မင်္ဂလာရက်သတ်မှတ်လိုက်ပြီဖြစ်တဲ့ Taeyang နဲ့ Min Hyo Rin

မကြာသေးခင်က လက်ထပ်တော့မယ်ဆိုတဲ့အကြောင်းကို ပရိသတ်တွေကိုကြေညာခဲ့တဲ့ Taeyang နဲ့ Min Hyo Rin တို့ဟာ မင်္ဂလာရက်ကိုလည်းသတ်မှတ်လိုက်ပြီလို့ ရင်းနှီးတဲ့မိတ်ဆွေ သူငယ်ချင်းတစ်ယောက်ကနေ ပြောပြခဲ့တယ်လို့ ပြည်ပမီဒီယာတစ်ခုကဖော်ပြခဲ့ပါတယ်။

နိုဝင်ဘာလတည်းက သူတို့ရဲ့ မင်္ဂလာဆောင်အတွက်တိတ်တိတ်လေးစီစဉ်ခဲ့ကြတာဖြစ်ပြီး မကြာသေးခင်ရက်ကမှ ပရိသတ်တွေကိုလက်ထပ်တော့မယ့်အကြောင်းပြောပြခဲ့တာဖြစ်ပါတယ်။

သူတို့စုံတွဲဟာ လေးနှစ်နီးပါးကြအောင်လက်တွဲခဲ့ကြတဲ့ ချစ်သူတွေဖြစ်ပြီး အရမ်းချစ်ကြတဲ့ချစ်သူစုံတွဲအဖြစ် နာမည်ကြီးပါတယ်။

လာမယ့်နှစ်သစ်အစောပိုင်းမှာ Taeyang ဟာစစ်မှုထမ်းဆောင်ဖို့သွားရမှာဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ လက်ထပ်မင်္ဂလာပွဲကိုတော့ ၂၀၁၈၊ဖေဖော်ဝါရီ ၃ရက်နေ့မှာ ကျင်းပဖို့စီစဉ်ထားကြတာဖြစ်ပါတယ်။ပရိသတ်တွေအားလုံးကလည်း နာမည်ကျော်အဆိုတော်နှစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် ၀မ်းသာဂုဏ်ယူနေကြတယ်လို့သိရပါတယ်။

Source:Koreaboo

405 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.