ပိုက်ဆံချေးပြီး ပြန်တောင်းရခက်လို့ စိတ်ညစ်ရဖူးလား ?

သူငယ်ချင်း အချင်းချင်း၊ မိတ်ဆွေအချင်းချင်း မျက်နှာမပျက်ချင်ရင် ပိုက်ဆံမချေးနဲ့တဲ့။ ဟုတ်ပါတယ်.. တစ်ချို့သူငယ်ချင်းတွေက သူတို့အသည်းသန်လိုနေတုန်းတော့ ကိုယ်က ကူညီပေးလိုက်တာပဲ။
ကိုယ်လိုအပ်တဲ့ချိန် ပြန်တောင်းတော့ သိပ်လက်ခက်ပါတယ်။ ယူသွားတုန်းကတော့ ပြုံးပြုံးလေးတွေနော်။ ပြန်တောင်းရင် စိတ်ဆိုးရတာနဲ့၊ စောင်းကာ ရွဲ့ ကာပြောတာတွေရော ခံရဖူးတယ်မလား ?


ဒီလိုပါပဲ.. ။ ဒါက ချေးဖူးတဲ့လူအချင်းချင်းပဲ နားလည်နိုင်မယ်။ လူတစ်ယောက်က ကိုယ့်ကိုပိုက်ဆံလာချေးပြီဆို သူ့အကြောင်းတွေကို ပြန်သုံးသပ်ပါ။ သူဟာ ကတိတည်သူလား၊ ချိန်းရင်ကော မှန်မှန်
လာတတ်သူလား ? စကားတွေပလီပလာ ပြောတတ်သူလား ?ဒါတွေ ပြန်ဆန်းစစ်ဖို့လိုပါတယ်။ တစ်ချို့က တကယ်လိုအပ်လို့ အကူညီလာတောင်းသူတွေရှိတယ်။ မှန်ကန်တယ်… အချိန်အခိုက်အတန့်တစ်ခုမှာ သူတို့အခက်ခဲတွေ့နေလို့ အကူညီတောင်းတဲ့အခါ ကူညီပေးလိုက်ပါ။ ဒီလူတွေအဆင်ပြေသွားတာမြင်တော့လည်း စိတ်ချမ်းသာစရာတစ်မျိုးပဲမလား !

အင်း.. ပိုက်ဆံချေးပြီး ပြန်တောင်းရခက်နေလား ? ကိုယ်ချေးလိုက်တဲ့ ငွေပမာဏကဘယ်လောက်လဲ ? သတ်မှတ်ထားတဲ့အချိန်လည်းကျော်နေပြီ..တငင်ငင်တောင်းနေတာတောင် မပေးပဲ ဟိုရွေ့ ဒီရွေ့နဲ့ ဝေ့လည်ကြောင်ပတ်လုပ်နေရင် သူ့ရဲ့အုပ်ထိန်းသူ ၊ သက်ဆိုင်သူနဲ့ ဆွေးနွေးပါ။ စကားတော့ အများကြီးပြောရပါလိမ့်မယ်။

ဒီလိုစကားတွေအများကြီးမပြောချင်ဘူး။ စိတ်ရှုပ်တယ်ဆိုရင် ချေးလိုက်တဲ့ ပိုက်ဆံကလည်းဘယ်လောက်မှမရှိဘူးဆို အဆုံးခံနိုင်လား စဉ်းစားပါ။ အဆုံးခံနိုင်တယ်ဆို… ဒီလူအကြောင်းကိုယ်သိလိုက်ရပြီ ! နောက်တစ်ခါ လာချေးရင်တော့ ဆောရီးပဲပေါ့။ ငွေနဲ့ရင်းပြီး ဒီလူအကြောင်းသိလိုက်ရတယ်လို့သာ သဘောထားလိုက်ပါ။

နောက်ပြီး အချို့က ပိုက်ဆံမချေးဘူး။ ဟိုငှား ဒီငှားလုပ်ပြီး ပြန်မပေးတာမျိုးတွေရော ကြုံဖူးလား? အခွေငှားတယ်.. စာအုပ်ငှားတယ်၊ အကျီ င်္ငှားတယ်၊ ဖိနပ်ငှားတယ်.. ပြီးရင် ပြန်မပေးဖူး။ စာဖတ်သူတွေထဲမှာလည်း ဒီလိုလုပ်ဖူးတဲ့လူတွေ ပါကောင်းပါလာနိုင်တယ်။ တစ်ခုပြောချင်တာက
ဘယ်အရာမှ အလကားမရပါဘူး။ အားလုံးက တန်ရာတန်ကြေးပေးရပါတယ်။ ပိုက်ဆံချေးတဲ့အခါလည်း ပြန်တောင်းလို့ စိတ်မဆိုးပါနဲ့။ ကိုယ်အဆင်မပြေတဲ့အချိန်တုန်းက သူချေးပေးခဲ့တာပဲလေ။ ကိုယ့်အနေနဲ့ အတတ်နိုင်ဆုံး စီစဉ်ပြီး ပြန်ဆပ်သင့်တယ်မလား ? သူ့ဘက်ကိုယ့်ဘက် မျှတွေးတတ်ပါစေ ! 🙂

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.