နယူးယော့ခ်မြို့ မှာ အင်္ဂါနေ့ ကပြုလုပ်ခဲ့တဲ့ Sotheby လေလံပွဲမှာ ၁၉၇၅ ခုနှစ်က ပေါက်ခဲ့တဲ့ နာမည်ကြီးသီချင်း Born to Run ရဲ့ စာသားလက်ရေးမူကို အမည်မဖော်လိုသူတစ်ယောက်က ဒေါ်လာ ၁သိန်း ၉ သောင်းကျော် ပေးပြီး ၀ယ်ယူသွားပါတယ်။ Bruce Springsteen ကိုယ်တိုင်အပြာရောင်မှင်နဲ့ ရေးသားထားတဲ့ သီချင်းစာသားလက်ရေးမူကို ဒေါ်လာတစ်သိန်းလောက် ရမယ်လို့ ခန့် မှန်းထားပေမယ့် နှစ်သိန်းနီးပါးရရှိသွားပါတယ်။
အသက် ၆၄ နှစ်အရွယ် အမေရိကန် ဂီတာသမား၊တေးရေးဆရာ၊ Bruce Springsteen ဟာ Blues အနွယ်ဝင် Heartland Rock ဆိုတဲ့ ဂီတအမျိုးအစားကို ပုံဖော်ခဲ့သူတွေထဲ တစ်ယောက်ဖြစ်ပြီး ဂရမ်မီဆု ၂၀ ၊ ရွှေကမ္ဘာလုံး ဆု နှစ်ခု၊အကယ်ဒမီဆု တစ်ဆု ရရှိထားတဲ့ အောင်မြင်ကျော်ကြားတဲ့ ရော့ခ်ဂီတအနုပညာရှင်တစ်ယောက်ပါ။ သူ့ ရဲ့ တတိယမြောက်အယ်ဘမ် Born to Run ရဲ့ ခေါင်းစီးသီချင်းစာသားလက်ရေးမူကို သူ့ ဇာတိ နယူးဂျာစီ၊လောင်းဘရန့် ခ်ျမြို့ နေအိမ်မှာ ရေးသားခဲ့တာပါ။ ၁၉၇၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီသီချင်းဟာ ကမ္ဘာတစ်လွှားအရမ်းအောင်မြင်ခဲ့ပြီး ရိုးလင်းစတုန်းမဂ္ဂဇင်းရဲ့ ရော့ခ်အင်ရိုးဂီတကိုပုံဖော်ခဲ့တဲ့ သီချင်း ပုဒ်ရေ ၅၀၀ စာရင်းမှာလဲ စာရင်းသွင်းခံခဲ့ရပါတယ်။