နတ်သက်ကြွေလာသလားထင်မှတ်မှားရအောင် အသားအရည်လင်းလက်တောက်ပစေဖို့

ဈေးတွေခေါင်ခိုက်နေတဲ့ မိတ်ကပ်တွေ Skincare treatment တွေလုပ်မှ အသားအရည်လှပနိုင်မှာမဟုတ်ပါဘူး။ ကိုယ့်မီးဖိုချောင်က ပစ္စည်းလေးတွေနဲ့လည်းနတ်သမီးတမျှလှပနိုင်ပါတယ်။
အဓိကက စိတ်ရှည်သည်းခံဖို့ပါပဲ။ သဘာဝပစ္စည်းတွေဆိုတာ ဓာတုပစ္စည်းတွေလောက်တော့ ဘယ်အစွမ်းမြန်မြန်ပြပါ့မလဲနော်။ ဒါပေမယ့် ရေရှည်မှာ ဘေးဥပါဒ်ကင်းပြီး စိတ်ချရပါတယ်။
ကဲ မီးဖိုခန်းက ဘယ်ပစ္စည်းလေးတွေက ကိုယ့်ကိုလှလှပြင်ပေးမှာလည်း ကြည့်လိုက်ရအောင်

ပျားရည်နဲ့သံပုရာသီး

အသားအရည်ကိုအထောက်အကူပြုတဲ့ သဘာဝပစ္စည်းလေးတွေအကြောင်းပြောရမယ်ဆိုရင် ကြားနေကြအရာတွေကတော့ မဆုံးနိုင်တဲ့ ဂမုန်းခိုင် ပျားရည်နဲ့သံပုရာပါပဲ။ တကယ်လည်းအလုပ်ဖြစ်ပါတယ်။ ပျားရည်က အသားအရည်ကိုချောမွတ်စေပြီး သံပုရာကတော့ အဖုအပိန့်တွေကို ကုသပေးပါတယ်။ ပျားရည်နဲ့သံပုရာ အရောအစပ်ဟာ အရသာရှိရုံမက အသုံးလည်းဝင်လှပါတယ်။ အရသာရှိတာတွေကို ကိုယ်တစ်ယောက်တည်းမစားပါနဲ့ ကိုယ့်အသားအရည်လေးကိုလည်း နည်းနည်းခွဲဝေကျွေးမွေးပါ။သင်သေသည်အထိ အတူတူနေရမှာ သူတစ်ဦးတည်းပါ။

 

သခွားသီး

မွှေးမွှေးအေးအေးလေး။ မျက်နှာပေါ်အကွင်းလိုက်တင်ထာအမဲစက်တွေလည်းပျောက် စိတ်ပါရင်ခွာပြီးပါးစပ်ထဲထည့် ရင်လည်းအေး။သခွားသီးကို မျက်နှာပေါ်နာရီဝက်ခန့်တင်ထားပေးတာဟာ mask ငါးခုကပ်တာနဲ့ညီမျှတယ်ဆိုတာ သိပါသလား။

 

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဟာ မျက်နှာကို အစိုဓာတ်ပြည့်ဝစေပါတယ်။ Skincare တွေ အဆင့်ဆင့်ရှုပ်ထွေးပွေလီစွာလိမ်းနေမယ့် အစား ရှားစောင်းလက်ပတ်အနှစ်လေးသာ မျက်နှာပေါ်တင်ထားပေးပါ၊ ရှားစောင်းလက်ပတ်အနှစ်လေးတွေကို မျက်နှာကအကုန်အစင်စုပ်ယူပြီးပြီဆိုမှ Vitamin E ဆီလေး လိမ်းပြီး အသားအရည်ရဲ့အစိုဓာတ်ကို lock ချလိုက်။ တစ်နေ့တာ skincare steps တွေပြီးပြီပေါ့။ နေ့တိုင်းလိမ်းပေးရင် အသားအရည်က စိုပြည်လင်းလက်နေမှာပါ။

 

နနွင်းမှုန့်

နနွင်းမှုန့်ကိုတော့ မီးတွင်းထဲကလွဲပြီးရှောင်ချင်ကြတယ်။ဒါလည်းအပြစ်မဆိုနိုင်ပါဘူး။ အနံ့အသက်က အင်မတန်မှ ဆိုးဝါးတာကိုး။ မချစ်သော်လည်းအောင့်ကာနမ်းဖို့သာပြင်ထားပါလေ။အသားအရည်ကို ရွှေလိုဝင်းစေတာ နနွင်းမှုန့်မှတပါး အခြားမရှိပါ။ အချိန်ကုန်ငွေကုန်ခံပြီး ရွှေတွေသွားသွင်းမနေနဲ့ (ပြီးရင် တကယ်လည်းသိပ်မဝင်း၊ ဝင်းတယ်ပဲထားဦး သုံးလလောက်သာခံတဲ့ ခေတ်ပေါ်နည်းပညာတွေကို အားမကိုးချင်ပါနဲ့လေ။)နနွင်းသာ နှာခေါင်းပိတ်ပြီး အပြားလိုက်ဝါး။ မဝါးနိုင်ရင် မန်ကျည်းသီးနဲ့အလုံးလေးတွေလုံးပြီး သကြားနည်းနည်းဖြူး ညအိပ်ခါနီး တစ်လုံးစီစားသွား။ သုံးလလောက်ဆို အိုကေမှာစိုပြည်ပြီ။

 

အာလူး

အာလူးကိုအခွံနွှာ၊ထက်ခြမ်းလှီးပြီး မျက်နှာပေါ်ကပ်ထားရင် နီရဲညိုမည်းနေတာတွေချက်ချင်းသက်သာတဲ့ အပြင် အမာရွတ်ဟောင်းတွေကိုပါ မှေးမှိန်စေပါသတဲ့။ နေ့စဉ်လုပ်ရင်အရှင်းပျောက်စေပါတယ်။

 

အထက်မှာဖော်ပြခဲ့တဲ့နည်းလမ်းတွေကို ဇွဲနပဲနဲ့လုပ်ခြင်းဖြင့် လူမက နတ်သမီးတမျှလှပနိုင်ကြပါစေ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.