ဒီကောင်မလေး ကိုယ့်ကိုသဘောကျနေတယ် ဆိုတာသေချာနေပြီ

မိန်းကလေးတော်တော် များများဟာ များသောအားဖြင့် သူတို့ သဘောကျနေကြောင်းကိုဖွင့်ပြောပြဖို့ ဝန်လေးတက်ကြပါတယ်။အဲ့ ဒါကြောင့် သူတို့ ကိုယ့်ကို စိတ်ဝင်စားတယ် မစားဘူးသိရအောင် အောက်က အချက်တွေကနေ ပြောပြပါလိမ့်မယ်။

(၁)ဆက်သွယ်နေမယ်
အကြောင်းပြချက် ရှိရှိ မရှိရှိကိုယ်နဲ့ ဆက်သွယ်နိုင်ဖို့ သူ့ကြိုးစားနေလိမ့်မယ်။
(၂)စိတ်ကိုဖတ်နေမယ်
မိန်းကလေးတစ်ယောက်ဟာ ကိုယ့်ကိုစိတ်ဝင်စားနေတာသေချာရင် ကိုယ့်စိတ်ခံစားချက်ကို အစဉ်အမြဲလေ့လာပြီး တက်နိုင်သလောက်ကြိုးစားပြီး ကိုယ့်စိတ်ခံစားချက်အတိုင်း လိုက်တွေးခံစားပေးလိမ့်မယ်။
(၃)ပွင့်လင်းစွာနေထိုင်မယ်
တစ်ခါတရံမှာ ပဲပေးချင်လို့ သာထိန်းချုပ်ထားရပေမဲ့ အမြဲတမ်းလိုလို ကိုယ်နဲ့တွေ့ ရင်သူ့ သဘာဝပုံစံအတိုင်း ရင်ဖွင့်ပြီး ကလေးတစ်ယောက်လို တိုင်ပင်ပြောဆိုလိမ့်မယ်။ ရီမောရမှာဝန်မလေးပဲ ကိုယ်ပြောတဲ့ စကားကိုအလေးထား
နားထောင်ပေးတက်တယ်။
(၄) အသိပေးတယ်
ကိုယ့်ကို စိတ်ဝင်စားနေတာကြောင့် သူ့ ရဲ့ လှူပ်ရှားမှူတော်တော်များများကို ကိုယ်မမေးပဲ ပြောပြ အသိပေးတက်တယ်။ သူအခုဘာလုပ်နေတယ်ဘယ်သွားနေတယ်ဆိုတာမျိုးပေါ့။သူဘာတွေရည်မှန်းထားတယ်ဆိုတာမျိုးအားကိုးတကြီးတိုင်ပင်ပြောပြတက်တယ်။
(၅) ထိတွေ့ မှုအနည်းငယ်နဲ့ ဆွဲဆောင်တယ်
ကိုယ့်ရဲ့ လက်မောင်း လက်၊ ပုခုံး စတဲ့နေရာတွေကို သင့်တော်တဲ့အခွင့်ရေးရရင်ရ သလို ထိတွေ့ ရင်းရင်းနှီးမှုရယူတယ်။
(၆) မျက်လုံးချင်းစကားပြောမယ်
မိန်းကလေးတစ်ယောက်ဟာ ကိုယ်သဘောကျတဲ့ သူကိုခဏခဏ မျက်လုံးကစကားပြောလေ့ရှိပါတယ်။ ကိုယ်မမြင်လိုက်ဘူးဆိုရင်တော့ဒါဟာ ကိုယ်ကြည့်လိုက်တဲ့ အချိန်ဟာ သူရှောင်နေတဲ့ အချိန်ဖြစ်နေတာဖြစ်ပါလိမ့်မယ်။
(၇) သတိတရရှိမယ်
ဘာလေးစားစား ဘယ်လေးသွားသွား ကိုယ့်ကို အမြဲ သတိရပြီး ကိုယ်ပါရင်ကောင်းမှာပဲ ၊ ကိုယ်သာဆို ကြိုက်မှာပဲ ဆိုတဲ့ အတွေးမျိုး ရှိနေတက်တယ်။ကိန်းကြီးကန်းကြီး မဟုတ်တောင် ကိုယ့် အတွက်အပင်ပန်းခံပြီး လုပ်ပေးတက်တဲ့အရာလေးတွေရှိတယ်။
(၈) အလကားနေစိုးရိမ်နေတက်တယ်
ကိုယ်ထိခိုက်ပျက်စီး မှာကို တစ်ခြားသူတွေထက် ပိုပြီးစိုးရိမ်ကြောင့်ကြတက်ကြတယ်။ အမြဲ လိုလိုဆရာမလေး လုပ်ပြီးမှာလေ့ရှိတယ်။
အပေါ င်္ကအချက်လေးတွေနဲ့ ကိုက်ညီတဲ့မိန်းကလေးကိုယ့်အနီးနားပတ်ဝန်းကျင်မှာရှိနေပြီဆိုရင် သူကိုယ့်ကို စိတ်ဝင်စားနေတယ်ဆိုတာ ၇၀% လောက်သေချာ သလောက်ဖြစ်နေပြီလို့ သာမှတ်လိုက်တော့  ညီအစ်ကိုတို့ ရေ…

615 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.