လာမယ့် ၂ဝ၁၈အတွက် ပြင်ဆင်ထားတဲ့ခရီးစာရင်းမှာ စင်ကာပူကိုဘာကြောင့်ရွေးချယ်သင့်လဲဆိုတော့….
စင်ကာပူမှာ လည်ပတ်လို့ကောင်းတဲ့နေရာတွေ သိပ်များတယ်။ Marina Bay Sands ဆိုတဲ့ စင်ကာပူက ထိပ်တန်းဟော်တယ်ကြီးအကြောင်းကိုလည်းကြားဖူးမှာပေါ့။
အဆောက်အုံသုံးခုရဲ့ အပေါ်ဆုံးမှာသင်္ဘောပုံစံ ခေါင်းမိုးကြီးလုပ်ထားပြီး ရေကူးကန်လည်းရှိပါတယ်။
Hostel လေးတွေမှာလည်း တည်းခိုလို့ရနိုင်ပြီး အတွင်းပိုင်းက အာကာသယာဉ်လို့ ပုံစံမျိုးလေးနဲ့ ပြင်ဆင်ပေးထားတော့ အိပ်ချင်စရာလေးပေါ့။
Resort World Sentosa ရဲ့ရေအောက်ကမ္ဘာ ဟော်တယ်အခန်းလေးတွေကနေ ငါးမျိုးစိတ်ပေါင်း ၄သောင်းကို ကြည့်ရှုနိုင်ပါတယ်။ စင်ကာပူမှာအခြား အသက်ရှုမှားလောက်စရာကောင်းတဲ့နေရာတွေရှိပါသေးတယ်။ ကမ္ဘာ့အကြီးဆုံး သက်ဝင်လှုပ်ရှားနေတဲ့ ပန်းပုရုပ်လေးတွေရှိတယ်။
စင်ကာပူ Changi လေဆိပ်မှာဆို ငြိမ်သက်စွာဆင်းသက်လာတဲ့ ရေစက်ပုံစံ အလူမီနီယမ် ၆ဝ၈လုံးကို ရောက်ဖူးတဲ့သူတိုင်းတွေ့ကြပါလိမ့်မယ်။
ကမ္ဘာ့အရှည်ဆုံး ရေတံခွန်ကို အမိုးအောက်မှာဖန်တီးထားတာကိုလည်းမြင်တွေ့ရမှာပါ။ အရသာရှိတဲ့ အစားစာတွေလည်း ပေါများတယ်။ Hamburg Steak Keisuke ဆိုတဲ့ စားသောက်ဆိုင်က ချိစ်အပြည့်နဲ့ အမဲသားဘာဂါကလည်း အလွန်လူကြိုက်များတယ်။
ထိုအစာသွပ်မုန့်ကို ချိစ်သုံးမျိုးနဲ့ စပ်လုပ်ထားတာဖြစ်ပါတယ်။ အိန္ဒိယအစားစာကြိုက်နှစ်သက်သူတွေအတွက်လည်း စင်ကာပူမှာဝယ်ယူစားသောက်လို့ရတယ်နော်။
Selfie Coffee Singapore ဆိုင်မှာလည်း Latte လေးတစ်ခွက်နဲ့ ဆယ်လ်ဖီဆွဲလို့ရသေးတယ်။ ကိုယ့်သောက်မယ့် ကော်ဖီခွက်အပေါ်မှာ ကရင်မ်တစ်မျိုးနဲ့ ကိုယ့်ရဲ့ဓာတ်ပုံကို ဆွဲပေးထားတာဖြစ်ပါတယ်။ ပျော်စရာကြီးနော် ! ခုပဲ ဘိုကင်ချိတ်ထားလိုက်တော့.. 🙂