာမင်သောက်တာတောင် ဘာသက်ရောက်မှုမှမရှိဘူးဆိုရင် စိတ်ဖိစီးနေတာဖြစ်ဖို့များပါတယ်။ ဒါကြောင့် စူးစိုက်ထားတဲ့အာရုံတွေကို ခဏလောက်ဖြေလျော့လိုက်ပါ…လှပတဲ့ဆံကေသာလေးပိုင်ဆိုင်ချင်တယ်ဆိုရင်ပေါ့။
ခေါင်းကိုက်ခြင်း
အကြောင်းအမျိုးမျိုးကြောင့် ခေါင်းကိုက်နိုင်ပါတယ်။ အိပ်ရေးမဝရင်၊ နေပူထဲ လမ်းလျှောက်မိရင် ၊ သွေးခုန်နှုန်းတိုးလာရင် ၊ ကိုယ်ဝန်ဆောင်ထားရတဲ့ မိခင်တွေလည်းခေါင်းကိုက်တတ်ပါတယ်။ တစ်ခါတစ်လေ စိတ်ခံစားချက်မှုကြောင့် ခေါင်းကိုက်တာမျိုးတွေလည်းရှိပါတယ်။ ဆေးသောက်လိုက်ရင်တော့ ပျောက်သွားတာမှန်ပေမယ့် ခဏခဏ ခေါင်းကိုက်နေမယ်ဆို ရေရှည်အဆင်ပြေမှာမဟုတ်ဘူး။ ဒါကြောင့် စိတ်ဖိစီးမရှိအောင်နေပါ… ခေါင်းခဏခဏမကိုက်ချင်ရင်ပေါ့.. !
အိပ်မပျော်တာ
အိပ်မပျော်ခြင်းရဲ့ အဓိကတရားခံကတော့ စိတ်ဖိစီးမှုပါ။ အရင်ကလည်း သင့်မှာ အိပ်မပျော်တဲ့ရောဂါ ရှိကောင်းရှိလိမ့်မယ်။ အဲ့ဒါ အချိန်ကာလကြာမြင်တဲ့ ဖိစီးမှုကြီးကို မွေးထားမိတဲ့အကျိုးကျေးဇူးပါပဲ။ လူတစ်ယောက်က ပုံမှန်အတိုင်းအလုပ်မလုပ်နိုင်ဘူး။ ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်ဘူးဆိုရင် တကယ်ခက်ခဲတဲ့အခြေအနေတစ်ခုရောက်နေပါပြီ။ အိပ်ဆေးသောက်တာတောင် အလုပ်မဖြစ်ရင် ဆရာဝန်နဲ့သွားပြကြည့်ပါ။ မပေါ့ပါနဲ့။ လူတစ်ယောက်အတွက် အိပ်ရေးဝဖို့ အရမ်းအရေးကြီးပါတယ်။