ညအိပ်ရာမ၀င်ခင်သောက်ပေးရုံနဲ့ သဘာဝအတိုင်းအလေးချိန်ကျဆင်းစေမယ့် ဖျော်ရည်အကြောင်း သင်သိပြီးပြီလား ?

ကိုယ်အလေးချိန်လျှော့ချဖို့ဆိုတာစိတ်ကူးထဲကလောက်မလွယ်ဘူးဆိုတာသိကြတယ်ဟုတ်!ဒါပေမဲ့ ရှာဖွေလေ့လာအဖြေရှာဆိုသလိုပဲ လေ့လာသူအများစုရဲ့  အချိန်အများကြီးပေးစရာမလိုပဲ သဘာဝအတိုင်း ကိုယ်အလေးချိန်လျော့ကျသွားစေနိုင်တဲ့နည်းလမ်းတစ်ခုက ပျိုမေတွေ ကြားမှာပြန်ပြီး အသုံးဝင်လာပါပြီ။အဲ့ဒီနည်းလမ်းလေးကတော့ ဖျော်ရည်တစ်မျိုးကို ညအိပ်ရာမ၀င်ခင်မှာပုံမှန်သောက်သုံးပေးရမှာပါ။ဖျော်ရည်ကလည်းသဘာဝပစ္စည်းတွေသာဖြစ်တာကြောင့် ကျန်းမာရေးထိခိုက်မှာမစိုးရိမ်ရပါဘူး။

ဖျော်ရည်အတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့…

ပျားရည်စားပွဲတင်ဇွန်း ၂ဇွန်း

သစ်ကြံ့ပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ဇွန်း

ရေ ၂၅၀ မီလီလီတာ တို့ပဲဖြစ်ပါတယ်။

ပြုလုပ်ပုံကတော့…

ရေ ၂၅၀မီလီလီတာကို ဒယ်အိုးတစ်ခုထဲထည့်ပါ။သစ်ကြံ့ပိုးခေါက် တစ်ဇွန်းကိုပါထည့်ပြီး ဆူအောင်တည်ပါ။ဆူသွားရင် ခဏအေးအောင်ထားလိုက်ပါ။အေးတဲ့အခါမှ ပျားရည်ကိုထည့်ပါ။ညမအိပ်ခင်သောက်ပေးရုံပါပဲ။

ပျားရည်နဲ့သစ်ကြံ့ပိုးခေါက်ဟာသဘာဝဆေးဖက်ဝင်ပစ္စည်းတွေဖြစ်တာကိုအားလုံး သိပြီသားဖြစ်ကြမှာပါ။ဒီဖျော်ရည်ကိုညအိပ်ရာမ၀င်ခင်သောက်သုံးပေးရင် ကိုယ်ခံအား ကိုမြှင့်တင်ပေးပြီး အသည်းရောဂါ၊အစာအိမ်၊အအေးမိ၊တုပ်ကွေး၊ ၀က်ခြံပြဿနာ၊ ဆံပင်ကျွတ်တာတွေကို မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ခန္ဓာကိုယ်ထဲက အဆီပိုတွေကိုလည်းကျစေပါတယ်။တစ်လလောက်ပုံမှန်သောက်သုံးပေးသွားရင် အရင်ကထက်ကိုယ်ရေစစ်သွားပြီးနေရထိုင်ရတာလန်းဆန်းတက်ကြွလာတာကိုခံစားရပါလိမ့်မယ်။

Source:Brightside

518 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.