Midnight Sun ရုပ်ရှင်ဟာ အမေရိကန် ရိုမန်တစ် ဒရာမာဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Scott Speer ၊ ဇာတ်ညွန်း Eric Kristen တို့ပုံဖော်ရိုက်ကူးထားပါတယ်။ ၂ဝဝ၆ခုနှစ်က ဂျပန်ဇာတ်ကားတစ်ခုကို ပြန်လည်အခြေခံထားတာဖြစ်ပါတယ်။ အနုပညာရှင်တွေက Bella Thorne, Patrick Schwarzenegger, နဲ့ Rob Riggle. Principal photography တို့ပဲဖြစ်ပါတယ်။ ၂ဝ၁၈ မတ်လ ၂၃ရက်နေ့ဆို အမေရိကန်မှာထွက်ပါပြီ။
ဇာတ်လမ်းအကျဉ်း
Katie Price က ကလေးဘဝတည်းက နေရောင်ခြည်နဲ့ထိတွေ့လို့မရတဲ့ရှားပါးသည့် ထူးဆန်းရောဂါကိုခံစားနေရပြီး နေ့ခင်းဘက်မှာဆို အိမ်ထဲမှာပဲနေကာ ညဘက်ရောက်တော့မှ သူမအပြင်ထွက်ပါတယ်။ ညဘက်အပြင်ထွက်ရင် အနီးနားက ရထားဘူတာမှာ ဂီတာတစ်လက်နဲ့သီချင်းတွေသွား
ဆိုလေ့ရှိတယ်။ တစ်ညမှာ Charlie ဆိုတဲ့ကောင်လေးးနဲ့တွေ့ဆုံခဲ့တယ်။ Charlie က အထက်တန်းကျောင်းတုန်းက နာမည်ကြီးအားကစားသမားဖြစ်ပြီး သူမငယ်ငယ်တည်းက တိတ်တခိုးကြိတ်ကြွေနေရတဲ့သူလည်းဖြစ်နေပြန်တယ်။ သူမရဲ့အခြေအနေကို ကောင်လေးအပေါ်ဖုံးကွယ်ထား
ခဲ့တယ်။ သူသိသွားတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရအောင် ! ဇာတ်လမ်း Trailer ဗီဒီယိုလေးဖော်ပြပေးလိုက်ပါတယ်။