Big Bang အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အသက် ၂၉နှစ်အရွယ် Taeyang ဟာ အသက် ၃၁နှစ်အရွယ် မင်းသမီးအဆိုတော်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Min Hyo Rin နဲ့မကြာခင်လက်ထပ်တော့မယ်ဆိုတဲ့အကြောင်းကိုအတည်ပြုပြောကြားခဲ့ပါတယ်။
သူတို့စုံတွဲဟာ ၂၀၁၅၊ဇွန်လတည်းက စတွဲခဲ့ကြတာဖြစ်ပြီးကေပေါ့ပ်လောကမှာ သိပ်ချစ်ကြတဲ့ စုံတွဲတွေအဖြစ်နာမည်ကြီးလာခဲ့ပါတယ်။Min Hyo Rin ဟာ Taeyang ရဲ့ ပထမဆုံးချစ်သူဖြစ်တဲ့အတွက်လည်း သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက ပိုပြီးထူးခြားချောမွေ့ခဲ့ပါတယ်။
သူတို့နှစ်ယောက်လုံးဟာ ၂၀၁၅မှပရိသတ်တွေကိုတွဲနေကြောင်းချပြခဲ့ပေမဲ့ လေးနှစ်နီးပါးလောက် အတူတူတွေ့ဆုံလက်တွဲခဲ့ကြပြီးတစ်ယောက်ကိုတစ်ယောက်အားပေးခဲ့ကြတာဖြစ်ပါတယ်။လက်ထပ်တော့မယ့်အကြောင်းကိုလည်း Taeyang ကသူ့ရဲ့ အင်စတာဂရမ်ကနေ သူတို့နှစ်ယောက်ရဲ့ ပုံနဲ့အတူ ပရိသတ်တွေကိုအသိပေးစကားပြောခဲ့တယ်လို့သိရပါတယ်။
YG အင်တာတိန်းမန့်ရဲ့ စီအီးအိုဖြစ်တဲ့ Yang Hyun Sukဟာ Taeyang တို့ စတွဲတဲ့ အချိန်ကတည်းက ဂုဏ်ပြုစကားပြောခဲ့တဲ့သူတစ်ယောက်ပါ။“ဒီမိန်းကလေးဟာ Taeyang ရဲ့ ပထမဆုံးချစ်သူလည်းဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့် သူတို့နှစ်ယောက်လုံးအတွက် YG မိသားစုကဂုဏ်ယူဝမ်းသာမိပါတယ်”လို့ပြောကြားခဲ့ပါတယ်။
“သူတို့စုံတွဲဟာ နောက်နှစ်ဖေဖော်ဝါရီလမှာလက်ထပ်ကြမှာဖြစ်ပြီး Taeyang စစ်မှုထမ်းမသွားခင် လက်ထပ်ပွဲကျင်းပမှာဖြစ်တယ်”လို့လည်း YG အင်တာတိန်းမန့်ကပြောပြခဲ့ပါတယ်။Taeyang က လက်ထပ်ပြီးမှ စစ်မှုထမ်းဆောင်ဖို့သွားမှာဖြစ်ပါတယ်။
“မင်္ဂလာပွဲအတွက် ပြီးခဲ့တဲ့လကစပြီးပြင်ဆင်နေကြတယ်လို့သိရပြီး ကြီးကျယ်ခမ်းနားမှုတွေနဲ့ မဟုတ်ပဲသာမန်မင်္ဂလာပွဲလေးလိုမျိုးဖြစ်လိမ့်မယ်”လို့ရင်းနှီးသူတစ်ယောက်ကနေ ပြောပြခဲ့ပါတယ်။
သူတို့စုံတွဲဟာ မကြာခဏဆိုသလို တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ စုံတွဲတွေဖြစ်ကြောင်းကိုလည်းပြသခဲ့ပါတယ်။Taeyang ဟာ သူမနဲ့ပတ်သက်ပြီး သီချင်းရေးထားသလို Hyo rinကလည်း Taeyang ဟာ သူ့ရဲ့အချစ်တွေနဲ့သူမအတွက် ခွန်အားပေးခဲ့တယ်လို့ပြောလေ့ရှိပါတယ်။
Source:Sports Seoul,Osen,Koreaboo