ဆောင်းတွင်းအတွက် စတိုင်ကျကျလှလှပပ ဖက်ရှင်

ဆောင်းတွင်းဟာ ရှိုးထုတ်လို့အကောင်းဆုံးရာသီဥတုပါပဲ။ ရန်ကုန်ဆောင်းကမအေးလို့ ဝယ်ထားတဲ့အနွေးထည်တွေ ဘယ်မှာသွားဝတ်ရပါ့မလဲလို့ စိတ်ညစ်နေတဲ့သူတွေလည်း ဒီနှစ်တော့ အေးတာမို့ ရှိုးထုတ်ဖို့သက်သက် တောင်ကြီးတို့ ပြင်ဦးလွင်တို့ ဆင်းစရာမလိုတော့ဘူးနော် 😛

ဆောင်းတွင်းမှာ စတိုင်လည်းကျအနွေးဓာတ်လည်းရအောင် ဘယ်လိုလေးတွေဝတ်ကြမလဲ ကြည့်လိုက်ရအောင်

 

ဆွဲသားပျော့စကပ်လေးနဲ့ ဆွယ်တာလက်ရှည်

စကပ်က အနက် ဒါမှမဟုတ် အညိုဆိုရင် အပေါ်ကဆွယ်တာက အရောင်မရွေးပါဘူး။ လည်ဟိုက်ဆွယ်တာဝတ်မိရင် မာဖလာလေးနဲ့ထပ်ရှိုးထုတ်ပေါ့နော်။

 

ဂျင်းဘောင်းဘီကိုအသုံးချမယ်

ဂျင်းဘောင်းဘီကတော့ အေးသည်ဖြစ်စေ သိပ်မအေးဘူးဖြစ်စေ ကိုယ်တွေ ဝတ်ဖြစ်နေတဲ့အရာပါ။ဂျင်းဘောင်းဘီက အရောင်ရင့်ရင် အပေါ်ကဂျာကင်အရောင်နုလေးနဲ့ ပိုပြီးမျက်စိပဒါဿဖြစ်စေပါတယ်။

 

Stockings Fashion

Stockings တွေကတော့ ဆောင်းတွင်းရဲ့မရှိမဖြစ်ပါ။ စကပ်တိုလှလှလေးတွေ ဒါမှမဟုတ် ဂါဝန်အတိုလေးတွေဝတ်ချင်တယ်ဆို stockings တွေပဲအားကိုးနေရတာပေါ့။ တချို့က Stockings အရောင်ဆန်းတွေဝတ်လေ့ရှိပေမယ့်တကယ်တမ်း Stockings အရောင်ရွေးချယ်မှုက ကိုယ်ဝတ်တဲ့အဝတ်ထက် ကိုယ်စီးမယ့်ဖိနပ်ကိုကြည့်ရတာပါတဲ့။

 

လည်ရှည်ဖိနပ်

အလွန့်အလွန်အေးတဲ့နေ့တွေအတွက် လည်ရှည်ဖိနပ်လေးကို အသင့်ပြင်ထားလိုက်ပါ။ လည်ရှည်ဖိနပ်တွေဟာ ရန်ကုန်မှာ သိပ်ခေတ်မစားသေးပေမယ့် ခုလိုသာနှစ်တိုင်းအေးနေမယ်ဆိုရင်ဖြင့် မကြာတော့တဲ့ကာလမှာ လူကြိုက်များလာဖို့ရှိပါတယ်။ လည်ရှည်ဖိနပ်တွေကို သူ့အတိုင်းတိုင်းလည်းစီးလို့ရသလို Stockings အပါးလေးပေါ်ကထပ်စီးမယ်ဆိုရင်လည်းစတိုင်ကျနေမှာပါ။

 

ခေါင်းမြီးခြုံလုံပါပေ့

ခေါင်းစွပ်ပါတဲ့အနွေးထည်ဆိုတာ ဖက်ရှင်အတွက်ရော ကျန်းမာရေးအတွက်ပါ အကောင်းဆုံးရွေးချယ်မှုပါ။

အေးမြလှတဲ့ ဟေမန်သမယမှာ ဖက်ရှင်ကျကျလှလှပပလေးတွေဝတ်ပြီး စိတ်ရောကိုယ်ပါကြည်လင်ချမ်းမြေ့ကြပါစေ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.