အချိန်ဟာငွေထက်ရှားပါးတယ်ဆိုတာ ကိုလူတိုင်း လက်ခံနိုင်ကြပေမဲ့ ဘယ်အရာတွေ ဘယ်အပြုမူတွေဟာ အချိန်ကို ဖြုန်းပစ်သလိုဖြစ်နေသလဲဆိုတာ သတိမထားမိတက်ကြပါဘူး။
အချိန်တွေကို အဓိက ကုန်ဆုံးစေတဲ့အရာတွေဟာ ကိုယ်လုပ်နေကျ အပြုအမူတွေထဲမှာပါနေတယ်ဆိုတာ သတိရပါ…
(၁) ဘာမှန်းမသိတာကို ရွေးချယ်နေခြင်း
တစ်စုံတစ်ခု လုပ်ရန်ရည်ရွယ်ထားတာ မရှိပဲ ဒါလေးလုပ်ရင်ကောင်းမလား ဟိုဟာလေး လုပ်ရင်ကောင်း မလားဆိုပြီးေ၇ွးချယ်နေရင် အချိန်တွေ ကုန်သွားစေတက်ပါတယ်။အစကတည်းကကိုယ်လုပ်မဲ့လမ်းကြောင်းကို အရင်ရွေးချယ်ထားပါ ဒါကိုလုပ်လိုက်ရင် ဖြစ်နိုင်တဲ့ အကောင်းအဆိုးကိုလည်း အစထဲကဖြစ်နိုင်ချေကိုသုံးသပ်တွက်ချက်ထားပါ။ဒါမှ စန်းတ၀ါးဝါး ဖြစ်ပြီး အချိန်ကုန်တာမျိုးမဖြစ်တော့မှာပါ။
(၂) ပြဿနာကို ကွေ့ ပတ်ရှောင်နေတက်ခြင်း
ြ ပဿနာတစ်ခု ကြုံတွေ့ ရတဲ့ အခါ ကွေ့ ပတ်ရှောင် နေရင်းအချိန်ပိုကုန်စေပါတယ်။ပြဿနာရဲ့ အရင်းမြစ်ကိုရှာပြီး မြန်မြန်ဖြေရှင်းရင် အချိန်ကုန်သက်သာစေပါတယ်။
(၃) ငြီးတွားခြင်း
စိတ်ညစ်စရာ တစ်ခုခု အကြောင်း တစ်ခုခု နဲ့ ကြုံတွေ့ ခဲ့ ရင် အဖြေကို အရင်မရှာပဲ ခံစားရတာတွေကို အရင်ထိုင်ငြီးတွားတက်ကြတာသဘာဝပါ။ အာ့လို ငြီးတွားမှုတွေကိုလျော့ချပြီး ပြဿနာ အတွက် အရင် နည်းလမ်းရှာရင်း အချိန်ကုန်ခြင်းကို လျော့ချပါ။
(၄) ငြင်းခုံခြင်း
အကြောင်းအရာတစ်ခု(သို့ ) ကိစ္စတစ်ခု ကိုဆွေးနွေးတာပဲ ဖြစ်ဖြစ် ဖြေရှင်းတာပဲဖြစ်ဖြစ်လုပ်တဲ့ အခါ သူ့ထက်ငါ လေလေးနဲ့ တော့်အနိုင်ယူလိုက်ရမှ ဆိုတဲ့ အတွေးမျိုးကိုဖယ်ရှားပါ။ တစ်ဦးနဲ့ တစ်ဦး အနိုင်ပိုင်းငြင်းခုံနေချိန်ဟာ မသိမသာနဲ့ တန်ဖိုးရှိတဲ့ ချိန်တွေလျော့နည်းစေပါတယ်။
(၅) တွေးပူခြင်း
မဖြစ်ခင်က တွေးပူခြင်းဟာ အချိန်ကို ပိုနေလို့ ထိုင်ဖြုန်းတာနဲ့ တူတူပါပဲ။နေပူပူမှာထီးဆောင်းရင် မိုးရွာမှာကိုစောင့်မနေပါနဲ့ ။ နောင်ဖြစ်မှာကိုတွေးပူမဲ့အစား လက်ရှိအခြေအနေကို အကောင်းဆုံးဖြစ်အောင်လုပ် ဆောင်နိုင်ရမယ်။
(၆) မကောင်းမှန်းသိရင်ရှောင်ပါ
မကောင်းတဲ့ လူမကောင်းတဲ့အရာတွေကို မကောင်းမှန်းသိရင်ရှောင်ပါ။ဘယ်တော့ကောင်းလားမလဲဆိုတာမျိုးတွေနဲ့ အချိန်ကုန်မခံပါနဲ့။