ညဘက်မှာ အိပ်စက်ခြင်းဟာ လူတိုင်းအတွက်အရေးပါတဲ့ အလေ့အထတစ်ခုပါ။ အိပ်စက်ခြင်းဟာ ခန္တာကိုယ်ကျန်းမာဖို့ အတွက်ရော စိတိကျန်းမာဖို့ အတွက်ပါ အလွန်အရေးပါတဲ့ အရာတစ်ခုပါ။ အဲ့လိုအနားယူဖို့ ညဘက်အိပ်စက်တဲ့ အခါမှာ အ၀တ်အစားမပါပဲ ကိုယ်လုံးတီး အိပ်စက်ခြင်းရဲ့ ကောင်းမွန်တဲ့လျို့ ဝှက်ချက်တွေကိုအောက်မှာကြည့်လိုက်ရအောင်…
(၁) လွယ်ကူစွာအိပ်စက်နိုင်ခြင်း
ညအိပ်တဲ့ အခါမှာဝတ်ဖို့ ည၀တ်အင်္ကျီရှာပြီးဝတ်ရတာမျိုးတွေ ၊ ကိုယ်နဲ့ လိုက်ဖက်မဲ့ ည၀တ်အင်္ကျီဝယ်ရတာမျိုးတွေ မလိုအပ်တော့ပဲ အိပ်ခံနီးပေါ့ပေါ့ပါးပါးအိပ်စက်နိုင်ပါတယ်။ည၀တ်အင်္ကျီအများကြီးဝယ်စရာမလိုတော့လို့ ငွေကုန်ကြေးကျလည်းသက်သာစေပါတယ်။
(၂) အလွယ်တကူ ၀တ်ဆင်နိုင်ခြင်း
တစ်ချို့ လူတွေဟာ မနက်အိပ်ယာထနောက်ကျတက်ကြပါတယ်။ဒီလို အချိန်တွေမှာ အ၀တ်ဗလာနဲ့အိပ်ယာကထပြီး မနက်သွားလိုရာမှာဝတ်မဲ့အ၀တ်အစားကို ကောက်စွပ်လိုက်ရုံပါပဲ။ည၀တ်ကို ချွတ် အင်္ကျီအသစ်ကိုလဲ ရတဲ့အဆင့်ကျော်သွားတာပေါ့။
(၃) လန်းဆန်းကြည်နုးခြင်းအရသာကို ခံစားရမယ်
အ၀တ်ဗလာနဲ့ အိပ်စက်ခြင်းဟာ စိတ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်။ မိန်ကလေးတွေ့ဆို အ၀တ်တင်မကပဲ အတွင်းခံများပါချွတ်ပြီး အိပ်စက်ကြည့်ပါ။ စိတ်ကြည်နူးစေပြီးပျော်ရွှင်တဲ့ အနှစ်သာရကို ခံစားရစေမှာပါ။
(၄) ကောင်းမွန်သောထိတွေ့ မှု
အထူးသဖြင့် ကိုယ်ဟာ လက်ထပ်ထားတဲ့လူဖြစ်တယ်ဆို ရင် အ၀တ်ဗလာအိပ်စက်ခြင်းဟာ ကိုယ်နဲ့ ကိုယ့်အိမ်ထောင်ဘက်အတွက်ထိရောက်ကောင်းမွန်တဲ့ အထိတွေ့ တစ်ခုကိုဖန်တီးပေးနိုင်ပါတယ်။
(၅) အနှောက်ယှက်ကင်းစွာအိပ်စက်နိုင်ခြင်း
ပင်ပန်းလို့ အနားးယူအိပ်စက်ချိန်မှာ ည၀တ်အင်္ကျီကကျပ်နေတာမျိုး၊ ယားတဲ့အသားဖြစ်နေတာကြောင့် အိပ်လို မရတာမျိုးတွေ စတဲ့ ပြဿနာမျိုးတွေကို ရင်ဆိုင်စရာမလိုတော့ပါဘူး။
(၆)အသားအရေကိုပိုမိုကောင်းမွန်စေတယ်
အ၀တ်ဗလာအိပ်ခြင်းဖြင့် အသားရေ ကcell တွေဟာ လေနဲ့ ထိတွေ့ ခွင့်ပိုရပြီး ပိုမိုကောင်းမွန်စေပါတယ်။အသားရေပေါ င်္မှာပေါက်တဲ့ အရေပြားရော၈ါဖြစ်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်။
(၇)စိတ်ဖိစီးမှုလျော့ ကျစေတယ်
အ၀တ်ဗလာအိပ်စက်ခြင်းဟာ ခန္တာကိုယ် ရဲ့ အပူချိန်ကို ကောင်းမွန်သော အနေအထားထိရောက်အောင်ထိန်းချုပ်ပေးတာကြောင့် စိတ်ဖိစီးမှုလျော့ကျပြီးကောင်းမွန်စွာအိပ်စက်နိုင်ပါတယ်။
(၈)ဟော်မုန်းဓာတ်တွေကောင်းမွန်စွာဖြစ်ပေါ င်္လာ
အ၀တ်နဲ့ အိပ်စက်ရင် ဟော်မုန်း တွေဟာ လိုအပ်သလောက် မကြီးထွားလာနိုင်ပါဘ အ၀တ်ဗလာနဲ့ ဗလာနဲ့ အိပ်ခြင်းဟာဟော်မုန်းဓာတ်တွေကြီးထွားစေပြီး အိုမင်း ရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။