ကိုယ်နဲ့ မရင်းနှီးတဲ့ လူနဲ့ ရှိနေတဲ့အခါဘယ်လိုဆက်ဆံရင်ကောင်းမလဲ(ပြောစရာစကားရှာရခက်နေသလား)

လူ့ အဖွဲ့ အစည်းအသိုင်းဝိုင်းထဲမှာနေထိုင်တဲ့အခါဆက်ဆံပေါင်းသင်းရေးက အရမ်းအရေပါပါတယ်။ ကိုယ်နဲ့ ရင်းနှီးတဲ့ လူနဲ့ တွေ့ ဆိုပြောဆို ကြရာဟာလွယ်ပေမဲ့ ကိုယ်နဲ့ မသိတဲ့ လူတစ်ချို့ နဲ့ မဖြစ်မနေပေါင်းသင်းဆက်ဆံရတော့မယ်ဆိုတဲ့အခါစကားလုံးတွေက ရှာရခက်လာကြတယ် ပြောတဲ့အကြောင်းအရာတွေက ရှားပါးလာတက်ကြပါတယ်။အာ့လိုအကြောင်းတွေနဲ့ ကြောင့်ပဲ လူမှူဆက်ဆံရေးနယ်ပယ်မှာကိုယ်ကညံဖျင်းသလို ဖြစ်ပြီး မိတ်ဆွေ အသစ်သူငယ်ချင်းရှားပါးနေတက်ကြတယ်။ လူတိုင်းကိုစိတ်နှစ်ပါင်းသင်းပြောဆိုရမယ်မဆိုလိုပင်မဲ့ မိတ်ဖွဲ့ တက်ဖို့ တော့လိုပါတယ်။ဒါမှလည်းလောကကြီးမှာ နေရာရနိင်မှာ မုတ်ချမလွဲပါ။အောက်မှာပြောပြထားတဲ့ အကြောင်းအရာလေးတွေကိုဖတ်ကြည့် ပြီး ကိုယ်မသိတဲ့ လူနဲ့ ပြောတဲ့အခါအနည်းငယ်ဖြစ်ဖြစ်အကျိုးသက်ရောက်မှုရှိစေမှာပါ။

(၁) ကိုယ့်ရည်မှန်းချက် ကိုရှေးဦးစွာချမပြပါနဲ့ 
လူတော်တော်များများကတွေးခေါ င်္တက်ကြတယ် လူတစ်ယောက်ရဲ့အာရုံကိုဖမ်းစားတဲ့ အခါမှာကိုယ့်မှာရှိတဲ့ ပန်တိုင်တွေရည်ရွယ်ချက်တွေကို ချပြရင်းattentionယူဖို့ 
စိတ်ကူးတက်ကြပါတယ်။အဲ့ တာဟာမှားယွင်းတဲ့ အယူအဆပါ။ ရိုးရှင်းပြီးနားလည်ရလွယ်တဲ့သူစိတ်ဝင်စားနိုင်မဲ့စကားမျိုးဖြင့်အစချီပါ။ ဥပမာ အစားသောက်အကြောင်းပေါ့တော်တော်
များများက အစားသောက်စိတ်ဝင်စားကြတော့ အာ့လိုအကြောင်းရာမျိုးကစရင် လွယ်ကူရိုးရှင်းပါတယ်။
(၂) မေးခွန်ကောင်းလေးတွေမေးပေးပါ
ရှုပ်တွေးပြီးငြီးငွေ့ စရာကောင်းတဲ့မေးခွန်းမျိုးမဟုတ်ပဲ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမဲ့မေးခွန်းကောင်းလးတွေမေးပေးပါ။မေးခွန်းမေးခြင်းမှာ မေးတဲ့သူရဲ့ အဆင့်အတန်းနဲ့စိတ်
ဝင်စားမှူကိုဖော်ပြနေတာမို့ ရိုင်စိုင်းတဲ့မေးခွန်းမဖြစ်အောင်သတိထားပါ။
(၃) ပျော်ရွှင်စရာကောင်းတဲ့စကားဝိုင်းဖြစ်အောင်ဖန်တီးပါ
ကိုယ်နဲ့သူစကားတွေပြောနေတဲ့ အချိန်မှာရီစရာဟာသလေးတွေ ကောင်းမွန်တဲ့အကြောင်း အရာတွေ အချင်းချင်းချီးကျူးစကားလေးတွေပြောပြီး ကောင်းမွန်အောင်ဖန်တီးယူပါ။
(၄) ကိုယ့်အမြင်ကို ချပြပါ
စကားဝိုင်းမှာ သူပြောတာတွေပဲနားမထောင်နေပဲ သူပြောတဲ့အကြောင်းအရာကို ကိုယ့်အမြင်ပြောင်းလဲပြီး “ဒီလိုကောမဖြစ် နိုင်ဘူးလား ” “ဒီလိုဆို ပိုမကောင်းဘူးလား” စသဖြင့် ပြောဆိုကြညါ့ပါ။
(၅)ကိုယ့်အကြောင်းအနည်းငယ်ဝေမျှပါ
ကိုယ်နဲ့ ပတ်သတ်တဲ့အကြောင်းအရာကောင်းအနည်းငယ်ကိုဝေမျှပါ။ လူတော်တော်များများဟာ စကားပြောဖူးပေမဲ့လည်းနောက်ပြန်တွေ့ တဲ့အခါ ကိုယ်နဲ့ ဘာပြောခဲ့မှန်းသိပ်မမှတ်မိ
တက်ကြပါဘူး။ဒါကြောင့်ကိုယ့်အကြောင်းပြောတဲ့ အခါသူများကိုယ့်ကို မှတ်မိလွယ်နိုင်မဲ့အကြောင်း ကိုဦးစားပေးပြောသင့်ပါတယ်။
အပေါ င်္ကအချက်တွေထဲမှာ သုံးချက်လောက OK တယ်ဆိုရင် မသိတဲ့ လူပဲဖြစ်ဖြစ်သိတဲ့သူနဲ့ ပဲဖြစ်ဖြစ် စကားပြောဖို့ အဆင်ပြေသွားမှာပါ။

152 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.