လာမယ့် ဒီဇင်ဘာ(၃၁)နေ့ရောက်ရင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာကနေ ဘရာဇီးလ်နိုင်ငံအတွင်း ဆောက် လုပ်နေဆဲဖြစ်တဲ့ ကွင်း(၆)ကွင်းကို လာရောက်စစ်ဆေးတော့မှာဖြစ်ပေမယ့် (၆)ကွင်းလုံး အချိန်မီမပြီးစီးနိုင် တော့ပါဘူးလို့ ဘရာဇီးအားကစားဝန်ကြီး အဲလ်ဒိုရက်ဘယ်လိုက ၀န်ခံလိုက်ပါပြီ။ ပြီးခဲ့တဲ့တစ်ပတ်ကလည်း အရီနာကိုရင်သီယန်ကွင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကရိန်းပြုတ်ကျလို့ လူ(၂)ဦးသေဆုံးခဲ့ရပါသေးတယ်။ “အနည်းငယ်နှောင့်နှေးသွားမှုတွေရှိလာခဲ့ပါတယ်။ ဒါပေမယ့်လည်း သိပ်မသာနိုင်ပါဘူး။ ဇန်န၀ါရီဆိုရင် အားလုံး အဆင်သင့်ဖြစ်နေလောက်ပါပြီ။ တက်ခဲ့ဖူးသမျှ မင်္ဂလာဆောင်တိုင်းမှာ ဘယ်တုးန်ကမှ သတို့သမီးစောစောစီး စီးရောက်နေခဲ့တာကို မတွေ့ခဲ့ဖူးပါဘူး။ ဒီလိုဖြစ်လို့ ပွဲပျက်သွားတယ်ဆိုတာ တစ်ခါမှမရှိခဲ့ဖူးပါဘူး”လို့ ဘရာဇီး အားကစားဝန်ကြီး ရက်ဘယ်လိုက ပြောသွားခဲ့ပါတယ်။
ဘရာဇီးလ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ခံကျင်းပပေးမယ့် အခြားကွင်း(၆)ကွင်းကိုတော့ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၃ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲကြီးမတိုင်ခင်တည်းက အပြီးသတ်ဆောက်လုပ်ပြီးစီးခဲ့ တာဖြစ်ပါတယ်။