ဝိုင်ပုလင်းနဲ့ဘီယာပုလင်းတွေကို ဖောက်တံမပါပဲ အလွယ်တကူဘယ်လိုဖောက်ကြမလဲ?

ဝိုင်ပုလင်းတွေတော့ဝယ်ထားပါရဲ့ ။သောက်ခါနီးမှဖောက်တံမရှိဘူးဆို အဆင်မပြေဘူးနော်။ လူတိုင်းနီးပါးဖြစ်တတ်ကြတယ်ဟုတ်!အခု ဖောက်တံမပါပဲဝိုင်ပုလင်းတွေကို အလွယ် တကူဖောက်နိုင်မယ့်နည်းလမ်းလေးတွေကိုပြောပြပေးသွားမှာမို့လို့ သေချာမှတ်ထားကြနော်။

၁။ကတ်ကြေး

ဖောက်တံမရှိလည်းကတ်ကြေးရှိရင်အဆင်ပြေပါတယ်။ဒါကတော့ အိမ်မှာဖောက်တံမရှိတဲ့အခါ ကတ်ကြေးကိုသုံးလို့ရအောင်ပေါ့။ကတ်ကြေးအစွန်း ၂ဖက်နဲ့ ပုလင်းအဖုံးကိုကော်ပြီး ဖြည်းဖြည်းချင်းဖွင့်ကြည့်ပါ။

၂။စတီးဇွန်း

ဇွန်းခပ်ကြီးကြီးတစ်ခုကိုယူပြီး ပုလင်းအဖုံးကိုကော်ထုတ်ရင် အလွယ်တကူ အဖုံးပွင့်သွားနိုင်ပါတယ်။

၃။လက်သည်းညှပ်

အပြင်သွားရင်လက်သည်းညှပ်ဆောင်သွားတတ်တဲ့လူတွေရှိရင် အပြင်မှာသောက်တဲ့အခါ ဖောက်တံမရှိရင်လည်းအဆင်ပြေတယ်နော်။လက်သည်းညှပ်သုံးပြီးအဖုံးကိုကော်ထုတ်လိုက်ရုံပါပဲ။

၎။ခရင်း

ကတ်ကြေးမရှိရင် ခက်ရင်းကိုလည်းသုံးလို့ရပါတယ်။ ပုလင်းအဖုံးကိုခက်ရင်းနဲ့ထိုးပြီးပွင့်တဲ့အထိလုပ်ပေးနေရုံပါပဲ။

၅။ခါးပတ်

ခါးပတ်ခေါင်းကိုသုံးပြီးပုလင်းအဖုံးဖွင့်လို့ရတယ်ဆိုရင်ယုံပါ့မလား။ခါးပတ်ခေါင်းကိုသုံးပြီး ၀ိုင်ပုလင်းအဖုံးတွေဖွင့်လို့ရပါတယ်။စမ်းလုပ်ကြည့်ပါ။

၆။ရော်ဘာလက်ပတ်ကြိုး

ရော်ဘာလက်ပတ်ကြိုးတစ်ခုရှိရင်လည်းပုလင်းအဖုံးဖွင့်လို့ရပါတယ်။ရော်ဘာလက်ပတ်ကြိုးကို ပုလင်းအဖုံးနားမှာ ၂ပတ်လောက်ပတ်လိုက်ပါ။ပြီးရင်လှည့်ပြီးဖွင့်ပါ။လက်လည်းမနာတော့ပဲ ခဏကြာရင်ပွင့်သွားပါလိမ့်မယ်။

၇။စက္ကူ

စက္ကူနဲ့ပုလင်းအဖုံးဖွင့်မယ်ဆိုလို့အံ့သြသွားမယ်ထင်ပါတယ်။စက္ကူကိုထူထူလေးဖြစ်အောင်ခေါက်ပါ။ပြီးရင်စက္ကူခေါက်ထားတဲ့စောင်းနဲ့ပုလင်းအဖုံးကိုတေ့ပြီး အောက်ကနေပင့်ရိုက်ပြီးဖွင့်ပါ။ အသုံးဝင်တဲ့နည်းလမ်းလေးဖြစ်တာကြောင့်စမ်းလုပ်ကြည့်ရင်မမှားဘူးနော်။

၈။သော့

သော့တစ်ချောင်းနဲ့ပုလင်းအဖုံးကိုဘယ်လိုဖွင့်မလဲဆိုတော့ သော့ကို ပုလင်းအဖုံး အတွန့်အောက်မှာေ တ့ထားပါ။ပြီးရင်အတွန့်တစ်ခုချင်းစီကိုပြေသွားအောင်ကော်ထုတ်ပါ။ အားလုံးပြေသွားရင် ပုလင်းအဖုံးပွင့်ပြီပေါ့။

 

729 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.