လိုချင်တဲ့နှုန်းတစ်ခုရဖို့ အရေးကြီးဆုံးကတော့ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးနေဖို့လိုပါတယ်။ လူတိုင်းအတွက်တော့ နေ့တိုင်းလေ့ကျင့်ခန်းလုပ်ရတာ စိတ်လှုပ်ရှားစရာတော့သိပ်မကောင်းဘူး။ မနက်စောစောထရမှပျင်းတာနဲ့၊ အချိန်မရှိတာနဲ့ အကြောင်းအမျိုးမျိုးကြောင့်ပါ။
ဒါပေမယ့်အခုပေးမယ့် နည်းလမ်းကသိပ်အချိန်မပေးရသလို၊ မနက်အစောကြီးလည်း ထစရာမလိုဘူးဆိုရင် စိတ်ဝင်စားကြမယ်ဟုတ် ! အမေရိကန် နာမည်ကြီး fitness နည်းပြ Tracy Anderson က သွယ်လျလှပတဲ့ ခြေတံလေးတွေ အချိန်တိုတွင်းပိုင်ဆိုင်နိုင်ဖို့ ထိရောက်တဲ့နည်းလမ်းကောင်းလေးတွေကို အကြံပြုမျှဝေထားပါတယ်။
ခြေတံလေးတွေ ကျစ်လစ်သွယ်လျအောင် ဘာတွေလုပ်ရမလဲ ?
၁ နေရာ – အိပ်ရာထဲမှာလုပ်ရုံပဲ
၂ ကြာချိန် – ၃မိနစ်
၃ ဘယ်အချိန်လုပ်ရမလဲ – အိပ်ရာမဝင်ခင်လုပ်လည်းရသလို၊ မနက်အစာကြီးထလုပ်လည်းရပါတယ်။
၎ အကြိမ်ရေ – နေ့တိုင်းလုပ်ပေးဖို့လိုပါမယ်
၁). အရှေ့မျက်နှာစာ ပေါင်အချိုးအစားအတွက်
ပက်လက်လှဲလိုက်ပြီး လက်တွေကို ခန္ဓာကိုယ်ဘေးနားမှာချထားပါ။ ခြေထောက်တွေကို မိုးပေါ်ဆန့်တန်းလိုက်ပြီး ပုံမှာပြထားတဲ့အတိုင်း လုပ်ပေးပါ။ တစ်ဖက်စီကို ၁ဝကြိမ်လုပ်ပေးရပါမယ်။ ကြွက်သားတွေ ပူလောင်သလိုခံစားလာရရင် သင့်လုပ်နည်းမှန်ပါတယ်။ ခြေထောက်ကိုဖြောင့်တန်းစွာ မြှောက်ထားဖို့တော့လိုပါမယ်။
၂.) အနောက်ဘက် ပေါင်အချိုးအစားအတွက်
ပထမပုံစံအတိုင်းပဲ ခြေထောက်ကို ဆန့်တန်ထားပြီး ထိုအဆန့်တိုင်းပဲ အပေါ်ကိုမြှောက်ပေးပါ။ ခြေထောက်နှစ်ဖက်လုံးမြှောက်ထားဖို့လိုပါတယ်။ အကြိမ် ၂ဝလုပ်ပေးပါ။ ပေါင်အနောက်ဘက်ကနေ ကြွက်သားတွေတင်းမာသလိုခံစားရရင် သင့်ပုံစံအနေထားမှန်ကန်ပါတယ်။
၃.) အတွင်းပိုင်း ပေါင်အချိုးအစားအတွက်
ထုံးစံအတိုင်း ပက်လက်အနေထားနေပြီး ခြေထောက်ကိုမြှောက်ကာ ဒူးတွေကိုဘေးဘက်ကိုသို့ကားထွက်ပြီး တမင်ခွေထိုင်တဲ့ပုံစံမျိုးလုပ်ပေးပါ။ပုံထဲမှာပြထားပါတယ်။ စုစုပေါင်း အကြိမ် ၂ဝလုပ်ပေးပါ။ ဒူးကိုထိန်းပြီးလုပ်ပါ။ ခြေထောက်ကြွက်သားတွေ တင်းလာပါစေ။
နေ့တိုင်း ဒီလေ့ကျင့်ခန်းလေးတွေကို ကြိုက်တဲ့အချိန်မှာလုပ်ပေးပါ။
တစ်လနေရင် ထူးခြားလာတာကိုတွေ့ရပါလိမ့်မယ်။ လှပတဲ့ ခြေတံလေးတွေပိုင်ဆိုင်နိုင်ပါစေ !