၂ဝ၁၈မှာကြည့်ရှုရတော့မယ့် ကိုရီယားဒရာမာဇာတ်ကားများ

Are You Human Too?


” Are You Human Too? ”ရုပ်ရှင်ကို Seo Kang-joon နဲ့ Gong Seung-yeon တို့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး လာမယ့် ၂ဝ၁၈ မှာ ကြည့်ရှုရတော့မှာဖြစ်ပါတယ်။

Seo Kang-joon က Nam Shin ဆိုတဲ့ ဇာတ်ကောင်အဖြစ်သရုပ်ဆောင်ထားပြီး ထိပ်တန်းကုမ္ပဏီကြီးတစ်ခုရဲ့သားတစ်ယောက်ဖြစ်ပါတယ်။ မမျှော်လင့်ထားတဲ့ မတော်တဆတစ်ခုဖြစ်ပြီးနောက် သူကိုမာဝင်သွားခဲ့တယ်။ သူ့အမေ Oh Ro-ra (Kim Sung-ryung) က ဦးနှောက်အာရုံ
ကြောဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တာကြောင့် သူ့သားနဲ့ ချွတ်စွပ်တူတဲ့ android စက်ရုပ်တစ်ခုကို ဖန်တီးခဲ့တယ်။ ထိုစက်ရုပ်က လူအတိုင်းပဲနေထိုင်ပြီးတော့ ဘော်ဒီဂတ်လည်းရှိပါတယ်။
ဘော်ဒီဂတ်အဖြစ် Kang So-bong (Gong Seung-yeon)က သရုပ်ဆောင်ထားပါတယ်။

Four Men

” Four Men ” ရုပ်ရှင်မှာတော့ အနုပညာရှင်များဖြစ်တဲ့ Park Hae-jin နဲ့ Nana တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားက Yeo Rin ဆိုတဲ့ အမျိုးသမီးစုံထောက်မလေးရဲ့ထူးဆန်းတဲ့ အချစ်ဇာတ်လမ်းအကြောင်းလေးဖြစ်ပါတယ်။ သူမရဲ့ချစ်သူကိုဆုံးရှုံးလိုက်ရပြီးနောက် မကြာမီမှာပဲ ချစ်သူနဲ့တစ်ပုံစံတည်းတူတဲ့ လူတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်။ နောက်ပိုင်း မမျှော်လင့်ထားတဲ့ကိစ္စတွေ
ကြုံတွေ့ခဲ့ရပြီး သူမချစ်သူနဲ့ရုပ်ချင်းတူနေတဲ့ လူရဲ့နောက်ကြောင်းကို လိုက်လံစုံစမ်းခဲ့တယ်။ Park Hae-jinက ဒီဇာတ်ကားထဲမှာ ၄ကိုယ်ကွဲအဖြစ်သရုပ်ဆောင်ထားတာတွေ့ရမှာပါ။

My Ajusshi


ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်များက Lee Sun-Kyun ၊ IU ၊ Lee Ji-Ah တို့ဖြစ်ပါတယ်။အသက်(၄ဝ)အရွယ် ဦးလေးကြီးနဲ့ အသက်(၂ဝ)အရွယ် မိန်းကလေးရဲ့
အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

Clean With Passion for Now


ဒီကာတွန်းက ဝက်ဆိုက်ကာတွန်းတစ်ခုပေါ်အခြေခံထားပြီး
Jang Sun Kyul ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်း ရိုက်ထား
တာဖြစ်ပါတယ်။ သူက ချမ်းသာပြီး ချောပေမယ့် mysophobia ဆိုတဲ့အသန့်လွန်ရောဂါကို ခံစားနေရတာဖြစ်ပါတယ်။ Gil Oh Sol ဆိုတဲ့မိန်းကလေးနဲ့တွေ့ပြီးနောက်မှာ ချစ်ကြိုက်သွားကြ
တယ်။Kim Yoo Jung က Gil Oh Sol အဖြစ်သရုပ်ဆောင်ထားပါတယ်။

337 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.