အောင်မြင်နေတဲ့လူတစ်ယောက်ရဲ့ နောက်ကွယ်က ကူညီပံ့ပိုးပေးနေတဲ့အရာများ

အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုတာမလွယ်ကူပါဘူး။ကြိုးစားမှုတွေ၊အချိန်တွေအများကြီး လိုအပ်ပါတယ်။အောင်မြင်နေတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် နောက်ကွယ်က ဒီလိုအရာတွေကလည်း ကူညီပေးနေပါသေးတယ်။သင်ရော အောင်မြင်တဲ့သူတစ်ယောက် မဖြစ်ချင်ဘူးလား?

အောင်မြင်တဲ့သူတစ်ယောက်ရဲ့ နောက်ကွယ်က ကူညီပေးနေတဲ့အရာတွေကတော့…

၁။အကောင်းမြင်စိတ်

စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီးအဆိုးမြင်နေတဲ့စိတ်က အောင်မြင်မှုကို မရရှိနိုင်ပါဘူး။ ဖြစ်နိုင်ပါ့မလားလို့တွေးနေတာထက်အရင်လုပ်ကြည့်တာက လက်တွေ့မသိနိုင်ဘူးလား။ လက်တွေ့လုပ်ကြည့်လိုက်ပြီး မအောင်မြင်တော့လည်းနောက်တစ်ခေါက်ကြိုးစားတာပေါ့။ ကမ္ဘာကျော်သိပ္ပံပညာရှင်တွေရဲ့ အောင်မြင်မှုတွေကလည်းတစ်ကြိမ်တည်းကြိုးစားပြီး ရခဲ့တာမှမဟုတ်ပဲ။ မအောင်မြင်သေးရင် စိတ်ပျက်မသွားပဲ နောက်ထပ်တစ်ခေါက် ကြိုးစားပါ။ကြိုးစားမှုကို မရပ်လိုက်သေးသရွေ့ အရှုံးသမားမဖြစ်နိုင်ပါဘူး။အောင်မြင်တဲ့သူတွေဟာ အဲ့ဒီလိုအကောင်းမြင်တဲ့စိတ်ရှိနေတဲ့အတွက်သူတို့က အမြဲကြိုးစားနေပြီးအောင်မြင်မှုတွေ ကိုပိုင်ဆိုင်နေတာပဲဖြစ်ပါတယ်။

၂။ကဖင်းဓာတ်ကိုရှောင်ကြတယ်

ကဖင်းဓာတ်ဆိုတာ ကိုယ်ခန္ဓာကိုယ်ကိုတက်ကြွလန်းဆန်းစေတဲ့အရာပေါ့။ ဥပမာကော်ဖီ၊အချိုရည်စသဖြင့် သဘာဝအတိုင်းမဟုတ်ပဲ စိတ်ကြည်လင်လန်းဆန်းစေတဲ့ အစားအစာ၊သောက်စရာတွေကိုရှောင်လေ့ရှိပါတယ်။ကဖင်းဓာတ်ဟာ ဦးနှောက် အာရုံကြောတစ်ဝိုက်ကိုလှုံ့ဆော်ပျံ့နှံ့စေတဲ့အတွက် ရေရှည်ဆိုမကောင်းနိုင်ပါဘူး။ ကဖင်းဓာတ်ပါတဲ့သောက်စရာတွေကိုသောက်မယ့်အစားရေကိုပဲများများသောက်လေ့ရှိကြပါတယ်။

၃။ပျော်ပျော်ရွှင်ရွှင်နေကြတယ်

အောင်မြင်တဲ့သူတွေကိုသေချာလေ့လာကြည့်ပါ။သူတို့ဟာ စိတ်ဖိစီးမှုတစ်ခုခုရှိလာရင် စိတ်ထဲမှထားလေ့မရှိပဲဖျောက်ဖျက်ပစ်တတ်ကြပါတယ်။စိတ်ညစ်တာတွေကိုသိမ်းမထားပဲ ပျော်စရာတစ်ခုခုကိုဖန်တီးရှာဖွေလေ့ရှိပါတယ်။စိတ်ဖိစီးမှုရှိလာရင် အားကစား၊ဂီတ၊ရုပ်ရှင် တစ်ခုခုနဲ့ဖြေဖျောက်လေ့ရှိပါတယ်။ကိုယ့်ကိုယ်ကိုလည်းအမြဲပျော်ရွှင်အောင်ထားကြတာကိုတွေ့ရပါတယ်။ရယ်မောပျော်ရွှင်တာက စိတ်ရှုပ်ထွေးတာကိုပြေပျောက်စေပြီး စိတ်တည်ငြိမ်မှုရှိစေတယ် ဆိုတဲ့အချက်ကို သူတို့ကောင်းကောင်းသိထားလို့ပါပဲ။

၎။ကိုယ့်အကြောင်းကိုယ်သိတယ်

လူတိုင်းကတော့ ကိုယ့်အကြောင်းကိုယ်သိတာပေါ့လို့ပြောကြပါလိမ့်မယ်။ဒါပေမဲ့ ကိုယ့်အကြောင်း ကိုယ်သိပြီး အမှန်အတိုင်းမြင်တတ်တဲ့သူကတော့ရှားပါတယ်။ ကိုယ်မကျွမ်းကျင်တဲ့ အလုပ်၊ကိုယ်ကျွမ်းကျင်တဲ့အလုပ်၊ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်တွေကိုသေချာသိတဲ့သူက အောင်မြင်မှုရဖို့ပိုပြီးတစ်ပန်းသာပါတယ်။အဲ့ဒါကြောင့်အောင်မြင်နေတဲ့သူတွေက သူတို့ရဲ့ အားနည်းချက်၊အားသာချက်ကိုလေ့လာပြီး သေချာစဉ်းစားဆောင်ရွက်တတ်ကြပါတယ်။

၅။အချိန်ယူစဉ်းစားတယ်

အောင်မြင်နေတဲ့သူတွေဟာ ဘယ်အလုပ်မဆိုလက်လွတ်စပယ်တွေးပြီးချက်ချင်းလက်ခံတာ ၊ငြင်းတာမျိုးမရှိပါဘူး။မယုတ်မလွန်ဖြေထားပြီး သေချာစဉ်းစားပြီးမှအဖြေပေးလေ့ရှိပါတယ်။ အရမ်းစဉ်းစားရခက်နေရင် ဦးနှောက်ကိုအပန်းဖြေပြီးမှ တွေးလေ့ရှိပါတယ်။

၆။ကြိုတင်ပြင်ဆင်ထားတယ်

အောင်မြင်နေတဲ့လူအများစုဟာ သူတို့ဘာတွေလုပ်ရမယ်၊ဘယ်တွေသွားရမယ် ဆိုတာ ကိုကြိုတင်ပြင်ဆင်ထားလေ့ရှိပါတယ်။ကြိုတင်ပြင်ဆင်ထားတဲ့သူဟာ ဘာကိုမှမပြင်ဆင်ပဲ သင့်တော်သလိုလုပ်မယ်ဆိုတဲ့လူထက်ပိုပြီးအောင်မြင်မှုပိုရရှိနိုင်ပါတယ်။ ဘယ်အရာကိုမဆိုကြိုတင်ပြင်ဆင်တတ်တဲ့အလေ့အကျင့်မျိုးလုပ်ပါ။

၇။အားပေးမယ့်သူတွေရှိတယ်

အောင်မြင်မှုရဖို့ဆိုတာ တစ်ဦးတစ်ယောက်တည်းကြိုးစားနေရုံနဲ့တင်မရသေးပါဘူး။ ကိုယ်ကဘယ်လောက်ပဲကြိုးစားကြိုးစား စိတ်ဓာတ်ကျနေတဲ့အချိန် ဘေးနားက အားပေးနှစ်သိမ့်ပေးမယ့်သူရှိဖို့လည်းလိုအပ်ပါသေးတယ်။အဲ့ဒါမှ စိတ်ဓာတ်ပြန်တက်ကြွလာပြီး ရှေ့ဆက်ရမယ့်အလုပ်တွေကိုအားအပြည့်နဲ့လုပ်နိုင်မှာပါ။

၈။အိပ်ချိန်မှန်မှန်အိပ်တယ်

နောက်ဆုံးတစ်ခုကတော့ ကျန်းမာရေးပါပဲ။အောင်မြင်မှုရဖို့ဆိုတာ နေ့မအိပ်ညမအိပ် ကြိုးစားနေစရာမလိုပါဘူး။ဖြည်းဖြည်းမှန်မှန်ပဲသွားသင့်ပါတယ်။အိပ်ချိန်မမှန်ဘူးဆိုတာ တစ်ရက်နှစ်ရက်ပဲကောင်းပါတယ်။တစ်ပတ်ကိုသုံးလေးရက်လောက်အိပ်ချိန်မမှန်ဘူးဆိုရင် အိပ်ရေးမ၀တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုခံစားလာရနိုင်ပါတယ်။အောင်မြင်နေတဲ့သူတွေ ဟာ သူတို့ကိုထိခိုက်စေမယ့်အရာတွေကိုဘယ်တော့မှမလုပ်ပါဘူး။

ဒီအချက်တွေက အောင်မြင်နေတဲ့လူတစ်ယောက်ရဲ့ နောက်ကွယ်ကနေ အမြဲတမ်းပံ့ပိုးကူညီပေးနေတာပါ။

 

 

 

 

 

 

447 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.